Labels

Friday, November 19, 2010

MGY Virus နောက်ဆက်တွဲ



ဒါလေးကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ။ အခုမှပဲ ရေးဖြစ်တော့တယ်။ မကွေးဗိုင်းရပ်စ်လို့ လူသိများနေတဲ့ MGY Virus ကို အလွယ်သတ်နည်းလေးပါ။ ဒါပေမဲ့ လုပ်နည်းအသေးစိတ် မပြောတော့ပါဘူး။ တော်ကြာ
Service သမားတွေက မင်းလုပ်လိုက်တာနဲ့ ငါတို့စားပေါက်ပိတ်သွားတယ်ဆိုပြီး
အဆဲခံနေရရမှာမို့။


ကဲ စရအောင်။အရင်ဆုံး MGY Virus ၀င်ရင် ဘယ်လိုလက္ခဏာဝင်လဲဆိုတာကိုတော့
အသိတော့ အသိသာကြီးပါ။ ထုံးစံအတိုင်း Task Manager, Folder Option
ပိတ်သွားတယ်။ Start Menu က Start နေရာမှာ MagwayFC ဆိုပြီး ပြောင်းသွားတယ်။
Start Menu ထဲက My Computer Link တွေ Control Panel Link တွေရဲ့ icon က
မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ txt, bat, com ဖိုင်တွေရဲ့ icon
တွေလည်း မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ ပြီးတော့ Welcome to
Magway FC ဆိုပြီး အနီရောင်နောက်ခံနဲ့ box လေးက Taskbar ရဲ့ ညာဘက်မှာ
အမြဲတမ်း ပေါ်လာပါတယ်။ Folder တွေ တစ်ခုမှ ဖွင့်မရတော့ဘူး။ ဘယ် Software မှ
တင်လို့ မရတော့ဘူး။ နောက်ပြီး Start>All Programs ထဲက Program တွေလည်း
တစ်ခုမှ မရှိတော့ဘူး။ Program တွေကို ဖျက်လိုက်တာမဟုတ်ပါဘူး။ .lnk တွေကို
hidden လုပ်လိုက်တာပါ။
အဲဒီလိုတွေ အရမ်းများတာမို့ ဗိုင်းရပ်စ်သတ်ပြီးရင် Windows ပြန်တင်လိုက်တာက အမြန်ဆုံးနည်းပါ။ တစ်ခု ရှိတာက မကွေးကို မသတ်ပဲနဲ့ Windows ပြန်တင်လည်း ခဏပါပဲ။ မကွေးက
ပြန်ဝင်မှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူက D: တွေ E: တွေထဲမှာပါ
ဝင်ကုန်တာကိုး။ ဒါကြောင့် သတ်ပြီးမှ တင်ပါ။
ဒါပေမဲ့ လိုင်စင် Windows ကြီးဆိုရင်တော့ အောက်မှာ ရေးထားသလို အသေးစိတ်သတ်ပြီး ပြင်ပေးမှ ရပါမယ်။
မဟုတ်ဘဲနဲ့ လိုင်စင် Windows ကြီး ဖျက်ပြီး ခိုးကူး Windows ကြီး
ပြန်တင်ပေးရင်တော့ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် လိုင်စင် Windows ဆိုရင်တော့
ထစ်ခနဲရှိ Windows ပြန်တင်ရတာမျိုးတော့ လုပ်မရတော့ဘူးပေါ့။ မသကာ Recovery
လုပ်တာက အလွန်ဆုံးပဲ။

သတ်နည်းလေး ပြောပါဦးမယ်။ လိုအပ်တာတွေက
(၁) Hiren Boot CD
(၂) CCleaner
(၃) Tuneup Utilites
(၄) RRT, HijackThis
(၅) XYPlorer

မကွေးဝင်တာနဲ့ တပြိုင်နက် ကွန်ပျူတာကို မသုံးပါနဲ့တော့။ ချက်ချင်းပိတ်လိုက်ပါ။ ပြီးရင်
Hiren နဲ့ Boot တက်ပါ။ အဲဒီထဲက Mini Windows XP နဲ့ boot တက်ပါ။ Mini
Windows XP တက်လာရင် C: ထဲက mgy.exe, autorun.inf တွေကို ဖျက်ပစ်လိုက်ပါ။
ပြီးတော့ ရှိပြီးသား Folder တွေနဲ့ နာမည်တူ .exe ဖိုင်တွေ၊ .lnk.exe
ဖိုင်တွေ အကုန်ဖျက်ပါ။ C:Windows ထဲက mgy.exe ကိုလည်း ဖျက်ပါ။ System32 ထဲက
27 နဲ့ စတဲ့ Folder နဲ့ mgy.exe ကိုလည်း ဖျက်ပစ်ပါ။ C: ထဲက System Volume
Information နဲ့ Recycler, Recycled တွေကိုလည်း ဖျက်ပါ။ တခြား D: တွေ E:
တွေထဲက mgy.exe ကို ရှာဖျက်ပါ။ မကွေးက ပွားလိုက်တဲ့ .exe ဖိုင်တွေဟာ 15.6
MB တွေ ချည်းပဲ ဖြစ်ပါတယ်။

မကွေးနဲ့ သူ့အပေါင်းအပါတွေကို ရက်ရက်စက်စက် သတ်ပြီးသွားရင် HDD ထဲက Windows ပြန်တက်လိုက်ပါ။ RRT နဲ့
ပိတ်ထားတာတွေကို ပြန်ဖွင့်မယ်။ HijactThis နဲ့ Autorun တွေ ဖြုတ်မယ်။
Software တွေ တင်မရ အောင် လုပ်ထားတာကို Registry ထဲမှာ DisableMSI key
ရှာပြီး Value ကို 0 ပေးလိုက်ပါ့မယ်။

Icon တွေကို Windows Default အတိုင်း ပြန်ဖြစ်စေဖို့အတွက် Tune up သုံးရင် ရပါတယ်။ မကွေးက shell32.dll
အစား sxell32.dll အစားထိုးလိုက်တာမို့ အဲဒီလို ဖြစ်သွားတာပါ။

နောက်ပြီး မကွေးဖျောက်ထားတဲ့ ဖိုင်တွေက Super Hidden တွေဖို့ Folder Options က Show
Hidden နဲ့ဆို မြင်ရမှာမဟုတ်ပါဘူး။ XYplorer နဲ့တော့ မြင်ရမယ်။ ပြီးရင် XY
နဲ့ attribute တွေဖြုတ်လိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်။ Start Menu ထဲက
ပျောက်နေတာတွေကိုလည်း XY နဲ့ပဲ ပြန်ဖော်လို့ရပါတယ်။

Start Menu မှာ MagwayFC ဖြစ်နေတာကိုတော့ Resource hacker ကို အသုံးပြုပြီး
http://www.theeldergeek.com/change_text_on_xp_start_button.htm မှာ
ရေးထားတဲ့အတိုင်း Start ဆိုပြီး ပြန်ပြောင်းလိုက်ပါ။

