Labels

Sunday, June 20, 2010

G-Talk Box တစ်ခုမက သုံးချင်သောအခါ














၁။ပထမဦးစွာG-Talk ကို Right-Click >> Properties သို့ သွားပါ။




















၂။ ထို့နောက်တွင် "C:\Program Files\Google\Google Talk\googletalk.exe" ဟူ၍Default ဖြစ်နေသည်ကို "C:\Program Files\Google\Google Talk\googletalk.exe" /nomutex ဟူ၍ /nomutex ကိုထည့်ပေးခြင်းဖြင့် G-Talk Box ကို တစ်ခုမကသုံးနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။


မသိသေးသောသူများအတွက်ကိုရည်ညွှန်းပါသည်။

ခင်မင်စွာဖြင့်
အိုင်တီညီငယ်

Monday, June 14, 2010





Fast Translator your any web pages

ကျနော်တို့ နေ့စဉ်သုံးနေတဲ့ ဖတ်နေတဲ့ Online က web page တွေကို အလွယ်တကူ ဘာသာပြန်ပေးဖို့


Im Translator ဆိုတဲ့ mozzila add on လေးရှိပါတယ်..ဘယ်လိုအသုံးဝင်လဲဆိုရင် သူ့ကို ကိုယ့် မော်ဇီလာမှာ


Add ထားလိုက်ရင် ဘယ် ဘာသာစကား ဘယ်နိုင်ငံက ရေးထား တခါထဲ ချက်ချင်းဘာသာပြန်ပြီး ဖတ်လို့ရ


တယ်..အသံပါနားထောင်ချင်တယ်ဆိုရင်တောင် အသံထွက်ကိုသေချာဖတ်ပြပါတယ်..အလွယ်တကူဘာသာ


ပြန်နိုင်တဲ့ နိုင်ငံတွေကတော့


Albanian, Arabic, Bulgarian, Catalan, Chinese (Simp.), Chinese (trad.), Croatian, Czech, Danish, Dutch, English, Estonian, Filipino, Finnish, French, Galician, German, Greek, Hebrew, Hindi, Hungarian, Indonesian, Italian,
Japanese, Korean, Latvian, Lithuanian, Maltese, Norwegian, Polish, Portuguese,
Romanian, Russian, Serbian, Slovak, Slovenian, Spanish, Swedish, Thai, Turkish,
Ukrainian, Vietnamese languages and their combinations တို့အေးဆေးပြန်ဆိုနိုင်ပါတယ်


အသံထွက်ပါ ပြန်ဆိုနိုင်တဲ့နိုင်ငံတွေကတော့


languages: English U.S., Chinese, French, German, Italian, Japanese, Korean, Brazilian Portuguese, Russian and European Spanish.


ကီးဘုတ်နဲ့ ကိုယ့်စိတ်ကြိုက် ပြန်ဆိုနိုင်တဲ့နိုင်ငံတွေက


Virtual Keyboard supports multilingual text input in Arabic, Bulgarian, Czech, Danish, Dutch, Estonian, Farsi, Finish, French, German, Greek, Hebrew, Hindi, Hungarian, Icelandic, Irish, Italian, Latvian,
Lithuanian, Norwegian, Portuguese, Polish, Romanian, Russian, Slovak,
Slovenian, Spanish, Swedish, Turkish, Ukrainian, and Urdu languages.


သုံးချင်တဲ့ သူငယ်ချင်းများ ဒီအောက်မှာယူလိုက်ပါ


mozzila add on


မူရင်းလိပ်စာ



အားလုံးပဲအဆင်ပြေကျပါစေဗျာ..


ကိုနိုင်လင်း






Saturday, June 12, 2010

မိမိရဲ့ဘလော့Post က Read More ကိုပုံနဲ့အစားထိုးနည်း





kp3နည်းပညာ၊၁၅၁၊မိမိရဲ့ဘလော့Post က Read More ကိုပုံနဲ့အစားထိုးနည်း
မိမိရဲ့ဘလော့ Post မှာ Read More Funtion အသုံးပြုကြတဲ့ဘလော့မိတ်ဆွေများအတွက် Button ပုံ
လေးနဲ့အစားထိုးနည်းလေးပါ၊အောက်မှာပုံနဲ့တကွ Code ထည့်နည်းလေးပြထားပါတယ်၊ဘလော့ဂါမိတ်
ဆွေအားလုံးကိုလည်းချစ်ခင်လေးစားလျှက် kp3-မိသားစု


