Labels

Tuesday, October 5, 2010

လွယ်ကူသော PDF ဖိုင်ပြောင်းနည်း




လွယ်ကူသော PDF ဖိုင်ပြောင်းနည်း



ဖိုင်တစ်ခုကို pdf ဖိုင်တစ်ခုအဖြစ်အရေးပေါ်ပြောင်းဖို့ လိုအပ်နေသူများအတွက် လျင်လျင်မြန်မြန်
အသုံးတည့်မယ့် free pdf file ပြောင်းတဲပ software ကိုရယူနိုင်ဖို့ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်
ဒီ software ကို free download လုပ်ယူလို့ရပါတယ်
ဒါ့အပြင် ကိုယ်ပို့လိုက်တဲ့ E-mail မှာပါတဲ့စာတွေရဲ့ font တွေမပေါ်လို့ ၊ဟိုတစ်ဖက်ကလူ ဖတ်မရဘူးလို့
အကြောင်းပြန်လာတဲ့အခါ ကိုယ့်ဖိုင်ကို pdf ပြောင်းပေးလိုက်တာဟာ အသုံးတည့်စေမယ့် နည်းတစ်ခုပါ
အဲဒါက ကိုယ်ကစာကို ဘာ font နဲ့ပဲဖြစ်ဖြစ်ရေးနိုင်ပြီး အားလုံးပြီးရင် pdf ဖိုင်ပြောင်းပစ်လိုက်ပြီးမှ pdf ဖိုင်ကို
Attach လုပ်ပြီးပို့တဲ့နည်းပါ ။ ဒါဆိုရင် ဖိုဖက်ကလူမှာ font မရှိမှာ စိတ်မပူရပဲပို့လို့ရပါပြီ
အဲဒီလို file ကို pdf ပြောင်းဖို့ကတော့ အောက်ပါအဆင့်လေးတွေအတိုင်းလုပ်ကြည့်လိုက်ပါ
1 ။ ဒါကတော့ကူးရမဲ့ download လင့်လေးပါ
http://www.dopdf.com/download.php

2။ ကိုယ်ကြိုက်တဲ့နေရာမှ save ပြီး file ကို run လိုက်ရင် ကိုယ့်စက်ထဲမှာ pdf software ရလာပါပြီ

3။ File တစ်ခုခုကို pdf ဖိုင်ပြောင်းမယ်ဆိုရင်တော့ file ကိုဖွင့်ပြီး Print ( Ctrl + P ) ပြီးရင် Printer name ထဲက
dopdf v 7 ကိုရွေးပြီး OK ပေးလိုက်ရင် အဆင်ပြေပါပြီ

အခု dopdf နဲ့ဖိုင်တွေကိုပြောင်းရတာ တချို့ pdf maker တွေနဲ့ပြောင်းရတာထက် ပိုပြီးအဆင်ပြေလွယ်ကူပါတယ်

(ကျွန်တော်လိုမတတ်သေးသူများအတွက်သာအတွက်သာရည်ရွယ်ပါသည်။ သိပြီးသားစာဖတ်သူကိုတော့ အားနာပါရဲ့)

ဝန်ခံချက်
Voice စာစောင်ထဲမှာ မြင်နေရပြီးဖတ်မရတာမျိုးဖြေရှင်းပေးမဲ့ pdf မူရင်းစာရေးသူ T-Zaw မှ ကောက်နုတ်ဖော်ပြပါသည်။