ဒါဆိုရင် မကွေးလည်း သေသွားပါပြီ။ Windows လည်း ပြန်ကောင်းသွားပါပြီ။ Windows ကို
ပိုသန့်သွားအောင် Command Prompt ကိုဖွင့်ပြီး sfc /scannow ပေးလိုက်ပါ။

မကွေး virus က .exe တင်မဟုတ်ဘဲ .jpeg , .xlsx ,etc.....အမျိုးမျိုးဖြစ် နိုင်ပါတယ်။သူ့ရဲ့extension ဟာ(something.jpeg.exe , sonething.xlsx.exe) အဲဒီလို.exeနဲဆုံးတာမဟုတ်ပဲ real extension (.jpeg,.xlsx)တွေနဲဆုံးတာဗျ/ virus cleaning လုပ်ပီး ပေမဲ. virus တွယ်ကတ်နေတဲ. .jpeg , .xlsx ,etc....တခုခု ကို run မီတာနဲ virus ကပြန်ပီး active ပြန်ဖြစ် မှာပါ။
ကျွန်တော်ကြုံဘူးတာက
သူ့ရဲ..jpeg , .xlsx ,etc..အားလုံးရဲ့file size က 16033 KB
တွေချည်းပါဘဲ/အဲဒီfile size 16033 KB အားလုံးကို delete လုပ်မှသာ mgy
တကယ်သေပါတယ်။

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 14/11/10

အင်တာနက်စုစည်းမှု သီချင်းခွေတွင်ထည့်သွင်းထားသော ဗိုင်းရပ်စ်အကြောင်း




ခိုးကူးသူခွေက ဖြန့်ချိတဲ့ ခိုးကူးလက်ရွေးစင်ခွေတစ်ခွေဖြစ်တဲ့
အင်တာနက်စုစည်းမှု ဆိုတဲ့ ဒီဗွီဒီသီချင်းခွေမှာ ဗိုင်းရပ်စ်တစ်ကောင်
ပါရှိလာပါတယ်။ အဲဒီ ခိုးကူးသူတွေကနေ သက်သက်မဲ့ထည့်ထားခြင်း ဖြစ်ပါတယ်။
တကယ်တမ်းတော့ ဗိုင်းရပ်စ်မဟုတ်ပါဘူး။ Windows XP တက်လာဖို့အတွက်
လိုအပ်တဲ့ဖိုင်တွေကို ဖျက်ဆီးပစ်တဲ့ Batch ဖိုင်လေးတစ်ဖိုင်
ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဖိုင်ရဲ့နာမည်က pro.bat ပါ။




အဲဒီ Batch file ကို ခွေထည့်လိုက်ရင် Autorun အောင်မို့ Autorun.inf ဖိုင်ပါ ထည့်ထားပါတယ်။ ဒါကြောင့်မို့ Windows XP ကို အသုံးပြုနေပြီး Autorun ကို Disable လုပ်မထားတဲ့ ကွန်ပျူတာများ ခံရမှာပါ။ ခွေကို My
Computer ကနေ DoubleClick နှိပ်ပြီး ဖွင့်ရင်လည်း ခံရမှာပါ။ အဲဒီလို
ကွန်ပျူတာတွေမှာ အဲဒီခွေကို ထည့်လိုက်ရင် ကွန်ပျူတာဟာ Shutdown
ကျသွားပါလိမ့်မယ်။ ပြန်ဖွင့်ရင် Windows တက်လာမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့်မို့ အဲဒီ အင်တာနက်စုစည်းမှုခွေကို ရှောင်နိုင်အောင်မို့
ဒီဆောင်းပါလေးနဲ့ ချစ်လှစွာသောစာဖတ်သူတွေကို အသိပေးလိုက်ရခြင်းဖြစ်ျပါတယ်။

တကယ်လို့ ခံလိုက်ရပြီးပြီဆိုရင် ကိုယ့်ကွန်ပျူတာလေး ပြန်ကောင်းသွားအောင် ပြင်နည်းလေးပါ ဆက်ပြောလိုက်ပါဦးမယ်။

အဲဒီခွေထဲမှာပါတဲ့ Batch file ဟာ C: partition အောက်မှာရှိတဲ့ အောက်ပါဖိုင်တွေကို ဖျက်ပစ်ပါတယ်။
ntdetect.com
boot.ini
msdos.sys
io.sys

နောက် Windows folder ထဲက အောက်ပါဖိုင်တွေကို ဖျက်ပစ်ပါတယ်။
win.ini
win.com
system.ini

ဒါကြောင့် ပြန်ကောင်းဖို့အတွက် အပေါ်ကဖိုင်တွေကို ကိုယ့်ကွန်ပျူတာထဲ
ပြန်ထည့်ပေးရပါမယ်။ ပြန်ထည့်နည်းက နှစ်မျိုးရှိပါတယ်။ တခြား Windows XP
တင်ထားတဲ့ ကွန်ပျူတာတစ်လုံးမှာ ကိုယ့် hard disk ကို ချိတ်ပြီး
ပြန်ထည့်တာရယ်၊ Windows ခွေကနေ ပြန်ထည့်တာရယ်ပါ။

တခြားကွန်ပျူတာမှာ ကိုယ့် Hard Disk လေး ချိတ်ဖို့အဆင်ပြေတဲ့သူတွေအဖို့တော့ အပေါ်က ဖိုင်တွေကို
Copy Paste လုပ်ပြီး ပြန်ထည့်ရင် ရသွားပါလိမ့်မယ်။
ခွေကနေ ပြန်ထည့်လိုသူများအဖို့တော့ အောက်ပါအချက်များကို အရင်သိထားသင့်ပါတယ်။
(၁) boot.ini ဟာ Windows ခွေထဲမှာ မပါပါဘူး။ အသစ်ရေးပေးရပါမယ်။
(၂) io.sys နဲ့ msdos.sys ဟာလည်း ခွေထဲမှာမပါပါဘူး။ ဒါပေမဲ့ အဲဒီဖိုင်နှစ်ဖိုင်မရှိလည်း Windows တက်ပါတယ်။

ကဲ ပထမဆုံး Windows ခွေထဲမှာပါတဲ့ ntdetect.com ကို C: ထဲ ထည့်နည်း ကြည့်ရအောင်။
Windows ခွေကို ကိုယ့် CD Drive ထဲထည့်ပါ။ ခွေကနေ Boot လုပ်ပါ။ Press any key to
boot from CD လို့ပေါ်လာတဲ့အခါ Keyboard ကနေ Key တစ်ခုခုကို နှိပ်လိုက်ပါ။
Loading လုပ်နေတာကို ခဏစောင့်ပါ။ ပြီးသွားရင် Screen တစ်ခု
ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Windows တင်မယ်ဆိုရင် Enter ခေါက်ပါ။ Windows ကို
ပြင်မယ်ဆိုရင် R နှိပ်ပါလို့ ရေးထားပါလိမ့်မယ်။ ပြင်မှာမို့လို့ R ကို
နှိပ်ပါ။

