Labels

Tuesday, November 15, 2011

Access Kit ဖြင့် Internet ချိတ်ဆက်အသုံးပြုပုံ

Modem Card အား ပထမဦးစွာတပ်ဆင်ခြင်း
၁။ ပထမဆုံး မိမိ၏စက်တွင် Modem Card ရှိ၊မရှိ စစ်ဆေးပါ ။ မရှိပါက Modem Card ကို ပထမဦးစွာ ၀ယ်ယူတပ်ဆင်ရမှာဖြစ်ပါတယ် ။ အောက်ဖော်ပြပုံအတိုင်း ကြည့်ရူတပ်ဆင်ပါ။ (တပ်ဆင်တတ်သူများ အတွက်မဟုတ်ပါ။ )
၂။ ထိုသို့ Modem Card စိုက်ပြီးပါက စက် အဖုံးပြန်ပိတ်ပြီး အသစ်တပ်ဆင်ထားသော Modem Card မှပါလာသော Driver ခွေဖြင့် Modem Card သိအောင် အရင် လုပ်ပါ။

Network Settings ချိတ်ဆက်ခြင်း(Window XP တွင်)
၁။ပထမဦးစွာ Start>Run သို့ သွားပြီး ncpa.cpl ဆိုသည့် Command ကို ရိုက်ထည့်ပါ။

၂။ ထိုအခါ Connection အသစ်တခုပြုလုပ်ရန် ဘေးဘက်ရှိ box မှ New Connection ဆိုသော Tab ကို နှိပ်ပါ။

၃။ထို့နောက် Internet Connection Wizard တွင် Connect using a dial-up connection ဆိုသော Tab ကို နှိပ်ပါ။


၎။ ထိုသို့ ပြုလုပ်ပြီးသည့်နောက်တွင် Internet အသုံးပြုတဲ့နာမည် ၊ထို့နောက် ဖုန်းနံပါတ် များကို ဖြည့်ပေးရပါမယ်။ Internet name မှာ Baganet သို့မဟုတ် နှစ်သက်ရာ နာမည်တခု ထည့်ပါ။ ဖုန်းနံပါတ်နေရာတွင် 146 ထည့်ပါ။ မှတ်ချက်။ ။ ထိုသို့ ထည့်သွင်းရာတွင် မိမိ၏ ဖုန်းမှာအရှေ့မှ9ထည့်ပြီးမှ ခေါ်ဆိုနိုင်သောဖုန်း ဖြစ်ပါက အရှေ့တွင် 9 တပ်ပြီး 9146 ဟုထည့်သွင်းခေါ်ဆိုမှ လိုင်းရမည် ဖြစ်ပါသည်။
ခင်မင်စွာဖြင့်
ITညီငယ်