Labels

Thursday, October 28, 2010

ံHDD ကို partition ပိုင်းကြည့်ရအောင်




EASEUS Partition Master Home Edition

ဝင်းဒိုးတင်ပြီးမှ partition ပြန်ပိုင်းချင်တဲ့သူတွေအတွက်ပါ..။

အကိုတစ်ယောက်က မေးထားတာနဲ့ကျွန်တော်လည်း ရှာကြည့်လိုက်တော့ ဒီ software ကိုသွားတွေ့တာ

Free ပေးတာပါပဲ သုံးရတာလည်း အရမ်းလွယ်တယ် အောက်မှာ ပုံတွေနဲ့ရှင်းပြပေးမယ်..။

ဒီပုံထဲကလို ကိုခွဲယူမည့် drive ကိုကလစ်လိုက်...

ဒီပုံထဲကလို ကလစ်ပြီးရင်တော့ ResizeMove ဆိုတဲ့မှင်ဝိုင်းထားတဲ့နေရာကိုကလစ်...

ဒီ partition size က စုစုပေါင်း 205243.0 MB ပေါ့ဗျာ ကျွန်တော်က 1 GB ရှိတဲ့ partition အသစ်တစ်ခု

ထပ်ပြီးခွဲမှာဆိုတော့ အဲဒီမျှားပြထားတဲ့နေရာက partition size ဆိုတဲ့အကွပ်ထဲမှာ 204243.0 လို့ရိုက်ထည့်

လိုက်မယ်ပြီးရင်တော့ OK ကလစ်ပေါ့ဗျာ..။

ဒီပုံထဲကလို 999.52 MB Unallocated ဆိုပြီးပေါ်လာပါလိမ့်မယ်...။

ဒီပုံထဲကလိုကလစ်လိုက် ပြီးရင်တော့ အပေါ်နားက မှင်ဝိုင်းပြထားတဲ့ create ကိုကလစ်ပေါ့ဗျာ..။

နံပါတ် (၁) မှာလို ပေးချင်တဲ့နာမည်လေးပေးလိုက်ပေါ့ ကျွန်တော်ကတော့ mydata လို့ပေးလိုက်တယ်...။

နံပါတ် (၂)မှာကတော့ logical,primary စသည်ဖြင့်ပေါ့...။

နံပါတ်(၃) မှာကတော့ file systems ပေါ့ NTFS ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ ပြီးရင်တော့ OK ...။

ဒီမှာတော့ စောစောက ကျွန်တော်ပေးထားတဲ့ mydata ဆိုတဲ့နာမည်နဲ့ ရောက်လာရင် အထက်နားက

Apply ကိုကလစ်လိုက်ဗျာ..။Apply ကိုကလစ်ပြီးရင်တော့ ကျလာတဲ့ dialogue Box ထဲက YES ကို နှစ်ကြိမ်လုံး

ကလစ်ပေးလိုက်ဗျာ စောင့်ပေးလိုက် ပြီးရင်တော့ Mycomputer မှာ ကြည့်လိုက် partition အသစ်ကိုတွေ့ရပါလိမ့်မယ်ဗျားးးး....။

EASEUS Partition Master ကိုတော့ ဒီမှာသာ ယူလိုက်ကြဗျာ Free ပဲ...။


via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by crooner on 15/10/10  မှ ကူးယူဖော်ပြပါသည်။