၁။Layout

၂။Edit HTML

၃။Expand Widgets Templateကိုအမှန်ခြစ်ပေးပါ။(CTRL + F)ဖြင့်ရှာပါ၊၊

ဒီ Read More ကိုရှာပါ၊တွေ့ရင်အောက်က Code လေးနဲ့အစားထိုးပေးလိုက်ပါ။

<img src='ဤနေရာမှာပုံလင့်ခ်ကိုထည့်ပါ'/>


မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု

Monday, June 7, 2010

G-Mail အတုရှောင်နိုင်စေရန်

ဘာကြောင့်လဲဆိုတော့
အဲဒီ SITE က GMAIL WEB SITE အတုပါပဲ ...
ပူးတွဲပါ ပုံ FAKEGMAIL.JPG ကိုကြည့်ပါ။








ကွာခြားချက်ကတော့ ....

၁ - GMAIL အတု SITE ရဲ့ လိပ်စာက
http://tdbear.freehostia.com.freehostia.com/ ဖြစ်ပြီး GMAIL အစစ် WEB
SITE နဲ့
ဆင်တူရိုးမှားဖြစ်အောင် လုပ်ထားပါတယ် ...
တကဲ့ GMAIL SITE အစစ်ရဲ့ လိပ်စာဟာ HTTPS://WWW.GOOGLE.COM ဒါမှမဟုတ်
HTTPS://MAIL.GOOGLE.COM နဲ့ စ ရမှာဖြစ်ပါတယ်။

၂ - GMAIL အတု SITE မှာ FREE SPACE ဟာ 3.2 GB ကျော်ကနေ စတင်ရည်တွက်နေပြီး
တကဲ့အစစ် GMAIL SITE မှာကတော့ 7.4 GB ကျော်နေပါပြီ ....
ဒါကြောင့် မတော်တဆ အဲဒီ SITE ထဲရောက်သွားခဲ့ရင် ဘာမှ မရိုက်ပဲ အဲဒီ PAGE
ကို ပိတ်ချလိုက်ပါ။


ကျွန်တော့် အထင်ကတော့ မသမာသူတွေဟာ သူများတွေရဲ့ GAMIL ACCOUNT တွေကို
ခိုးဖို့ အစီအစဉ်နဲ့ အခုလို စနစ်တကျ လုပ်ထားခြင်းပါ။


တကယ်လို့များ အဲဒီ SITE ကနေ GMAIL ထဲ ၀င်သွားခဲ့သူများရှိပါလျှင် ကိုယ့်ရဲ့
PASSWORD ကို တကဲ့ GAMIL လိပ်စာ အစစ်အမှန် ဖြစ်တဲ့
HTTPS://MAIL.GOOGLE.COM မှဝင်ပြီး အမြန် ပြောင်းကြပါ။


အဲဒီမှာ မေးစရာ ရှိနေပါလိမ့်မယ် ...
အဲဒီ GMAIL အတု SITE ကနေ ၀င်လဲ ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပဲလို့
....


ဟုတ်ပါတယ် ....
ကိုယ်လဲ ဖတ်နိုင်ပါတယ် ...
ကိုယ့် PASSWORD ရသွားတဲ့ သူတို့လဲ ဖတ်နိုင်ပါတယ် ...
ဘာကြောင့်လဲဆိုတော့ ...
အဲဒီ GMAIL အတု SITE က ရိုက်သွင်းလိုက်တဲ့ USERNAME နဲ့ PASSWORD ကို
မှတ်သားထားလိုက်ပြီး
တကဲ့ GMAIL SITE အစစ်စီ FORWARD ဒါမှမဟုတ် DIVERT လုပ်အောင် PROGRAM
သွင်းထားတာပါ။

ဒါကြောင့် ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပါ။ ကိုယ်ဖတ်နေတဲ့ အချိန်မှာ
သူတို့က ကိုယ့်ရဲ့ USERNAME နဲ့ PASSWORD ကိုရသွားပါပြီ။
နောက်ဆုံး ကိုယ့် PASSWORD ရသွားတဲ့ သူက PASSWORD အသစ်ပြောင်းလိုက်ရင်
ကိုယ့် ACCOUNT ပါ ဆုံးသွားမှာဖြစ်ပါတယ်။





