အဲဒီအခါ Recovery Console ပွင့်လာပါလိမ့်မယ်။ Recovery Console မှာ Admin password တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင် အောက်မှာရေးထားတဲ့ Command ကို ရိုက်ထည့်ပါ။
Copy X:386ntdetect.com C:
Enter ခေါက်ပါ။ X: ဆိုတဲ့နေရာမှာ ကိုယ့် CD Drive ရဲ့ Drive Letter ကို အစားထိုးပေးရပါမယ်။

နောက်ထပ် win.ini, win.com နဲ့ system.ini ကို ခွေထဲကနေ C:Windows ထဲ ထည့်ရပါမယ်။

Copy X:386win.in_ C:Windowswin.in
copy X:386win.co_ C:Windowswin.com
copy X:386ystem.in_ C:Windowsystem.ini

နောက်ဆုံးတစ်ဆင့်အနေနဲ့ C: ထဲမှာ boot.ini ရေးပေးဖို့ပဲ ကျန်ပါတယ်။ ဒါမျိုးလုပ်ပါ။
bootcfg /list
အဲဒီလိုရိုက်လိုက်တဲ့အခါမှာ Windows ရှိနေတဲ့ လမ်းကြောင်းကို ရှာပြီး ပြပေးပါလိမ့်မယ်။
bootcfg /add
အစောက ရှာတွေ့ခဲ့တဲ့ လမ်းကြောင်းကို ထည့်တာပါ။

အားလုံးပြီးသွားရင် Restart လုပ်လိုက်ပါ။ သင့် Windows လေး ပြန်တက်လာပါလိမ့်မယ်။
လူအများကို ဒုက္ခပေးသောသူများနဲ့ ကင်းဝေးနိုင်ကြပါစေ။


via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 15/11/10  မှ

ကောင်းလိုက်တဲ့ Firefox Addon တွေ



ဒီ add-on တွေ တွေ့တော့ တခြား browser တွေတောင် ပြောင်းသုံးချင်စိတ် မရှိတော့ဖူး… :D
Locationbar2: https://addons.mozilla.org/en-US/firefox/addon/4014/

Google Chrome မှာလို Domain Name ကို highlight လုပ်ပေးတာပါ။ Address ကို ကြည့်ရတာ အဆင်ပြေတာပေါ့။

Chromifox Extreme: https://addons.mozilla.org/en-US/firefox/addon/10674/

FireFox ကို Chrome ရဲ့ Design မျိုးပြောင်းပေးတဲ့ Theme ပါ။ Chrome လို ကျယ်ကျယ်လွင့်လွင့် ကြည့်လို့ရတာပေါ့။

Ctrl-Tab 0.21.1: https://addons.mozilla.org/en-US/firefox/addon/5244/



ဒါကတော့ Firefox new version မှာ default အနေနဲ့ ပါလာပါလိမ့်မယ်။ အခု version 3.5 မှာ သုံးချင်ရင်တော့ ဒီ add-on ကို သွင်းပေးရမှာပေါ့။ Windows
မှာ Alt + Tab နှိပ်ပီး ဖွင့်ထားတဲ့ window တွေကို ပြောင်းသလိုမျိုးပေါ့။

Tab Progress Bar: https://addons.mozilla.org/en-US/firefox/addon/14644/

ဒါလဲ version အသစ်မှာ ပါမယ့်ဟာပါ။ Progress ကို Tab မှာ ပြပေးတဲ့ဟာပေါ့။


Strata40:

https://addons.mozilla.org/en-US/firefox/addon/14284/

and

Stratabuddy:

https://addons.mozilla.org/en-US/firefox/addon/14762/

ဒါလဲ အသစ်မှာပါမယ့်ဟာပဲ။ Active ဖြစ်နေတဲ့ Tab မှာပဲ Title ကိုပြပေးတော့ Tab တွေ အများကြီး ကြည့်လို့ရတာပေါ့။ screen နဲ့ မဆန့်မှာ သိပ်မပူရတော့ဖူး။


Tab Preview: https://addons.mozilla.org/en-US/firefox/addon/6132/

ဒါက Opera မှာ ပါတဲ့ feature ပါ။ Tab တွေ ပေါ်မှာ pointer တင်လိုက်ရင် အဲဒီ Tab ရဲ့ preview ကို ပြပေးမှာပါ။ Windows 7 က Taskbar မှာလိုပေါ့။


Fission: https://addons.mozilla.org/en-US/firefox/addon/1951/

Safari ရဲ့ feature ပါ။ progress လုပ်နေတာကို address bar ထဲမှာ ပြပေးမှာပါ။ ကိုယ်ကြိုက်တဲ့ အရောင်၊ ပုံ ပြောင်းလို့ရပါတယ်။


FoxTab: https://addons.mozilla.org/en-US/firefox/addon/8879/


ဒါလဲ Safari က ဟာပဲ။ ဖွင့်ထားတဲ့ Tab တွေကို 3D နဲ့ လည်ပီး ရွေးလို့ရပါတယ်။ Vista, 7 မှာ Win + Tab နှိပ်သလိုပေါ့။

အပေါ်ကဟာတွေက ကျနော် ကြိုက်တဲ့ ဟာလေးတွေလောက်တင်ပါ။ အသေးစိတ်ကိုတော့

http://www.makeuseof.com/tag/addons-to-get-the-best-features-of-the-top-browsers-in-firefox/

ဖတ်လို့ရပါတယ်။

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 15/11/10 မှ



 

Wednesday, November 17, 2010

ကိုယ့်ဓာတ်ပုံတွေ သူများမကြည့်စေချင်ရင်




ကွန်ပျူတာဖိုင်များတွင် Header code တွေပါတယ်။ အဲဒီ Header code တွေက Hex number တွေဖြစ်ပါတယ်။ Hex number ဆိုတာက 0 to F (0.1.2...9,A,B....F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို
ပြောင်းလိုက်ရင် အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။
အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ဘူးလေ။ သူများမမြင်စေချင်တဲ့
ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး ဘာ software မှမလိုပဲ
ဖျောက်လို့ရပါတယ်။





1. Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
2. အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
3. debug "Your Picture File Location" လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D: ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
4. e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
5. ။ ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,....,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
6. w လို့ရိုက်ပြီး Enter ခေါက်ပါ။
7. Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
8. q လို့ရိုက်ပြီး Enter ခေါက်ပါ။
9. ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။

ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။

ဖြည်နည်း

1. အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
2. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။


