စာဖတ်သူများ အားလုံးမင်္ဂလာပါ
ဒီနေ့ ကျွန်တော် သိသလောက်လေး နည်းပညာစစ်ပွဲများ အကြောင်းကို ပြောပြပါ့မယ်။
ကျွန်တော် ချစ်နေရတဲ့သူတစ်ယောက် က သိချင်တယ်ဆိုလို့ အရဲစွန့်တင်ပေးရခြင်းဖြစ်ပါတယ်။
အမှားများပါခဲ့ပါလျှင် စောစီးစွာ ကြိုတင်ပြီး တောင်းပန်အပ်ပါတယ်နော် ။
ကျွန်တော်တို့သိတဲ့ Cyber စစ်ပွဲ(သို့) Cyber War ပေါ့ ။ အဲ့ဒါကတော့
ကျွန်တော်သိသလောက် ဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာ Computer နည်းပညာပိုင်းကို
Hardware , Software , Firmware , Network ပိုင်းအစရှိသော
ပညာရပ်များတွင်တစ်စိုက်မတ်မတ်လေ့လာသူ(သို့) Computer နည်းပညာပိုင်းတွင် အဓိကကျသော
လုံခြုံရေးဆိုင်ရာ ပညာရပ်များတွင် တတ်ကျွမ်းသောပညာရှင်များ (Hackers) အုပ်စုများ
တဖြည်းဖြည်းများလာတာနဲ့အမျှ သူတို့စိတ်ထဲက သူတို့ နိုင်ငံရဲ့  အချုပ်အခြာ အာဏာပိုင်းကို
ထိပါးနှောင့်ယှက်သူ ၊ သူတို့ နိုင်ငံရဲ့  နိုင်ငံရေး ၊ စီးပွားရေး ၊ လူမူရေး ၊ ဘာသာရေး အစရှိသည်တို့တွင်
မတရား နိုင့်ထက်စီးနင်း ပြုလုပ်သူတွေလို့ သတ်မှတ်ခြင်းခံရတဲ့ သူတို့ရဲ့ (Enemy's)
လို့ထင်မြင်ယူဆတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက ကျတဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေ ၊
စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ၊လူမူရေးဆိုင်ရာ အချက်အလက်တွေ ၊ ဘာသာရေးဆိုင်ရာ
အချက်အလက်တွေအစရှိတဲ့ ထိပ်တန်းလျှို့ ဝှက်သတင်း အချက်အလက်များစွာကို
လူသိရှင်ကြားထုတ်ဖော်ပြခြင်း ၊
သူတို့ရဲ့  (Enemy's) နိုင်ငံလို့ထင်မြင်ယူဆတဲ့ အစိုးရ၀ပ်(စ်)ဆိုက်များ ၊ စီးပွားရေးဆိုင်ရာဝပ်(စ်)ဆိုက်များ ၊
လူမူရေးဆိုင်ရာဝပ်(စ်)ဆိုက်များ ၊ ဘာသာရေးဆိုင်ရာဝပ်(စ်)ဆိုက်များ အစရှိသည်များကို
တိုက်ခိုက်နှောင့်ယှက်ခြင်း ၊ ၀င်ရောက်အသုံးပြုပြီး သူတို့စိတ်တိုင်းကျ Data များကို ဖျက်ဆီးပစ်ခြင်း
၊ ရောင်းစားပစ်ခြင်း အစရှိသည်များကို ပြုမူဆောင်ရွက်ပါတော့တယ် ။
ထိုကဲ့သို့ တိုက်ခိုက်နှောင့်ယှက်သော နိုင်ငံတွင်းနေ (Hackers) များမှလဲ တစ်ဖန် ပြန်လည်ပြီး
အထက်ပါ လုပ်ဆောင်မူများ အတိုင်း ပြန်လည်ပြီး တိုက်ခိုက်ကြရာမှ ယခု ပြောပြောနေကြသော
Cyber War ဆိုတာကြီးက တစ်စထက် တစ်စ ကြီးထွားလာခဲ့သည် ဟု ကျွန်တော် ထင်မြင်ယူဆပါသည်။
ဒါကတော့ ကျွန်တော်သိသမျှ Cyber War အကြောင်းကို တင်ပြထားခြင်းဖြစ်ပါသည်။ အမှားအယွင်းများရှိခဲ့ပါက ပြည်တွင်းနေ၊ပြည်ပနေ Hackers အားလုံးကို ခွင့်လွတ်ပေးစေလိုပါသည်။
အားလုံးကိုလေးစားလျှက်
အိုင်တီညီငယ်