တကဲ့ အစစ် GMAIL WEB SITE က ပူးတွဲပါပုံ REALGMAIL.JPG ပါ။။--


COMPUTER လောကမှာတော့ PHISHING (ဖစ်ရှင်း ) လို့ခေါ်ပါတယ် ...
ငါးမျှားတဲ့ FISHING အသံထွက်အတိုင်းပါပဲ ...
အဓ္ဓိပယ် လဲ ဆင်တူပါပဲ ။
ငါးတွေကို ငါးမျှားချိတ်မှာ အစာတတ်ပြီးဖမ်းသလို အခုဟာက USERNAME နဲ့
PASSWORD တွေကို SITE ဆင်တူရိုးမှား ဘန်းပြပြီး ခိုးတာပါ။




ဘယ်လိုကာကွယ်မလဲ
MAIL တွေမှာ ပါလာတဲ့ လင့်တိုင်းကို မနှိပ်ပါနဲ့။
နှိပ်ခဲ့လို့ရှိရင်လဲ ကိုယ့်ကို ခေါ်ဆောင်သွားတဲ့ WEB SITE ရဲ့ ADDRESS က
ဟုတ် မဟုတ် ၊ မှန် မမှန် စစ်ဆေးပါ။
အခုလို USERNAME PASSWORD တွေ ရိုက်ရမဲ့နေရာတွေမှာ ပိုသတိထားပါ။
အကောင်းဆုံးကတော့ ADDRESS BAR မှာ ကိုယ်တိုင်ရိုက်ထဲ့တာ အကောင်းဆုံးပါပဲ။
PASSWORD ကိုလဲ မကြာခဏပြောင်းပေးပါ...။

ထိုနေရာမှ တဆင့်ကူးယူ ဖော်ပြထားပါသည်။

Google မှ feature အသစ်တစ်ခု

ယနေ့(၆.၆.၂၀၁၀)တွင် Google မှ feature အသစ်တစ်ခုကို သုံးစွဲသူများထံ ချပြခဲ့ပြန်ပါပြီ Google Home page အား နောက်ခံအဖြူရောင်ကြီးအဖြစ်သာ အသုံးပြုခဲ့ရသော အသုံးပြုသူများအား ယခုအခါမိမိစိတ်ကြိုက် နောက်ခံပုံများ ဝေေ၀ဆာဆာဖြင့်အသုံးပြုနိုင်ရန် Google မှ ထိုသို့သော feature အသစ်တစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်ကအသုံးပြုခဲ့ရသော Google Home page

အသုံးပြုရန်မှာလဲ အလွန်လွယ်ကူလှပြီး မိမိစိတ်ကြိုက်ပုံများကို Google Home page မှာလှလှပပ တွေ့မြင်ရတော့မည် ထိုကဲ့သို့ပြုလုပ်နိုင်ရန် အတွက် အောက်ပါနည်းများအတိုင်း လွယ်ကူစွာပြုလုပ်နိုင်ပြီ


၁) ပထမဦးစွာ မိမိ Gmail အား Sign In ၀င်ရောက်လိုက်ပါ



၂) Sign In ၀င်ရောက်ပြီးသည်နှင့် Google Home page သို့သွားရောက်ကာ Change background image ဟူသော ဘယ်ဘက်ထောင့်ရှိစာတန်းလေးကို တွေ့မြင်နိုင်ပါမည် ကလစ်တစ်ချက်နှိပ်ကာ ၀င်ရောက်လိုက်ပါ



၃) ၀င်ရောက်လိုက်သည်နှင့် အောက်ပါအတိုင်း ဘောက်လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ် ပေါ်လာတဲ့ Box လေးပေါ်မှာ မိမိစိတ်ကြိုက်ပုံများကို ရွေးချယ်နိုင်ပါတယ် ရွေးချယ်ဖို့ကလဲ လှပသောပုံများစွာ အဆင်သင့်ရှိယုံ သာမက မိမိကွန်ပြူတာအတွင်းရှိသော မိမိနှစ်သက်ရာပုံများကိုလည်း ရွေးချယ်နိုင်ပါတယ် ပထမဦးစွာ မိမိကွန်ပြူတာမှ မိမိစိတ်ကြိုက်တင်နိုင်ရန် From my computer ကိုကလစ်နှိပ်ပြီး Browse မှတစ်ဆင့် မိမိကွန်ပြူတာထဲရှိ ဖိုင်များကို မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ် မိမိစိတ်ကြိုက်ရွေးချယ်ပြီးပါက အောက်ပါပုံမှ မျှားပြထားသော Upload ကိုကလစ်နှိပ်ကာတင်နိုင်ပါတယ်။