Written by Ko Thurein

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 15/11/10 မှ

ကျော်ကြမယ် ခွကြမယ်ဟေ့ (ပိတ်ထားတဲ့ website တွေ)



via Everyone's Blog Posts - chocolate by one kiss on 15/11/10


ကျွန်တော်တို့ ရွှေမြန်မာပြည်ကနေ youtube ဆိုက်ကို ကြည့်ခွင့်မပေးထားပါဘူး . ပိတ်ထားပါတယ် . မနေ့က ညီလေးတစ်ယောက် မြန်မာပြည်ကနေ youtube movies တွေကို ဘယ်လိုကြည့်ရင် အဆင်အပြေဆုံး လဲလို့မေးလာပါတယ် . freedom လဲမသုံးချင်ပါဘူးလို့ ပြောတယ် . ကျွန်တော့်အနေနဲ့ အခုပေးလိုက်တဲ့
ဝဘ်ဆိုက်ကလေးကို သွားစေချင်ပါတယ် . အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ် .
အခုပေးတဲ့ ဆိုက်ကိုတော့ မြန်မာပြည်က ပိတ်မထားရသေးဘူးလို့ သိရပါတယ် .. Msn, AIM, Yahoo နှင့် Gtalk တို့ကိုလဲ အဆင်ပြေပြေပဲ ၀င် Chat လို့ရပါသေးတယ် .. ကဲ စိတ်ဝင်စားတယ်ဆိုရင် ၀ဘ်ဆိုက်လိပ်စာနာမည်က https://polysolve.com
ပါ .. အဆင်ပြေမယ်လို့လဲမျှော်လင့်ပါတယ် . ပြီးတော့ အခုပို့စ်နှင့်အတူ
ကျော်ဖို့၊ ခွဖို့အတွက် ၀ဘ်ဆိုက်လိပ်စာတွေလဲ ရေးပေးလိုက်ပါတယ် .
သိသူများရှိသလို မသိသူများလဲရှိပါတယ် . အောက်မှာ ယူလိုက်ပါ . ၀ဘ်ဆိုက်
အသစ်တွေကိုပါ စာရင်းလုပ်ပြီး ထည့်ပေးထားပါတယ် .. Blog ရေးချင်သူများလဲ စမ်းသပ်လို့ရမယ်ထင်ပါတယ် . .


ကျော်ခွလို့ရသည့် ၀ဘ်ဆိုက်များစာရင်း .
Vtunnel.com (Supports SSL)
Vtunnel.biz
Vtunnel.info
Vtunnel.us
Vtunnel.tv
V-tunnel.org (new)
Atunnel.com
Btunnel.com
Ctunnel.com
Dtunnel.com
Ftunnel.com
Gtunnel.com
G-tunnel.com (new)
H-tunnel.com (new)
I-tunnel.net (new)
Jtunnel.com
J-tunnel.com (new)
Ktunnel.com
K-tunnel.com (new)
Ltunnel.com
L-tunnel.com (new)
M-tunnel.com (new)
Ntunnel.com
N-tunnel.com (new)
Otunnel.com
O-tunnel.com (new)
Ptunnel.com
P-tunnel.com (new)
Q-tunnel.com (new)
Rtunnel.com
R-tunnel.com (new)
T-tunnel.net (new)
Wtunnel.com
Ztunnel.com
Ftunnel.net
Htunnel.net
Jtunnel.net
Ktunnel.net
Ltunnel.net
Ntunnel.net
Otunnel.net
Rtunnel.net
Wtunnel.net
W-tunnel.com (new)
Ztunnel.org
Unblock-Websense.com (new)
Unblock-Bess.com (new)
UnblockWebsense.com
UnblockBess.com
Polysolve.com
VPNTunnel.net
SafeForWork.net
VMathPie.com
USTunnel.com
USATunnel.com
BackFox.com
SafeHazard.com
SafeLizard.com
MathTunnel.com
NewBackDoor.com
GeoTunnel.com
EnglishTunnel.com
CalculatePie.com
DrProxy.net (new)
DrPruxy.net (new)
DrPxy.net (new)
FastFreeProxy.com (new)
ProxyGenie.com (new)
FreeToView.net (new)
PimpMyIP.com (new)
MyPrxy.com (new)
NinjaProxy.com (new)
AnonyNinja.com (new)
NinjaCover.com (new)
SamuraiProxy.com (new)
SamuraiStealth.com (new)
WarriorProxy.com (new)
24TopProxy.com (new)
SneakzorZ.com (new)
24Proxy.com
24Traffic.info
HideMyBox.com
ProxyButton.com
IraniProxy.com
WizProxy.com
DahProxy.com
FreeIam.info
g2gToMyspace.com
Geotunnel.com
Gotoproxy.com
ImSly.com
LogonHelp.org (new)
INeed-Myspace.com
ProxySense.com
SlyUser.com
Unlock-Myspace.com
Weprox.biz
Weprox.com
Weprox.info
Weprox.net



Webcam with Windows Login အသုံးပြုနည်း



ဒီစော့ဝဲလေးနဲ့ ပတ်သက်ပြီးတော့ အားလုံးကို အသုံးပြုရတာ အဆင်ပြေစေချင်တဲ့ ဆန္ဒကြောင့် ကျွန်တော် စတင်သည့်အချိန်ကနေ စပြီးတော့ နောက်ဆုံး အသုံးပြုသည့်အနေအထားထိရောက်အောင် တစ်ဆင့်ခြင်း ရှင်းပြပါ့မယ်.....
ပထမဆုံးအနေနဲ့ စော့ဝဲကို Right Click->Run as administrator (or) Double Click လုပ်ပြီး စတင် Run ပါ့မယ်....


Run ပြီးတဲ့ အချိန်မှာ ဒုတိယအဆင့်အနေနဲ့ အောက်က ပုံမျိုး မြင်ရမှာဖြစ်ပါတယ်......


Options ဆိုတဲ့ Button ကတော့ ဒီစော့ဝဲကို မိမိ မည်သည့်နေရာကို တင်ချင်လည်းဆိုတာကို ရွေးပေးနိုင်ပါတယ်....အခု ကျွန်တော်ကတော့ C: ထဲမှာပဲ တင်လိုက်ပါ့မယ်.....



ကိုယ်တင်ချင်တဲ့ နေရာကို သတ်မှတ်ပေးပြီးသွားပြီ ဆိုရင်တော့ Ok ပေးလိုက်ပါ.....ထို့နောက် မူလ Box ကိုပြန်လည်ရောက်ရှိသွားပါလိမ့်မယ်.....အခုဆိုရင် Install စတင်လုပ်ဆောင်ပါတော့မယ်......Install လုပ်ဆောင်ဖို့အတွက် Install Luxand Blink ဆိုတာလေးကို Click လုပ်လိုက်ပါ....Install လုပ်နေစဉ်အချိန်မှာပဲ အောက်မှာမြင်ရတဲ့ Box မျိုးလေးဆက်တက်လာပါလိမ့်မယ်.....



ယခုအဆင့်ကတော့ မိမိ အသုံးပြုမယ့် Webcam အမျိုးအစားကို မေးလာတဲ့ Box ကလေးပဲဖြစ်ပါတယ်.....မိမိ အသုံးပြုမယ့် Webcam ကို တစ်ကလေး ပေးပြီးတာနဲ့ Apply လုပ်ပေးလိုက်ပါ.......ထို့နောက် အောက်မှာမြင်ရတဲ့ Box ဆက်တက်လာပါလိမ့်မယ်......




