Labels

Saturday, January 5, 2013

The Voice Myanmar

http://ghostarea.net/2013/01/05/the-voice-weekly-website-is-under-attack/ မှ ကူးယူဖော်ပြ ပါသည်။
ယခု သတင်းရေးသားနေချိုန် ၆ : ၂၂ မိနစ် The Voice Myanmar အခြေအနေဖြစ်ပါသည် ။



ကချင်စစ်သတင်းအမှားများ ထုတ်လွှင့်မှု. Media ကျင့်ဝတ် ဖောက်ဖျက်မှုတို့ဖြင့် The Voice Weekly Journal ၏ Website အား မြန်မာ Hacker တို့က ၅ ဇန်န၀ါရီ ၂၀၁၃ တွင် DDos ဖြင့်တိုက်ခိုက်ခဲ့ကြသည် ။
ယင်း တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး Operation KIA မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် mgty3y3 င့် ဆက်သွယ် မေးမြန်းခဲ့သည် ။
Ghost Area : ဟုတ်ကဲ့ ဒီနေ့ The Voice Weekly ကို မြန်မာဟက်ကာတွေ DDos တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ် အကြောင်းအရင်းကိုသိလို့ရမလားခင်ဗျာ?
mgty3y3 : သူတို့က သတင်းမှားတွေနဲ့ KIA ကိုဘက်လိုက်တဲ့သတင်းတွေရေးနေလို့ပါ
Ghost Area : ဟုတ်ကဲ့ ဘယ်အချိန်က စတိုက်ပြီး ဘယ်အချိန်မှာကျသွားလဲဆိုတာလည်းသိပါရစေ
mgty3y3 : ညနေ ၂နာရီလောက်က တိုက်ပြီး ၅နာရီလောက်မှာကျသွားတာပါ
Ghost Area : ဟုတ်ကဲ့ အကိုတို့ရဲ့ Operation KIA ရည်ရွယ်ချက်ကိုလည်းသိလို့ရမလားခင်ဗျာ
mgty3y3 : မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ပြီး KIA ဘက်ကို တစ်ဖက်သတ် စောင်းနင်း လိုက်ရေးသားနေတဲ့ မီဒီယာတွေ ကို တိုက်ခိုက်ဖို့ပါ ။
Ghost Area : ဟုတ်ကဲ့ပါ Operation KIA ရဲ့လက်ရှိ အင်အားကိုလည်းသိလို့ရမလားခင်ဗျာ
mgty3y3 : လက်ရှိတော့ မန်ဘာ ၂၁ ယောက်ရှိပါတယ်
Ghost Area : အကိုတို့ရဲ့ Operation KIA ကို ၀င်ရောက်အားဖြည့်ချင်တယ်ဆိုရင်ရော အကိုတို့အနေနဲ့လက်ခံမလား လက်ခံမယ်ဆိုရင် ဆက်သွယ်ရန်လေးသိပါရစေခင်ဗျာ
mgty3y3 : လက်ခံပါတယ် https://www.facebook.com/groups/operationkia/
Ghost Area : ဟုတ်ကဲ့ အကိုတို့ရဲ့ Next Target ကလေးကိုသိလို့ရမလားခင်ဗျာ
mgty3y3 : ကျွန်တော် တို့နောက်မှ ထုတ်ပြန်ပါ့မယ်
Ghost Area : ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် ကျွန်တော်တို့ Ghost Area Editor Team မှ အထူးကျေးဇူးတင်ရှိပါသည် ။