Labels

Tuesday, November 15, 2011

CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက်နည်း (Haewei C 5900 ဖုန်းဖြင့်)


စာဖတ်သူ သူငယ်ချင်း များ အားလုံးမင်္ဂလာပါ ခင်ဗျာ
ကျွှန်တော် အခု ဆွေးနွေးမယ့် အကြောင်းအရာလေးက တော့ CDMA 800MHz ဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုပုံလေးပဲ ဖြစ်ပါတယ်။
အခု ကျွှန်တော်တို့အရင်ဆုံး CDMA 800MHz ဖုန်း ကို အင်တာနက်ချိတ်မယ် ဆိုရင် လိုအပ်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။
ပထမဆုံး CDMA 800MHz ကို အသုံးပြုရမယ့် ဖုန်း အမျိုးအစား ဟာ Haewei ဖုန်း အမျိုးအစား ဖြစ်မှသာလျှင် ချိတ်ဆက်လို့ အဆင်ပြေမှာဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ရန်ကုန်မြို့ မှာ ကျွှန်တော် သိသလောက်တော့ပေါ့နော်... Haewei ဖုန်းနဲ့ သာ ချိတ်ဆက်လို့ ရတယ် လို့ ကြားရပါတယ် ။
အဲ့ဒီတော့ ကာ Haewei ဖုန်းအမျိုးအစား သုံးမယ် ဆိုရင် အမျိုးအစားတွေက တော့ အမျိုးမျိုး ရှိသည့် အထဲမှ
အသုံးပြုတွေ အတွက် အသုံးလိုမယ် ထင်တဲ့ Haewei C5900 ဖုန်း အကြောင်း တင်ပြလိုပါတယ်။

Haewei 5900 ဖုန်း အကြောင်း


CDMA 5900 အား Internet ချိတ်ဆက်ခြင်း

Driver ရှာဖွေခြင်း

၁။ ပထမဦးစွာ CDMA 5900 Handset ကို မိမိကွန်ပြူတာတွင် ဖုန်းအားသွင်းကြိုး ကို အသုံးပြုပြီး ချိတ်ဆက်ပါ။

၂။ ပြီးနောက် ဖုန်းဆိုင်မှ ပေးလိုက်သော Driver ခွေအား CD-ROM ထဲသို့ ထည့်သွင်းပါ။

၃။CD-ROM ထဲတွင် Device Driver ဆိုသည့် Folder ကို ဖွင့်ပြီး အထဲ Application ကို Install လုပ်ပါ။

၎။ ထိုသို့လုပ်ပြီးပါက My Computer ကို Right-click နှိပ်ပြီး Manage ကို ခေါ်ပါ။

၅။ Computer Management ထဲသို့ ရောက်လာပါက Device Manager ကို ထပ်မံဝင်ရောက်ပါ။

၆။Device Manager ထဲတွင် Data transfer ဟူသောနာမည်ဖြင့် ၃ခု (သို့) ၄ခု လောက် Device 
   မသိသည့်ပုံဖြစ်နေလိမ့်မည်။

၇။ထိုအခါ Update Driver လုပ်ပြီး Install the Software automatically (Recommended) ဆိုသည့်စာသားကို
   ကလစ်ပေးပြီး ရှာပါ။ Driver သိလာပါလိမ့်မည်။

CDMA 5900 နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။

၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။

၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection  
   ကို နှိပ်ပါ။

၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။

၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a 
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် #777 ကို ရိုက်ထည့်ပါ။

၆။ထို့နောက် Username နေရာတွင် -------@
c800.mm ဟုရိုက်ထည့်ပါ။
   ---------- နေရာတွင် မိမိ နှစ်သက်ရာ နာမည်ကို ရေးသားပါ။

၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။

၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။ 

 








မှတ်ချက်။ ။ အခုဖော်ပြထားသော နှစ်မျိုးကို ဒေါင်းပြီးမှ သာ အပေါ်မှ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ကြပါရန် အသိပေး အပ်ပါသည်။

Device Driver အတွက် ဒေါင်းရန်။ 
PC Suite အတွက် ဒေါင်းရန်။










အဆင်မပြေသည်များရှိပါက
djaung.ygn@gmail.com နှင့် aungthuaye.info@gmail.com များထံသို့ပြန်လည် ပြောကြားနိုင်ပါသည်။

