skip to main |
skip to sidebar
တန်ဖိုးနည်းဖုန်းသတင်း
စာဖတ်သူ များအားလုံးမင်္ဂလာပါ ။ ဒါကတော့ ကျွန်တော် အွန်လိုင်းပေါ်မှာ လျှောက်ကလိနေရင်းနဲ့ Facebook ထဲကနေ သိရတဲ့ သတင်းတစ်ခုပါ။ ယုံကြည်ခြင်း ၊ မယုံကြည်ခြင်း သည် မိမိနှင့်သာ သက်ဆိုင်ကြောင်း အသိပေးအပ်ပါသည်။ ဟဲဟဲ တော်ကြာ လာတိုင်ပတ်နေမယ်။ ကျွန်တော်သိလို့ ပြန်ကူးထားတာကတော့
တန်ဖိုးနည်းဖုန်းသတင်း
---------------------------------
ဆင်းကဒ် တခုကို တထောင့်ငါးရာနဲ့ တန်ဖိုးနည်းဖုန်းတွေ ဧပြီ ၂၄ မှ
စရောင်းတော့မှာ ဖြစ်ကြောင်း မြန်မာ့အသံ သတင်းမှာ ကြေညာ သွားပါတယ်။
ဒီထောင့်ငါးရာထဲမှာ ဖုန်းခေါ်ဖို့ ကျပ်သုံးရာလဲ ပါကြောင်း၊ ငွေထပ်ဖြည့်ဖို့
ကဒ် တကဒ်ကို ငါးထောင်၊ တလကို အနည်းဆုံး ၂ထောင့်ငါးရာ သုံးရမှာ ဖြစ်ကြောင်း၊
ဝယ်ပြီး ၁၅ ရက်အတွင်း ပိုက်ဆံထပ်မဖြည့်ရင် ဖျက်သိမ်းမှာ ဖြစ်ကြောင်း
သတင်းမှာ ပါရှိပါတယ်။
---------------------------------------------
Update News
-CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည်။
-နောက်လများတွင် GSM 2.5 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးမည်။
-ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန်
ကြိုတင်ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀
အသုံးပြုရမည်။
-ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ရက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည်။
-မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။
-ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်
အထက်ဖော်ပြပါ ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်သည် မြန်မာ့ ရုပ်မြင်
သံကြားမှ ဖော်ပြသောအချက်အလက်များနှင့် အတူပင်ဖြစ်ပါကြောင်း ယခု
သတင်းသည် သတင်းအမှန်ပင်ဖြစ်ပါကြောင်း မိတ်ဆွေများ ၀မ်းမြောက်စေ
ရန်တင်ပြအပ်ပါသည်
Credit - ဧရာဝတီသတင်းဌာန, >DVB TV News, အေးချမ်းမွန်