Labels

Thursday, April 25, 2013

Program ပိုင်းကို မြန်မာလို လေ့လာချင်သူများအတွက်

                          သူ့ရဲ့ ဆိုက်လင့်က http://www.72coder.com ပေါ့ ။ Youtube မှာ ဆိုရင် https://www.youtube.com/user/72CODER ပါ။ ကျွှန်တော် တော့ တော်တော်လေး ကို လေးစားသွားမိပါတယ် ။ကျွှန်တော်ဆို ဆိုက်တခု ကို ဘလော့ တစ်ပုဒ် ရေးမယ် မရေးဘူး ချိန်ဖြစ်သေးတယ်။ သူက တော့ အဲ့လိုဟုတ်ဘူးဗျ ။ တော်တော်လေး ကောင်းပါတယ် ။ ဗီဒီယိုတွေ လဲ Free  Download လဲ လုပ်လို့ ရတယ် ။
လေ့လာကြည့်ပေါ့ဗျာ ။

Friday, April 12, 2013

Google ၏ ပြောင်းလဲ မူ အသစ်

စာဖတ်သူများ အားလုံးမင်္ဂလာပါ ။

Google Search Engine ၏ နည်းပညာပြောင်းလဲမူ

       ဒါကတော့ လူတိုင်းသိကြတဲ့ www.google.com ဆိုတဲ့ဆိုက်လေး အကြောင်းပါဘဲ ။ Google ကို ခေါ်လိုက်ရင် အပေါ်ဆုံးတန်းက အမဲရောင် အတန်းကြီး ပျောက်နေပါလိမ့်မယ်။ တော်တော်လေးကို သဘောကျပါတယ် ။ အခုပြောင်းလိုက်တဲ့ ဒီဇိုင်းကို အောက်ဖော်ပြပုံတွင်ကြည့်ရူနိုင်ပါသည်။




Google Mail ၏ နည်းပညာပြောင်းလဲမူ

        ကျွှန်တော် အခု ပြောပြချင်တဲ့ အကြောင်းအရာ လေး တခု က ဒီနေ့ မှ ကျွှန်တော်လဲ သိလိုက်တာဗျာ ။ သိသိချင်း ပို့(စ်) တင်တာ တော်သေးတယ်ဗျာ ။ လိုင်းကောင်းလို့ ။ တခြားတော့မဟုတ်ဘူးဗျ။ မေး(လ်)ထဲ ၀င်ကြည့်လိုက်ပြီး Compose ပို့မယ်ပေါ့ ။ နှိပ်လိုက်တာ New Message ဆိုပြီး တပ်လာတယ် ။ နည်းပညာအသစ်ပေါ့ သိအောင်လို့ ထပ်မံ မျှဝေလိုက်တာပါ။ အားလုံးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။
အောက်ဖော်ပြပါပုံကို လေ့လာကြည့်ပေါ့နော်... :P




Thursday, April 4, 2013

Google နှင့် Facebook တွင် ထင်ရှားသိသာလာသော မြန်မာပြည် ၏ နည်းပညာ တိုးတက်လာမူ

Google နှင့် မြန်မာ




အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာဖော်ပြချက်များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ ဖြစ်သည်။

www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘာသာဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင်လိုက်ခြင်း ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။

ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်။

Credit -7Day News Journal






Facebook နှင့် မြန်မာ



Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာ

Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာပြီး ယခုကဲ့သို့ မြန်မာစာကို ထည့်သွင်းထားမှုမှာ ၆ ရာခိုင်နှုန်းသာရှိသေးကြောင်း Facebook translation ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ Translation ကို ဖြည့်စွက်လိုသူများ၊ ထည့်သွင်းလိုသူများအနေဖြင့် Facebook Translation တွင်ဝင်ရောက်ပြီး ဗမာစာဟူသော စနစ်ကိုနှိပ်၍ ထည့်သွင်းနိုင်ပြီး ထည့်သွင်းထားသည်များကိုလည်း မည်သည်က ပိုမှန်သည်ကို Vote ပေးနိုင်ရန် စနစ်ကိုလည်း စီစဉ်ပေးထားသည်။

အကယ်၍ ထည့်သွင်းထားသည်များကို Vote ပေးခြင်း ( သို့မဟုတ် ) ကိုယ်တိုင် ထည့်သွင်းလိုပါက https://www.facebook.com/?app=1&sk=translations တွင်ဝင်ရောက် လေ့လာနိုင်သည်။