Configure Later ကိုပေးလိုက်မယ်ဆိုရင်တော့ စော့ဝဲက ချက်ချင်း အသုံးပြုဖို့အတွက် Active ဖြစ်နေမှာ မဟုတ်ပါဘူး.....ချက်ချင်း Active ဖြစ်ဖို့အတွက် Next ကို Click လုပ်ပါ့မယ်......




အခုဆိုရင်တော့ Camera ကနေတစ်ဆင့် မိမိ မျက်နှာကို ဒီစော့ဝဲလေးက မှတ်မိနေအောင် Register လုပ်ရပါတော့မယ်....အကောင်းဆုံးဖြစ်ရန်အတွက် မိမိ မျက်နှာကို ဘယ်ဘက်ကနေ ညာဘက်ကို တဖြေးဖြေးချင်း လှည့်ပြရပါ့မယ်....အဲအတွက် Next ကို Click လုပ်ပြီး Register လုပ်ရပါ့မယ်.........(Password တောင်းတဲ့ နေရာကတော့ မိမိ ၀င်းဒိုးမှာ နဂို Password ခံထားတယ်ဆိုရင်တော့ ခံထားတဲ့ Password ကိုပဲရိုက်ထည့်ပေးရမှာဖြစ်ပြီး လုံးဝ မခံထားဘူးဆိုရင်တော့ Finish ကိုပဲ ပေးရပါ့မယ်.....)အခုဆိုရင်တော့ Register လုပ်တာအောင်မြင်သွားပါပြီ....အဲလိုမှမဟုတ်ပဲ မိမိတင်ထားတဲ့ စော့ဝဲကို Active ဖြစ်မဖြစ်ကို Hide Bar မှတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်.....





အခုအထက်က ပုံကတော့ ကျွန်တော်က Register လုပ်မထားတဲ့ အတွက် Setting ကနေတစ်ဆင့် ပြန်သွားပါ့မယ်.......


အခုအပေါ်က နှစ်ပုံကတော့ Register လုပ်ပြီးတာနဲ့ မလုပ်ရသေးတာကို ယှဉ်တွဲပြထားတာပါ........Register မလုပ်ရသေးလို့လုပ်ချင်တယ်ဆိုရင် Remember ကနေတစ်ဆင့် လုပ်ဆောင်နိုင်သလို .Register လုပ်ထားပြီးသားကို ဖျက်ပစ်ချင်တယ်ဆိုရင် Delete ကနေ ပြန်ဖျက်ပစ်နိုင်ပါတယ်......အခုလောက်ဆိုရင်တော့ အသုံးပြုနည်းကို နားလည်ကြလိမ့်မယ်လို့ ယူဆမိပါတယ်.......Xp,Vista,W7 စသည့် All OS မှာ အသုံးပြုနိုင်ဖို့အတွက် နှစ်ခုခွဲပြီးတော့ ထပ်တင်ပေးထားပါတယ်........အဆင်ပြေနိုင်ကြပါစေဗျာ....



via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by မုန်တိုင်း on 15/11/10 မှ ကူးယူဖော်ပြပါသည်။

Magway FC Photos (Virus)




Magway FC Virus ရဲ့ လက္ခဏာတွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ အခုလို ဗိုင်းရပ်စ်ရန်ကနေ ကာကွယ်နိုင်ဖို့ ကွန်ပျူတာသုံးစွဲသူများ Windows XP ကို လွှတ်ချပြီး Windows 7 ကိုသာ စတင်သုံးစွဲပါ၊ နာမည်ရ Antivirus
တစ်ခုကို တင်ပြီး ပုံမှန် Update လုပ်ပါလို့ပဲ အကြံပေးချင် ပါတော့တယ်။



မကွေး FC ၀င်သွားတဲ့အခါ







Start Menu က အခုလိုဖြစ်သွားမယ်

Icon တွေကလည်း ဒီလိုဖြစ်သွားဦးမယ်

Desktop ရဲ့ ညာဘက်အောက်ထောာင့်မှာ ဒါမျိုးလေးခဏခဏပေါ်လာပြီး တီးတန်ဆိုပြီး အသံတွေထွက်မယ်။


မှတ်တမ်းတင်တဲ့ သဘောမျိုးနဲ့ ပုံတွေကို တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဖြစ်စေချင်တာကတော့ ဘယ်သူရေးတာလဲဆိုတာကို တာဝန်ရှိတဲ့သူတွေ စုံစမ်းပြီး အရေးယူစေချင်တာပါပဲ။
ကွန်ပျူတာသုံးစွဲသူပေါင်းများစွာ ငွေကုန်၊ အချိန်ကုန်နဲ့
ဒုက္ခရောက်ခဲ့ကြတာကိုး။ သိသိကြီးနဲ့ လွှတ်ပေးလိုက်မယ် ဆိုရင် နောင်မှာ
ဒီထက်ပိုဆိုးတဲ့သူတွေ ပေါ်လာဦးမှာပဲ။ အခုတောင်မှ တို့မြန်မာက
ဟုတ်လှပါလားဆိုပြီး မကွေး FC ရေးတဲ့သူကို အထင်ကြီးတဲ့သူတွေက
အထင်ကြီးနေကြပြီလေ။

ကျွန်တော်အနေနဲ့ကတော့ ရေးတဲ့သူကို နစ်နာစေချင်လို့ မဟုတ်ပါဘူး။ လူကိုမသိပေမဲ့ သူ့ကို လေးစားမိပါတယ်။ တော်တယ်။ တကယ်တော်ပါတယ်။ ဒါပေမဲ့ အခုလိုတော်တာလေးကို ကောင်းတဲ့နေရာလေးမှာ
အသုံးချလိုက်နိုင်ရင်...

Ref: http://www.myanmaritmen.com/section-blog/59-antivirus/304-magway-fc-photos.html


via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 14/11/10 မှ ဖော်ပြပါသည်။




Monday, November 1, 2010

File Hosting လုပ်နည်းများ...


File Hosting လုပ်နည်းများ...  

written by mmhelpdesk at Friday, August 17, 2007

Contributor: ရန်အောင်

File Hosting ဆိုတာက ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို အဲဒီ့ Site တွေက သိမ်းပေးထားပြီး http://..... ဆိုတဲ့ URL Link လေး ပြန်ထုတ်ပေးတာပါ. အဲဒါကိုမှ ကိုယ်တင်ချင်တဲ့ website, blog စတဲ့နေရာတွေမှာ တင်ပေးရတာမျိုးပါ. (Host= အိမ်ရှင် ဆိုတော့ ကိုယ့်ဖိုင်လေးတွေက သူ့အိမ်မှာ သွားပြီး စတည်းချနေတာပေါ့ဗျာ.)

