Labels

Wednesday, November 17, 2010

Webcam with Windows Login အသုံးပြုနည်း



ဒီစော့ဝဲလေးနဲ့ ပတ်သက်ပြီးတော့ အားလုံးကို အသုံးပြုရတာ အဆင်ပြေစေချင်တဲ့ ဆန္ဒကြောင့် ကျွန်တော် စတင်သည့်အချိန်ကနေ စပြီးတော့ နောက်ဆုံး အသုံးပြုသည့်အနေအထားထိရောက်အောင် တစ်ဆင့်ခြင်း ရှင်းပြပါ့မယ်.....
ပထမဆုံးအနေနဲ့ စော့ဝဲကို Right Click->Run as administrator (or) Double Click လုပ်ပြီး စတင် Run ပါ့မယ်....


Run ပြီးတဲ့ အချိန်မှာ ဒုတိယအဆင့်အနေနဲ့ အောက်က ပုံမျိုး မြင်ရမှာဖြစ်ပါတယ်......


Options ဆိုတဲ့ Button ကတော့ ဒီစော့ဝဲကို မိမိ မည်သည့်နေရာကို တင်ချင်လည်းဆိုတာကို ရွေးပေးနိုင်ပါတယ်....အခု ကျွန်တော်ကတော့ C: ထဲမှာပဲ တင်လိုက်ပါ့မယ်.....



ကိုယ်တင်ချင်တဲ့ နေရာကို သတ်မှတ်ပေးပြီးသွားပြီ ဆိုရင်တော့ Ok ပေးလိုက်ပါ.....ထို့နောက် မူလ Box ကိုပြန်လည်ရောက်ရှိသွားပါလိမ့်မယ်.....အခုဆိုရင် Install စတင်လုပ်ဆောင်ပါတော့မယ်......Install လုပ်ဆောင်ဖို့အတွက် Install Luxand Blink ဆိုတာလေးကို Click လုပ်လိုက်ပါ....Install လုပ်နေစဉ်အချိန်မှာပဲ အောက်မှာမြင်ရတဲ့ Box မျိုးလေးဆက်တက်လာပါလိမ့်မယ်.....



ယခုအဆင့်ကတော့ မိမိ အသုံးပြုမယ့် Webcam အမျိုးအစားကို မေးလာတဲ့ Box ကလေးပဲဖြစ်ပါတယ်.....မိမိ အသုံးပြုမယ့် Webcam ကို တစ်ကလေး ပေးပြီးတာနဲ့ Apply လုပ်ပေးလိုက်ပါ.......ထို့နောက် အောက်မှာမြင်ရတဲ့ Box ဆက်တက်လာပါလိမ့်မယ်......




Configure Later ကိုပေးလိုက်မယ်ဆိုရင်တော့ စော့ဝဲက ချက်ချင်း အသုံးပြုဖို့အတွက် Active ဖြစ်နေမှာ မဟုတ်ပါဘူး.....ချက်ချင်း Active ဖြစ်ဖို့အတွက် Next ကို Click လုပ်ပါ့မယ်......




အခုဆိုရင်တော့ Camera ကနေတစ်ဆင့် မိမိ မျက်နှာကို ဒီစော့ဝဲလေးက မှတ်မိနေအောင် Register လုပ်ရပါတော့မယ်....အကောင်းဆုံးဖြစ်ရန်အတွက် မိမိ မျက်နှာကို ဘယ်ဘက်ကနေ ညာဘက်ကို တဖြေးဖြေးချင်း လှည့်ပြရပါ့မယ်....အဲအတွက် Next ကို Click လုပ်ပြီး Register လုပ်ရပါ့မယ်.........(Password တောင်းတဲ့ နေရာကတော့ မိမိ ၀င်းဒိုးမှာ နဂို Password ခံထားတယ်ဆိုရင်တော့ ခံထားတဲ့ Password ကိုပဲရိုက်ထည့်ပေးရမှာဖြစ်ပြီး လုံးဝ မခံထားဘူးဆိုရင်တော့ Finish ကိုပဲ ပေးရပါ့မယ်.....)အခုဆိုရင်တော့ Register လုပ်တာအောင်မြင်သွားပါပြီ....အဲလိုမှမဟုတ်ပဲ မိမိတင်ထားတဲ့ စော့ဝဲကို Active ဖြစ်မဖြစ်ကို Hide Bar မှတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်.....





အခုအထက်က ပုံကတော့ ကျွန်တော်က Register လုပ်မထားတဲ့ အတွက် Setting ကနေတစ်ဆင့် ပြန်သွားပါ့မယ်.......


အခုအပေါ်က နှစ်ပုံကတော့ Register လုပ်ပြီးတာနဲ့ မလုပ်ရသေးတာကို ယှဉ်တွဲပြထားတာပါ........Register မလုပ်ရသေးလို့လုပ်ချင်တယ်ဆိုရင် Remember ကနေတစ်ဆင့် လုပ်ဆောင်နိုင်သလို .Register လုပ်ထားပြီးသားကို ဖျက်ပစ်ချင်တယ်ဆိုရင် Delete ကနေ ပြန်ဖျက်ပစ်နိုင်ပါတယ်......အခုလောက်ဆိုရင်တော့ အသုံးပြုနည်းကို နားလည်ကြလိမ့်မယ်လို့ ယူဆမိပါတယ်.......Xp,Vista,W7 စသည့် All OS မှာ အသုံးပြုနိုင်ဖို့အတွက် နှစ်ခုခွဲပြီးတော့ ထပ်တင်ပေးထားပါတယ်........အဆင်ပြေနိုင်ကြပါစေဗျာ....



via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by မုန်တိုင်း on 15/11/10 မှ ကူးယူဖော်ပြပါသည်။