Wednesday, April 3, 2013

တန်ဖိုးနည်းဖုန်းသတင်း

 စာဖတ်သူ များအားလုံးမင်္ဂလာပါ ။ ဒါကတော့ ကျွန်တော် အွန်လိုင်းပေါ်မှာ လျှောက်ကလိနေရင်းနဲ့ Facebook  ထဲကနေ သိရတဲ့ သတင်းတစ်ခုပါ။ ယုံကြည်ခြင်း ၊ မယုံကြည်ခြင်း သည် မိမိနှင့်သာ သက်ဆိုင်ကြောင်း အသိပေးအပ်ပါသည်။ ဟဲဟဲ တော်ကြာ လာတိုင်ပတ်နေမယ်။  ကျွန်တော်သိလို့ ပြန်ကူးထားတာကတော့
Mobile Software Developer ထဲက ပြန်ပြီး Knowledge Share  လုပ်ပေးတာပါ။
 
တန်ဖိုးနည်းဖုန်းသတင်း
---------------------------------

ဆင်းကဒ် တခုကို တထောင့်ငါးရာနဲ့ တန်ဖိုးနည်းဖုန်းတွေ ဧပြီ ၂၄ မှ စရောင်းတော့မှာ ဖြစ်ကြောင်း မြန်မာ့အသံ သတင်းမှာ ကြေညာ သွားပါတယ်။ ဒီထောင့်ငါးရာထဲမှာ ဖုန်းခေါ်ဖို့ ကျပ်သုံးရာလဲ ပါကြောင်း၊ ငွေထပ်ဖြည့်ဖို့ ကဒ် တကဒ်ကို ငါးထောင်၊ တလကို အနည်းဆုံး ၂ထောင့်ငါးရာ သုံးရမှာ ဖြစ်ကြောင်း၊ ၀ယ်ပြီး ၁၅ ရက်အတွင်း ပိုက်ဆံထပ်မဖြည့်ရင် ဖျက်သိမ်းမှာ ဖြစ်ကြောင်း သတင်းမှာ ပါရှိပါတယ်။

---------------------------------------------

Update News

-CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည်။

-နောက်လများတွင် GSM 2.5 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးမည်။

-ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။

-ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ရက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည်။

-မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။

-ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်

အထက်ဖော်ပြပါ ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်သည် မြန်မာ့ ရုပ်မြင်
သံကြားမှ ဖော်ပြသောအချက်အလက်များနှင့် အတူပင်ဖြစ်ပါကြောင်း ယခု
သတင်းသည် သတင်းအမှန်ပင်ဖြစ်ပါကြောင်း မိတ်ဆွေများ ၀မ်းမြောက်စေ
ရန်တင်ပြအပ်ပါသည်

Credit - ဧရာဝတီသတင်းဌာန, >DVB TV News, အေးချမ်းမွန်

Tuesday, April 2, 2013

Android Mobile Phone များ အတွက် App တစ်ခုကို ကိုယ်တိုင်ရေးသားခြင်း

နည်းပညာမိတ်ဆွေ ညီအကိုများနှင့် စာဖတ်သူများ အားလုံးမင်္ဂလာပါ။
                     ကျွန်တော် တစ်ခု စဉ်းစားမိတာက မိုဘိုင်းဖုန်းတွေ များလာတဲ့ အလျှောက် သုံးတဲ့သူတွေလဲ ပိုများလာတယ်။ နောက်တစ်ခု က သုံးတဲ့သူတွေ များလာသလိုဘဲ မိုဘိုင်းဖုန်းပိုင်းကို လိုက်တဲ့သူတွေ များလာတယ် ။ အဲ့ထဲကမှ Android ဆို အခု ၂၀၁၃ လောက်မှာ တော်တော် ရေပန်းစားလာတယ်။ ဒါကြောင့် အခု ကျွန်တော်သိတဲ့ဆိုက်လေးတခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ။  Android App တစ်ခု ကို ရေးလို့ ရတဲ့ ဆိုက်ပေါ့နော်


====>>>> http://appinventor.mit.edu/ <<<<====
      
အဲ့မှာ ၀င်ပြီးတော့ Google Mail နဲ့ဝင်လိုက်ရင် အဆင်ပြေပါပြီ။ Sign Up တောင် လုပ်စရာမလိုဘဲ Allow လုပ်လိုက်ယုံနဲ့ တင်ဝင်လို့ ရတာကတော့ အားသာချက်တစ်ခုပေါ့ ။   အားလုံးအဆင်ပြေကြပါစေလို့ မျှော်လင့်ပါတယ်ဗျာ။       

                                                                                                      စာဖတ်သူများကို ခင်မင်လေးစားလျှက်
                                                                                                                                                IT ညီငယ်