Free hosting site တွေ ရှိသလို အခကြေးငွေနဲ့ တင်ပေးတဲ့ site တွေလည်း ရှိပါတယ်. Professionally လုပ်တော့မယ့်သူတွေ၊ ဒါမှမဟုတ် file အများကြီး တင်ချင်တဲ့သူတွေကတော့ ပိုက်ဆံပေးပြီး Capacity များများပေးတဲ့ hosting site တွေမှာ accnt လုပ်ကြပါတယ်. ပုံမှန် ကျွန်တော်တို့လို အပျော်တမ်းသမားတွေကတော့ free hosting site တွေကိုပဲ သုံးကြပါတယ်. သိပ်များလာလို့ မနိုင်တော့ရင် နောက်ထပ် accnt တစ်ခု ထပ်ဖွင့်ရုံပဲပေါ့ဗျာ. အဓိကက ပိုက်ဆံ မပေးရရင် ပြီးရော မဟုတ်လား. ဟတ်ဟတ်

ကဲ. ဒါလေးတွေကတော့ ကျွန်တော်တို့ သိထားသင့်တဲ့ free hosting site လေးတွေပါပဲ ခင်ဗျာ.

ပုံတင်ရန်

http://imageshack.us/
http://photobucket.com/

ဖိုင်တင်ရန်

http://www.fileden.com/
http://www.filefactory.com/
http://www.filexoom.com/
http://www.ripway.com/
http://www.pages.google.com/
http://www.mediafire.com/
http://files-upload.com/
http://www.wikiupload.com/
http://upload2.net/
http://www.filecrunch.com/


အဲဒါလေးတွေကတော့ ကျွန်တော်သိသလောက်လေးတွေပါပဲ. တစ်ခုနဲ့တစ်ခု ပေးတဲ့ storage space မတူပါဘူး. Fileden က 1 G ပေးပါတယ်. Ripway ကတော့ 30 MB ပဲ ပေးပါတယ်. ကျန်တာတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ. Unlimited ပေးတာ တစ်ခုတော့ ရှိပါတယ်. Mediafire ပါ. (စာအုပ်တွေတင်ဖို့ သိပ်ကောင်းပါတယ်) Pages.google.com ကတော့ google pages ကို ပြောတာပါ. Account Sign Up လုပ်စရာ မလိုပါဘူး. ကိုယ့်ရဲ့ Gmail Account နဲ့ပဲ သုံးလို့ရပါတယ်.

တစ်ခုကို အစမ်းလုပ်ပြပါမယ်. သဘောတရားက အတူတူပါပဲ.

http://www.fileden.com ကိုသွားပါမယ်. Account Sign Up လုပ်ပါမယ်. ကိုယ့် Email ကို စာဝင်လာပါလိမ့်မယ်. Activate လုပ်ဖို့ပေါ့. လုပ်လိုက်ပါ. ပြီးသွားရင်တော့ Login လုပ်ပါမယ် ခင်ဗျာ.



အပေါ်မှာ မြင်နေရတဲ့ Navigation Bar လေးထဲကနေ upload files ကို ရွေးပါမယ်. တစ်ခြား site တွေမှာလည်း upload ဆိုတဲ့ ပုံစံလေးတွေ ပါပါလိမ့်မယ်. ချွတ်စွပ်ကြီးတော့ ဘယ်တူပါ့မလဲဗျာနော်. စိတ်ရှည်ရှည်ထားပြီး ရှာကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်…

Upload files ကိုရွေးလိုက်ပါပြီ. အခု file စတင်ပါတော့မယ်. အစမ်းအနေနဲ့ peekaboo လုပ်ဖို့ myhacko.js ဆိုတဲ့ ဖိုင်လေးကို တင်ပေးပါမယ်. အဲဒါကို အရင်ဆုံး ကိုယ့် computer ပေါ်ကို download လုပ်ဖို့ မမေ့နဲ့ဦးနော်. မလုပ်ရသေးရင် ဒီမှာ အခုပဲ လုပ်လိုက်ပါ

Save လုပ်လိုက်တဲ့ File လေးကို Browse လုပ်ပြီး ရှာပါမယ်. Click ခေါက်ပြီး ရွေးလိုက်ပါမယ်. Upload ကို နှိပ်လိုက်ပါပြီ.




ဘာဖြစ်လဲ…



Error message ပေါ်လာပါတယ်. This file extension is not allowed. တဲ့. ကျွန်တော်တို့ တင်တဲ့ ဖိုင်က javascript file လေ. Extension က js နဲ့ ဆုံးတယ်. အဲဒီ့လိုမျိုး file type ကို လက်မခံဘူး. ဘယ်လိုလုပ်မလဲ.

နောက်တစ်မျိုးနဲ့ ပြောင်းတင်မှာပေါ့. မဟုတ်ဘူးလား. ဒါမျိုးကိစ္စလေးတွေ ဖြစ်တတ်လို့ တမင်အမှားကို လုပ်ပြပေးတာပါ. နို့မို့ဆို ကိုယ်လုပ်တာပဲ မှားနေပြီလားလို့ တွေးပူနေမိမှာ စိုးလို့ပါ.

ကဲ. Ripway နဲ့ ပြောင်းတင်ပါမယ်.

ထုံးစံအတိုင်း sign up/register လုပ်ပါ. Email activation တောင်းရင် လုပ်ပေးလိုက်ပါ. မတောင်းရင်တော့ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်သွားလိုက်ပါ.



My files ဆိုတာကို ရွေးမယ်နော်. ဒီလိုပုံစံ တွေ့ရပါမယ်.



အဲဒီ့ထဲကမှ Upload files ဆိုတာကို ရွေးပါမယ်ခင်ဗျာ. အောက်ကပုံစံအတိုင်းလေး ပေါ်လာပါလိမ့်မယ်



Browse လုပ်ပြီး ကိုယ်တင်မယ့် file ကိုရွေးပါ. Myhacko.js ကိုရွေးမယ်နော်. ရွေးပြီးရင် upload လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



Continue ဆက်လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာတော့ ကိုယ်တင်လိုက်တဲ့ ဖိုင်လေးကို တွေ့ရပါမယ်. အဲဒီ့ထဲကမှ Direct Link URL ဆိုတာလေးရဲ့ အောက်မှာ တွေ့ရတဲ့ Link လေးဟာ ကျွန်တော်တို့လိုချင်တဲ့ URL link လေးပါပဲ ခင်ဗျာ.



နောက်တစ်ခုအနေနဲ့ googlepages နဲ့ တင်နည်းပြပါမယ်. ဒီနေရာကိုသွားပြီးရင် ကိုယ့်ရဲ့ gmail account နဲ့ sign in ၀င်လိုက်ပါ. ပြီးသွားရင် accept terms တွေဘာတွေ ဆက်လုပ်သွားပါ. နောက်တစ်ဆင့်မှာ ကိုယ့်ကို publish page တစ်ခုခု လုပ်ခိုင်းပါလိမ့်မယ်. အဲဒါလည်း အရေးမကြီးပါဘူး. လုပ်လိုက်ပါ. နာမည်ကိုလည်း ကိုယ်ကြိုက်တာ ပေးလို့ရပါတယ်. ကျွန်တော်ကတော့ theseandthose လို့ ပေးထားခဲ့တယ်ဗျ.

နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



ညာဖက်နား ခပ်ကျကျလေးက ဒီပုံလေးကို ကြည့်ပါ. အဲဒီ့မှာ file တွေကို Upload လုပ်ရမှာပါပဲ.