၎)နောက်တစ်ခုကတော့ သင်သည် ဘလောခ့်ကာတစ်ယောက်ဖြစ်နေပါသလား သင့်ဘလောခ့်အတွင်းရှိ ပုံများကို သင့်စိတ်ကြိုက် Google Home page တွင်တင်နိုင်ပါသေးတယ် အဲ့လိုတင်ဖို့ My Picasa web photos ဟူသော စာတန်းလေးကိုကလစ်လိုက်ပါ အဲ့ဒီ့နောက်မှာ မိမိဆိုဒ်ထဲမှာရှိတယ် ပုံတွေ ကျလာမှဖြစ်ပါတယ် စိတ်ကြိုက်ရွေး ချယ်ပြီး Select ကိုကလစ်ကာ Google Home page ပေါ်တင်နိုင်ပါတယ်



၅)နောက်တစ်ခုအနေနဲ့ Public gallery မှပုံများစွာကို ရရှိနိုင်ပါသေးတယ် ပုံများကို Google Search မှရှာနိုင်သလို အရန်သင့်အသုံးပြုရန်ပေးထားသော ပုံများစွာကိုလဲတွေ့ရမှာဖြစ်ပါတယ် ထိုသို့တွေ့ရှိနိုင်ရန် Public gallery ဟူသောစာတန်းကိုကလစ်တစ်ချက်နိုပ်လိုက်ပါက အရန်သင့်ပုံများပေါ်လာမှာပါ



ထိုပုံများမဟုတ်ပဲ တခြားမိမိစိတ်ကြိုက် Google မှရှာဖွေချင် ပါက Search တွင်မိမိရှာချင်သော ပုံများကို ရိုက်ထည့်ကာ Google မှစိတ်ကြိုက် ရှာဖွေနိုင်ပါသေးတယ် ရှာဖွေပြီးပါက ပုံကိုရွေးချယ်ပြီး Select ကိုကလစ် လိုက်ပါက Google home page တွင် မိမိစိတ်ကြိုက်နောက်ခံပုံလှလှလေးရမှာဖြစ်ပါတယ်



၆)နောက်တစ်ခုကတော့ Google ကအရည်အသွေးကောင်းမွန်သော အဆင့်သင့်အသုံးပြုနိုင်ရန် ပုံများစွာကို စုပေးထားတာပါ Editor's picks လေးပါ Google ကလက်ရွေးစင် ပုံလေးတွေလို့လဲပြောလို့ရပါတယ် ဒါတွေကို ယူသုံးချင်တယ်ဆိုရင်တော့ Editor's picks ဆိုတာလေးကိုကလစ်နှိပ်ပြီးရွေးချယ်လိုက်ပါ ရွေးချယ်ပြီး သွားပါက Google ၏လက်ရွေးစင်ပုံများကို မိမိစိတ်ကြိုက်ရွေးချယ်ကာ Select ကိုကလစ် လိုက်ပါက Google home page တွင် Google ၏လက်ရွေးစင် နောက်ခံပုံလှလှလေးရမှာဖြစ်ပါတယ်။



အဆင့်တိုင်းအဆင့်တိုင်းမှာ မိမိစိတ်ကြိုက်ပုံများရွေးချယ်ပြီး Select ခလုပ်လေးအား ကလစ်လိုက်ပါက Image Loading တက်လာမည်ဖြစ်ပါတယ် စက္ကန့်အနည်းငယ်မျှစောင့်ဆိုင်းလိုက်ပါ



