Labels

Sunday, August 5, 2012

မြန်မာနိုင်ငံတွင် အွန်လိုင်းငွေပေးချေနိုင်သော Website

စမ်းသပ်ကာလ လွှင့်တင်ထားသော Online ငွေပေးချေမှုစနစ် MyanPay အား သြဂုတ်လ (၂၀) ရက်နေ့တွင် စတင်မည် ဖြစ်သောကြောင့် လိုအပ်သော အဆင့်မြင့်တင်မှုများအား ပြုလုပ်ရန် ရှိပါသဖြင့် ယခုလက်ရှိ Beta version ဝန်ဆောင်မှုများအား ခေတ္တဆိုင်းငံထားပါသည်။
၁။ ပထမအဆင့်အနေဖြင့် ယခုလက်ရှိ စမ်းသပ်သုံးစွဲနေကြသော MyanPay အသုံးပြုသူများ နှင့် Developer များအတွက် Virtual Money များဖြင့် ဆက်လက် လေ့လာစမ်းသပ်သုံးစွဲနိုင်စေရန် သြဂုတ်လ (၁) ရက်နေ့မှ စတင်၍ https://www.myanpay-virtualbox.com အား လွှင့်တင်ထားပါသည်။
၂။ ဒုတိယအဆင့်အနေဖြင့် MyanPay VirtualBox လွှင့်တင်အပြီး သြဂုတ်လ (၁) ရက်နေ့မှ စတင်၍ https://www.myanpay.com.mm ကို ခေတ္တရပ်ဆိုင်းထားပါမည်။ ထိုရက်ပိုင်းအတွင် MyanPay Server အား လိုအပ်သော အဆင့်မြင့်တင်မှုများ ပြုလုပ်ရန် ရှိပါသဖြင့် စမ်းသပ်အသုံးပြုလိုသူများအနေဖြင့့် https://www.myanpay-virtualbox.com တွင် သွားရောက်အသုံးပြုနိုင်ပါသည်။
၃။ တတိယအဆင့်အနေဖြင့် သြဂုတ်လ (၂၀) ရက်နေ့မှ စတင်၍ MyanPay Online Payment System အား စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ သြဂုတ်လ (၂၀) ရက်နေ့ နောက်ပိုင်းမှစ၍ MyanPay အား အသုံးပြုသူများသည် MyanPay မှ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း Online မှ တဆင့် ငွေဖြည့်သွင်းခြင်း (Add Funds)၊ ငွေပေးပို့ခြင်း (Send Money)၊ ငွေလက်ခံခြင်း (Receive Money)၊ ငွေတောင်းခံခြင်း (Request Money)၊ ငွေထုတ်ယူခြင်း (Cash Withdraw) စသည့် ငွေပေးချေမှု လုပ်ငန်းစဉ်များအား ပြုလုပ်ရမည် ဖြစ်ပါသည်။ Online Shopping Website များ၊ Online Business များ စသည့် Online Payment ပြုလုပ်လိုသော Website များအနေဖြင့် MyanPay စနစ်၏ 'Buy Now' button, 'Pay Now' button, 'Donate' button, 'Add to Carts' button, 'Express Checkout' button များအား လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။
MyanPay ဝန်ဆောင်မှုအနေဖြင့် လူကြီးမင်းတို့အတွက် လိုအပ်သော နည်းပညာနှင့် အခြား အကူအညီများအား ဆောင်ရွက်ပေးရန် အသင့် ရှိနေပါသည်။
You may still contact our support team at support@myanpay.com.mm, Phone : 01-510554


https://www.myanpay.com.mm/ မှတဆင့်ပြန်လည်ကူးယူဖော်ပြသည်။