Browse လုပ်ပြီး တင်မယ့် file ကို ရွေးပါ. Googlepages က အလိုလိုပဲ တင်ပေးသွားပါလိမ့်မယ်. ပြီးသွားရင် ဖိုင်ရဲ့ URL ကို ယူရပါမယ်.

ကိုယ်တင်လိုက်တဲ့ ဖိုင်လေးရဲ့ အပေါ်မှာ right click လေး ခေါက်လိုက်ပါ. ပြီးရင် copy link location ကို ရွေးလိုက်ပါ. အဲဒါ သူ့ရဲ့ URL ပါပဲ.

တစ်ခြားသော file hosting site များမှာလည်း ဒီပုံစံဆင်ဆင်လေးတွေပါပဲ. စမ်းသုံးကြည့်ကြပါလို့ တိုက်တွန်းပါတယ်.

အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ..


http://mmbloggershelpdesk.blogspot.com/2007/08/file-hosting.html မှ

ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း


kp3နည်းပညာ၊၁၂၆၊ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်း

ဒါလေးကတော့ဘလော့နောက်ခံမှာလွယ်ကူစွာပုံထည့်နည်းလေးပါ၊သိပြီးကြတဲ့မိတ်ဆွေတွေ
လည်းများပါတယ်၊မသိကြသေးတဲ့သူတွေအတွက်လိုအပ်ခဲ့ရင်သုံးလို့ရအောင်ပါ၊ဘလော့ဂါမိတ်ဆွေ
အားလုံးကိုလည်းအစဉ်မြဲလေးစားလျှက်ပါ။

၁။Layout

၂။Edit HTML

အောက်ကCodeကိုရှာပါ၊Press Ctrl + F
body {

အောက်မှာအောက်ကအတိုင်းထည့်ပေးလိုက်ပါ၊
background: url('ဤနေရာမှာမိမိရဲ့နောက်ခံပုံလင့်ခ်ကိုထည့်ပေးပါ။IMAGE-URLပေါ့နော်') fixed;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background: url('http://rpgwallpapers.com/wallpapers/luna-online-boy-and-dog-1280x960.jpg ') fixed;
margin:0px
auto 0px;
padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
font-size:12px;
}

နောက်ခံအရောင်ပြောင်းချင်ရင်တော့အောက်မှာ
body {
background:#ဤနေရာမှာHTML colour codeထည့်လိုက်ပါ;

ဥပမာအောက်ကအတိုင်းဖြစ်သွားတာပေါ့နော်၊
body {
background:#ffa22f
margin:0px
auto 0px;
padding:0px;
color:$bodytextcolor;
font-family:Arial,Helvetica,sans-serif;
font-size:12px;
}

၃။Save Template button.နိုပ်ပါ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု                    
kp3မိသားစု မှ ကူးယူ ဖော်ပြပါသည်။

pdf password remover


pdf password remover

zaw2aung: ညီရေ pdf password remover fullversion လေးများရှိရင်ပို့ပေးပါဦး

ကျွန်တော်တင်ပေးလိုက်ပါပြီ .. ဒါပေမယ့် တစ်ခုကြိုပြောပါရစေဗျာ . ဒီစကားကလဲ ခဏခဏ ပြောနေရတာပါ . တစ်ချို့ဆိုရင် ကျွန်တော့်ကို အမြင်တောင် ကပ်နေပြီလားမသိပါဘူး . ကျွန်တော်အခု ဖိုင်နဲ့တွဲပြီး Keygen ပါတွဲပြီး တင်ပေးလိုက်တာပါ . အဲ့တော့ Register မလုပ်ခင် ဗိုင်းရပ်စ် program ကို ခဏပိတ်ထားပေးပါ . Virus သတ်တဲ့ ဘယ် Program ပဲဖြစ်ဖြစ် Keygen ကို virus လို့ပဲ သိကြတာပါ . ပြီးတော့မှ ကျွန်တော့်ကို serial no. တောင်းနေတယ်လို့ . လိုင်စင်လုပ်ဖို့တောင်းနေတယ် . ကိုညီနေမင်းက product key အတွက်တော့ ဘာမှမပေးလိုက်ဘူးတို့ . ခဏခဏပြောနေတာ တွေ့ရပါတယ် . ဟိုတစ်ရက်ကဆိုရင် ဗိုင်းရပ်စ်ပါတယ်တောင် လုပ်တာ . ကျွန်တော် keygen ဖိုင်တွဲထည့်ပေးတဲ့ အခါတိုင်း ဒီစကားကို ခဏခဏပြောပါတယ် . အဲ့တော့ ကျွန်တော်တို့ register မလုပ်ခင် ပိတ်ပြီးမှ Keygen ကို run ပါ . ပြီးတော့မှ virus တော့ပါတယ် . လိုင်စင်လုပ်ဖို့တော့ မပါဘူးလို့ မပြောကြပါနဲ့ . ကျွန်တော် ဘယ်တော့မှ အဲ့လိုမျိုး သူများဒုက္ခရောက်အောင် စိတ်အပင်ပန်းလူအပင်ပန်းခံပြီး မလုပ်ပါဘူး . အစ်ကိုရာ ဗိုင်းရပ်စ်တွေပါလာတယ် . အစ်ကိုအဲ့လိုတော့ မလုပ်သင့်ပါဘူး ဆိုတော့ ကိုယ်ကဘဲ လူယုတ်မာလိုလိုဘာလိုလို နဲ့ ပြောပုံက အတော်အခံရခက်တာဗျ . ရေးပြထားတာတွေကိုလဲ အသေအချာ အစအဆုံးမဖတ်ပဲ နင်းကန် အပြစ်တင်တာ အတော်ဆိုးတယ်ဗျာ .. အခမဲ့ သက်သက် မြန်မာပြည်က လူငယ်တွေ နည်းပညာလေ့လာရလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးရုံသက်သက်ပါ . ကျွန်တော် ဓါတ်ပုံနဲ့ကို လုပ်ပုံလုပ်နည်း ကိုတင်ပေးလိုက်ပါတယ် . register လုပ်တဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်နဲ့လုပ်ပါ . အောက်မှာ ပုံနဲ့ပြထားပေးပါတယ် .




