ကဲ စာဖတ်ပရိသတ်များ အားလုံး မင်္ဂလာပါ ခင်ဗျာ အခု ကျွှန်တော် တင်ချင်တဲ့ Post လေး တခု ကတော့
Gamer တွေ အတွက် သတင်းကောင်းတခုလို့ ပြောလို့ လဲ ရတာပေါ့ဗျာ။
Customer တစ်ယောက် ပြောပြလို့ သူ့ဆီက တစ်ဆင့် သိခဲ့ရတဲ့ ပညာလေး တခုပေါ့ သူ့ Software နာမည်ကတော့ BlueStacks-SplitInstaller_native ဆိုတာပါ။
သူ့ရဲ့  ဆိုက်လိပ်စာလေးက တော့ http://www.bluestacks.com/ ဘဲ ဖြစ်ပါတယ် ။ အဲ့ဆိုက်ကို ၀င်ဝင်ချင်းမှာဘဲ ကိုယ့်စက်နဲ့ ကိုက်မယ့် OS ကို ကိုယ်တိုင်ရွှေးချယ်ပြီး Android Mobile ပေါ်က Game တွေကို မိမိတို့ရဲ့  ကိုယ်ပိုင် PC ထဲမှာပါ ဆော့ကစား နိုင်ကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ်ဗျာ။
မှတ်ချက် ။ ။ တစ်ခုတော့ရှိတယ်ဗျ။ ကျွှန်တော် Install လုပ်ပေးတုန်းကတော့ Internet ကို
ဖွင့်ပြီး Install လုပ်ပေးခဲ့ဖူးတာဆိုတော့ Internet ကိုတော့ ဖွင့်ထားဖို့
လိုပါလိမ့်မယ်ဗျာ ။
အားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျှက်
IT ညီငယ် (ခေါ်) အောင်သူအေး