ထိုအဆင့် ပြီးမြောက်ပြီးရင်တော့ Google Home page တွင်နောက်ခံပုံထည့်နည်းကို မိမိကိုယ်တိုင် လွယ်ကူစွာ ပြုလုပ်ပြီးပြီဖြစ်ပါတယ် ထိုအခါမှာတော့ မိမိကိုယ်ပိုင် Google Home page ကို မိမိစိတ်ကြိုက်ပြောင်းထားသော ပုံလေးဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါတယ်


ယခု Google မှ feature အသစ်ဖြင့် Google Home Pageတွင်နောက်ခံပုံထည့်သွင်းထားခြင်း


မိမိတစ်ယောက်တည်းအသုံးပြုသော ကိုယ်ပိုင်ကွန်ပြူတာတွင်ပဲဖြစ်ဖြစ် ရုံးသုံးကွန်ပြူတာများတွင်ပဲဖြစ်ဖြစ် အင်တာနက်ကဖေးများတွင်ပဲဖြစ်ဖြစ် ထိုနည်းလမ်းများအတိုင်း လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ပြီဖြစ်ပါတယ် ဒါလေးကိုဒီနေ့မနက်ကတွေ့လိုက်တာပါ ဒါနဲ့ ဆိုဒ်ကသူငယ်ချင်းများ မသိရမရှိလေအောင် ပုံပေါင်းများစွာ နဲ့ပြုလုပ်ပုံပြုလုပ်နည်းအဆင့်ဆင့်ကို သတင်းတစ်ပုဒ် Update အနေနဲ့ တင်ပေးလိုက်ပါတယ်။

ရှိုင်း

shine@mmitdev.com

Myanmar IT Development

ထိုနေရာမှ တဆင့်ကူးယူဖော်ပြထားပါသည်။




Thursday, June 3, 2010

Solution For MGY.EXE

Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။
mgy.exe တွေ့ရတဲ့နေရာတွေကတော့ C:\ , C:\Windows\ , C:\Windows\system32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။
သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders နဲ့ Hide protecetd operation system files ကိုတော့ ပြင်လို့မရပါဘူး။
သူ့ကိုရှင်းဖို့အတွက် သုံးမယ့်ဆော့ဖ်ဝဲလ်တွေကတော့ Task Killer, CCleaner, iRepairMan ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်တွေနဲ့ Manual သတ်နည်း ကို ဒီမှာ တင်ပေးထားပါတယ်။
ပထမဆုံး CCleaner နဲ့ task killer တွေကို install လုပ်ပါမယ်။
task killer ကို run လိုက်ပါ။ taskbar မှာ အရိုးခေါင်းပုံနဲ့ ပြထားပါလိမ့်မယ်။ အဲဒီပုံကို Right click ပေးပြီး Settings ကို ၀င်လိုက်ပါ။ Process မှာ Show full path ကို check mark ပေးလိုက်ပါ။
task Killer
Comfirmations မှာ No confrimation ကိုရွေးပါမယ်။
အရိုးခေါင်းကို နှိပ်ကြည့်လိုက်ရင် windows မှာ run နေတဲ့ process တွေကို တွေ့ပါလိမ့်မယ်။
4.jpg
အနီနဲ့ ပြထားတာတွေကတော့ Mgy.exe နဲ့ သူ့ရဲ့ အနွယ်အပွားတွေဖြစ်ပါတယ်။
အဲဒီ process တွေကို လိုက် ကလစ်လိုက်ပါ။ List ထဲမှာ မပြတော့တဲ့အထိ (လိုအပ်ရင်) ထပ်ခါထပ်ခါ လိုက်ပိတ်ပါ။
အနီပြထားတဲ့ .exe တွေမရှိတော့ရင် iRepairman.exe ကို Run လိုက်ပါ။
Repair1.jpg
Repair All Settings ကိုနှိပ်ပေးပါ။ Hidden ဖြစ်နေတဲ့ mgy.exe နဲ့ autorun.inf တွေပေါ်လာပါလိမ့်မယ်။ တကယ်လို့မရရင် foldersettings.reg ကို Run ပေးပါ။ ပြီးသွားရင် mgy.exe နဲ့ autorun.inf တွေကို လိုက်ဖျက်လိုက်ပါ။ C:\ , C:\Windows , C:\Windows\System32 နဲ့ အခြားသော Partation တွေမှာပါ လိုက်ဖျက်ပေးပါ။ ပြီးရင် address bar ကတဆင့် C:\WINDOWS\system32\{271287-000021-100287-705016} ကိုသွားပြီး အဲဒီထဲက ဖိုင်တွေ အားလုံးဖျက်ပစ်ပါ။
သတိထားရမှာကတော့ ဒီနေရာမှာ C:\ , D:\ တို့ကို ၀င်တဲ့အခါ double click မသုံးမိဖို့ပါပဲ။ double click အစား Right click ကနေ Explorer ကို သုံးပေးပါ။