Download ifile.itDownload mediafire
ရေးသားသူ ညီနေမင်း at 7:34 AM
အုပ်စုများ

http://www.nyinaymin.com/2009/09/pdf-password-remover.html မှ

Friday, October 29, 2010

Blog Speed အရမ်းနှေးနေလာ? (knowledge)



ကျွန်တော် ဒီနေ့တော့ ဘလော့လ်တွေ ဘာတွေကြောင့်လေးနေတယ်။ ဖွင့်ရင် အရမ်းကြာနေတယ်ဆိုတာကို တင်ပြပေးပါမည်။ ကိုညီနေမင်းလည် တင်ပြခဲ့တာ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဆိုဒ်တွေကို အဓိက Speed နှေးစေတာကတော့ JavaScript (Js)ဖိုင်တွေနဲ့ CSS (Cascading Style Sheets)တွေရဲ့ upload Link တွေကြောင့် လေးလံကျတာ အဖြစ်များပါတယ်။ နောက်နှေးစေတာက picture ဆိုဒ်တွေကြောင့်ဖြစ်စေပါတယ်။ ကျွန်တော်အရင်က Js နှင့် CSS တွေကို upload တင်ရင် www.ripway.com နှင့် www.hostfile.com မှာ အတင်များပါတယ်။ ဒါပေးမဲ့ အဲဒီ Link တွေက Anti-virus နဲ့ညှီတဲ့အခါရှိသလို တစ်ခါတစ်လေ upload ဆိုဒ်က error ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဆိုဒ်က တော်တော်နဲ့ ပွင့်မလာပါဘူး။ ဒါနဲ့ဘယ်မှာ ကြာနေတယ်ဆိုတာ မိမိတို့ ရဲ့ဘယ်ဘက်ထောင့်မှာ ကြည့်က တွေ့မြင်နိုင်ပါတယ်။ ဒါနဲ့ Layout မှာ မိမိရဲ့ js နှင့် css link တွေကို https://sites.google.com မှာ ပြောင်းတင်ပြီ ကျွန်တော်ပြန်ပြင်လိုက်တော့မှ မြန်သွားတယ်။ ဒါကြောင့် မိမိတို့ ဆိုဒ်တွေ လေးလံနေတယ်ဆိုရင် js နှင့် css link တွေနဲ့ picture ဆိုဒ်တွေကို ပြန်ပြင်ပါ။ နောက်ပြီ မိမိဆိုဒ်မှာ flash တွေအ၇မ်းထည့်တာတို့မှ ရှောင်ကျင်ပါ။ ကျွန်တော်တော့ အခုနောက်ပိုင်း Jss နှင့် css link တွေကို https://sites.google.com မှာ တင်ပါတော့တယ်။ ဘယ်လိုတင်လဲသိချင်က မေးမြန်နိုင်ပါတယ်။ မိမိ Blog ဘယ်လောက် Speed မြန်လဲဆိုတာ စမ်းနိုင်ရန် အောက်မှာဆိုဒ်တွေကို တင်ပြပေးလိုက်ပါတယ်။ မိမိဆိုဒ်ဖွင့်လို့ လေးလံနေရင်လည် အောက်က ဆိုဒ်တွေမှာ စမ်းလိုက်ပါ။ ဘယ်လင့်က error ပြနေတယ်ဆိုတာ တွေ့ရပါမည်။ ကျေးဇူးတင်ပါတယ်

http://tools.pingdom.com/fpt/
http://www.netmechanic.com/cobrands/MarketingTips/load_check.htm
http://www.linkvendor.com/seo-tools/speedtester.html
http://www.robertjsteiner.com/seo_free_tools.php




Image and video hosting by TinyPic
Related Posts: Blog


Read more: http://www.knowledgewar07.com/2009/12/blog-speed.html#ixzz0zwN4B4ns

မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်(ဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်)


kp3နည်းပညာ၊၁၁၅၊မိမိရဲ့Blog Name Scrolling လုပ်ချင်ရင်

မိမိဘလော့နာမည်လေးကိုမရပ်ဘဲသွားအောင်လုပ်ချင်ရင်ပေါ့နော်၊Blog Name Scrolling
လို့ခေါ်ပါတယ်။တချို့ဘလော့မိတ်ဆွေတွေတင်ထားတော့မြင်ဖူးပါတယ်၊မတူလောက်ဘူးလို့တော့
ထင်ပါတယ်။အောက်မှာ DEMO လင့်ခ်လုပ်နည်းလေးပြထားပါတယ်။အရမ်းကိုလွယ်ပါတယ်။

၁။Dashboard

၂။ layout

၃။Edit HTML

အောက်က Code ကိုရှာပါ။

</head>


တွေ့ပြီဆိုရင်အပေါ်မှာအောက်က Code ကိုထည့်ပါ။
<script type='text/javascript'>
var txt="ဤနေရာမှာမိမိရဲ့ဘလော့နာမည်လေးရေးလိုက်ပါ ";
var espera=200;
var refresco=null;
function rotulo_title()
{
document.title=txt;
txt=txt.substring(1,txt.length)+txt.charAt(0); refresco=setTimeout("rotulo_title()",espera);
}
rotulo_title();
</script>


နမူနာလင့်ခ်ဒီမှာDEMO

၎။Save Template ကိုနိုပ်ပါ၊ပြီးပါပြီ။။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊ ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု

Blogger များအတွက် Picture Upload



ကျွန်တော်တို့ ဘလော့လ်ဂါ ညီနောင်တို့ အတွက် ပုံတွေကို upload အလွယ်တင်လို့ ရမည် Software လေးနဲ့ တင်ပြပေးလိုက်ပါတယ်။ နောက်ပြီ မိမိ တင်ပြမည့် အကြောင်းအရာ တွေ အတွက် ပုံတွေ ဖြတ်တဲ့ အခါမှာလဲ ဖြတ်ပြီတာနဲ့ ချက်ချင် upload လုပ်ပေးပါ တယ်။ နောက်ပြီ copy link to Clipboard ကနေ click ပြီ Link လေးယူလိုက်ရုံပါဘဲ။ ဒါပေးမဲ့ အင်တာနက် ရှိဖို့တော့ လိုပါတယ်။ မိမိ ကွန်ပျူတာက ပုံတွေကို upload တင်ချင်တယ်ဆိုရင်တော့ စာအုပ်ပုံလေးကို ရွေးလိုက်ပါ။ မိမိဖွင့် ထားတဲ့ ဆိုဒ်က လိုချင်တာကို ဖြတ်ယူပြီ တင်ချင်တယ်ဆိုရင်တော့ ကတ်ကျေး ကို click ပြီ လိုချင်တာကို ဖြတ်လိုက်တာနဲ့ upload တင်ပြီဖြစ်ပါတယ်။ Basic picture link ကနေ မိမိ ပုံကို ကြည့်နိုင်ပါသေးတယ် မကြိုက်ရင် ပြန်ဖျက်ပေါ့။ ပြန်တင်လိုက်ပေါ့။ စက္ကန့်ပိုင်းအတွင်း upload က ပြီသွားပါတယ်။ ကဲ Blogger ညီကိုများ ကိုယ်တိုင်းတာ သုံးကြည့်လိုက်ပါ နော်။ ကြိုက်သွားကျမယ်လို့ ထင်ပါတယ်။ ကျွန်တော်တော့ ကြိုက်ပါတယ်။


menarimenarimenarimenarimenaribabaibabaipeacepeacetumbuktumbuktumbuktumbuktumbuktumbuktumbuktumbuktumbukmenariihikhikihikhikihikhik
Mutiupload
Megaupload





Image and video hosting by TinyPic
Related Posts: Blog


Read more: http://www.knowledgewar07.com/2009/11/blogger-picture-upload.html#ixzz0zwNgTw2H