pdf password remover
 zaw2aung: ညီရေ pdf password remover fullversion  လေးများရှိရင်ပို့ပေးပါဦး
zaw2aung: ညီရေ pdf password remover fullversion  လေးများရှိရင်ပို့ပေးပါဦး
ကျွန်တော်တင်ပေးလိုက်ပါပြီ .. ဒါပေမယ့်  တစ်ခုကြိုပြောပါရစေဗျာ . ဒီစကားကလဲ ခဏခဏ ပြောနေရတာပါ . တစ်ချို့ဆိုရင်  ကျွန်တော့်ကို အမြင်တောင် ကပ်နေပြီလားမသိပါဘူး . ကျွန်တော်အခု  ဖိုင်နဲ့တွဲပြီး Keygen ပါတွဲပြီး  တင်ပေးလိုက်တာပါ . အဲ့တော့ Register  မလုပ်ခင် ဗိုင်းရပ်စ် program  ကို ခဏပိတ်ထားပေးပါ . Virus  သတ်တဲ့ ဘယ် Program  ပဲဖြစ်ဖြစ် Keygen ကို virus လို့ပဲ သိကြတာပါ .  ပြီးတော့မှ ကျွန်တော့်ကို serial  no. တောင်းနေတယ်လို့ . လိုင်စင်လုပ်ဖို့တောင်းနေတယ် . ကိုညီနေမင်းက product key အတွက်တော့  ဘာမှမပေးလိုက်ဘူးတို့ . ခဏခဏပြောနေတာ တွေ့ရပါတယ် . ဟိုတစ်ရက်ကဆိုရင်  ဗိုင်းရပ်စ်ပါတယ်တောင် လုပ်တာ . ကျွန်တော် keygen ဖိုင်တွဲထည့်ပေးတဲ့ အခါတိုင်း ဒီစကားကို  ခဏခဏပြောပါတယ် . အဲ့တော့ ကျွန်တော်တို့ register မလုပ်ခင် ပိတ်ပြီးမှ Keygen ကို run  ပါ . ပြီးတော့မှ virus  တော့ပါတယ် . လိုင်စင်လုပ်ဖို့တော့ မပါဘူးလို့ မပြောကြပါနဲ့ . ကျွန်တော်  ဘယ်တော့မှ အဲ့လိုမျိုး သူများဒုက္ခရောက်အောင် စိတ်အပင်ပန်းလူအပင်ပန်းခံပြီး  မလုပ်ပါဘူး . အစ်ကိုရာ  ဗိုင်းရပ်စ်တွေပါလာတယ် . အစ်ကိုအဲ့လိုတော့ မလုပ်သင့်ပါဘူး ဆိုတော့ ကိုယ်ကဘဲ လူယုတ်မာလိုလိုဘာလိုလို နဲ့  ပြောပုံက အတော်အခံရခက်တာဗျ . ရေးပြထားတာတွေကိုလဲ အသေအချာ  အစအဆုံးမဖတ်ပဲ နင်းကန် အပြစ်တင်တာ အတော်ဆိုးတယ်ဗျာ .. အခမဲ့ သက်သက်  မြန်မာပြည်က လူငယ်တွေ နည်းပညာလေ့လာရလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ  ကူညီပေးရုံသက်သက်ပါ . ကျွန်တော် ဓါတ်ပုံနဲ့ကို လုပ်ပုံလုပ်နည်း  ကိုတင်ပေးလိုက်ပါတယ် . register  လုပ်တဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်နဲ့လုပ်ပါ . အောက်မှာ  ပုံနဲ့ပြထားပေးပါတယ် .  




Download ifile.it ၊ Download mediafire
 အုပ်စုများ password remover  
 http://www.nyinaymin.com/2009/09/pdf-password-remover.html မှ
 
  
  
 