နောက်တဆင့် အနေနဲ့ CCleaner ကိုဖွင့်ပါ။ Tools > Startup ကိုသွားပါ။ cc.jpg
အနီနဲ့ ပြထားတဲ့ program တွေကို Disable လုပ်ပေးပါ။ ပြီးရင် Windows ကို Restart လုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် install/uninstall ပိတ်ထားတာကို Group Policy ကနေပြန်ပြောင်းပါမယ်။
Administarator အနေနဲ့ Login ၀င်ပေးပါ။ Control panel ထဲက Administrative Tools ကိုသွားပါ။ Local Security Setting ကိုဖွင့်ပါ။ Software Restriction Policies ကိုရွေးပါ။ အဲဒီပေါ်ကို Right Click နဲ့ Create New Policies ကိုရွေးပေးပါ။
pol1.jpg
Enforcement ကို Double click ပေးပါ။ All users except local administrators ကိုရွေးပေးပါ။ ပြီးရင် Apply လုပ်လိုက်ပါ။ စက်ကို Restart လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။
pol2.jpg
အဆင်ပြေမယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီနည်းနဲ့ စက်အတော်များများ ရှင်းပေးခဲ့ရလို့ပါ။
MysteryZillion.org မှာလည်း mgy.exe ကို သတ်နည်း အရင် ရေးခဲ့ပါသေးတယ်။ ဒီပိုစ့်ကတော့ ပုံတွေနဲ့ သေချာရှင်းပြထားတာပါ။ အဆင်ပြေကြပါစေ။


အသေးစိတ်ကို မြန်မာအိုင်တီMan ၏ ထိုနေရာ တွင်လေ့လာကြည့်ရူနိုင်ပါသည်။

Tuesday, June 1, 2010

မိမိအသုံးပြုပြီးသောအကြောင်းအရာများကိုပြန်လည်စစ်ဆေးခြင်း

ကွန်ပြူတာအား အသုံးပြုပြီး ပါက ကျန်ရှိနေသော အကြောင်းအရာများ ကျန်မနေစေရန် အတွက် မသိသေးသောသူများကို ပြန်လည်မျှဝေ အပ်ပါသည်။

(၁) My Computer တွင် ပြန်လည်စစ်ဆေးခြင်း

၁။ ပထမဦးစွာ My Computer သို့ သွားပါ။





၂။ ထို့နောက် View တွင် Explorer Bar သို့ သွားပါ ။ ထို့နောက် History သို့ ထပ်မံသွား ပါ။













၃။Today ဆိုသောဖိုင်တွင် မိမိ ယနေ့အသုံးပြုပြီးသည်များကို ပြန်လည် ရှင်းလင်းပါ။











(၂) Temp ဖိုင်တွင် ပြန်လည်စစ်ဆေးခြင်း

၁။ Run Box တွင် %temp% ဖြင့်ခေါ်ပြီး မိမိအသုံးပြုခဲ့သော အကြောင်းအရာများကို ပြန်လည် စစ်ဆေးပါ။


















၂။ထို့နောက် အထက်ပါပုံတွင် မိမိအသုံးပြုခဲ့သောဖိုင်များ မလိုအပ်သည်များကို ဖျက်ပစ်ပါ။

(၃)Recent ဖိုင်တွင် ပြန်လည်စစ်ဆေးခြင်း

၁။Run Box တွင် Recent ဖြင့် ခေါ်ပြီး မိမိအသုံးပြုခဲ့သော အကြောင်းအရာများကို ပြန်လည် စစ်ဆေးပါ။
















။ထို့နောက် အထက်ပါပုံတွင် မိမိအသုံးပြုခဲ့သောဖိုင်များ မလိုအပ်သည်များကို ဖျက်ပစ်ပါ။

ခင်မင်စွာဖြင့်

IT ညီငယ်