G-Mail ကို တစ်ခု ထက် ပိုသုံးချင်တဲ့အခါ


သူငယ်ချင်းများအားလုံးမင်္ဂလာပါ။
အခု ကျွှန်တော် ရှင်းပြချင်တာက တော့ ကျွှန်တော်တို့ G-mail သုံးတဲ့အခါ အကောင့် တခု မက ပိုပြီး သုံးချင်သည့် သူများအတွက်ကို
သတင်းကောင်းလေး တခု ပြောပြချင်လို့ပါ ခင်ဗျာ။

ကဲ ပထမဆုံး မိမိရဲ့  G-Mail ကို အရင် ၀င်ရပါမယ် ။
ပြီးတာနဲ့ ပုံမှာ ပြထားတဲ့ အတိုင်းပဲ Multiple sign-in Off ဘေးက Edit ကို နှိပ်ပြီး ၀င်ရပါမယ်။
ကဲ အခု Edit ကို နှိပ်လိုက် ပါ ။

ဟုတ်ပြီနော်။
သူငယ်ချင်းတွေလဲ မြင်မှာပါ။ On ဆိုတဲ့ Check box ကို နှိပ်လိုက်တယ် ။ ပြီးတော့ အောက်က သုံးခု ကို အမှန်လေးတွေ အကုန်ခြစ် ပေးရတယ် ။(မှတ်ချက်။    ။အကုန်ခြစ်ပေးရမှာနော်.. မလုပ်ပေးရင် Save Botton ပျောက်နေလိမ့်မယ်။ )
အကုန်လုံးပြီးရင်တော့ အောက်က Save ကို နှိပ်လိုက်ပါ။
အားလုံးအိုကေသွားလိမ့်မယ်။
ကဲကဲ
အားလုံးလဲ ရှင်းပြပြီး ပြီ ဆိုတော့ အခု စာဖတ်တဲ့ ပရိသတ်လဲ မောနေမှာပေါ့နော် ဒီတော့ အမောပြေအောင် ကျွှန်တော် တက်နိုင်သလောက် ရေ တိုက်မယ်။
ဟဲဟဲ   အားလုံး Peace :)





Access Kit ဖြင့် Internet ချိတ်ဆက်အသုံးပြုပုံ

Modem Card အား ပထမဦးစွာတပ်ဆင်ခြင်း
၁။ ပထမဆုံး မိမိ၏စက်တွင် Modem Card ရှိ၊မရှိ စစ်ဆေးပါ ။ မရှိပါက Modem Card ကို ပထမဦးစွာ ၀ယ်ယူတပ်ဆင်ရမှာဖြစ်ပါတယ် ။ အောက်ဖော်ပြပုံအတိုင်း ကြည့်ရူတပ်ဆင်ပါ။ (တပ်ဆင်တတ်သူများ အတွက်မဟုတ်ပါ။ )
၂။ ထိုသို့ Modem Card စိုက်ပြီးပါက စက် အဖုံးပြန်ပိတ်ပြီး အသစ်တပ်ဆင်ထားသော Modem Card မှပါလာသော Driver ခွေဖြင့် Modem Card သိအောင် အရင် လုပ်ပါ။

Network Settings ချိတ်ဆက်ခြင်း(Window XP တွင်)
၁။ပထမဦးစွာ Start>Run သို့ သွားပြီး ncpa.cpl ဆိုသည့် Command ကို ရိုက်ထည့်ပါ။

၂။ ထိုအခါ Connection အသစ်တခုပြုလုပ်ရန် ဘေးဘက်ရှိ box မှ New Connection ဆိုသော Tab ကို နှိပ်ပါ။

၃။ထို့နောက် Internet Connection Wizard တွင် Connect using a dial-up connection ဆိုသော Tab ကို နှိပ်ပါ။

Hardware နှင့်ပက်သက်သော အတိုကောက်များ (၁)

Motherboard ပိုင်းနှင့် ပက်သက်သော အတိုကောက်များ
ALU=Arithemetic Logic Unit
ATX=Advanced Technology Extended
ATA=Advanced Technology Attachment  

Video ပိုင်းနှင့် ပက်သက်သော အတိုကောက်များ
AGP=Accelerated Graphic Port
MGA=Monochrome Graphics Array
CGA=Color Graphics Array
VGA=Video Graphics Array
SVGA=Super Video Graphics Array
UVGA=Ultra Video Graphics Array   
XGA=Extended Graphics Array
HGC=Hercules Graphics Card
EGA=Enhanced Graphics Adapter
HDMI=High Definition Multimedia Interface
DVI=Digital Video-out Interface
LCD=Liquid Crystal Delay
CRT=Cathode Ray Tube
EDO=Extended Data Out