ဓါတ်ပုံ၊ ရုပ်ပုံများကို အကြီးချဲ့ ခြင်း
မိမိဓါတ်ပုံများကို ချုံ့ တာနဲ့  ပတ်သက်ပြီး လွမ်း ရေးတင်ခဲ့ပြီးဖြစ်ပါတယ်…
လွမ်းရေးထားတာကို လက်တွေ့ လုပ်ကြည့်ပြီးတဲ့သူတွေက အခုရေးမဲ့ ဓါတ်ပုံ၊ ရုပ်ပုံတွေကို ချဲ့  ချင်တဲ့အခါ လုပ်ပုံလုပ်နည်းကို လွယ်ကူစွာနဲ့ 
လုပ်နိုင်မယ်လို့  ယူဆပါတယ်…
လွမ်း နမူနာယူပြီး ရှင်းပြမဲ့ပုံက ချော့ကလက်မြို့ တော်မှာ မနက်ဆို မနက်စာတွေပို့ ၊ ညဆို ဆီမီးတွေ လိုက်ထွန်းပြီး ကောင်းသောညပါလို့  လိုက်နှုတ်ဆက်တတ်တဲ့ ဂဒိုးရဲ့ နောက်ခံပုံလေးနဲ့  ရှင်းပြပါမယ်…
ဂဒိုးက သူရဲ့ စာမျက်နှာနောက်ခံမှာ ထည့်ချင်တဲ့ပုံရဲ့ မူလ Size က 176KB ရှိပြီး Dimensions က 721x540 Pixels ရှိပါတယ်…
Monitor ရဲ့ Background က အနည်းဆုံး 1024x768 Pixels ရှိရပါမယ်… Wide Screen Monitor အတွက်ဆိုရင် အနည်းဆုံး 1280x800 Pixels
ရှိရမှာပါ…
နောက်ခံပုံက တစ်ပုံတည်းထားရင် ပိုကြည့်ကောင်းတာမို့  သူ့ ရဲ့ပုံကို ချဲ့ ဖို့ လိုလာပါပြီ…
Microsoft Office Picture Manager ကို အသုံးပြုပြီး ပုံချဲ့ ခြင်း
၁။ မိမိချဲ့  လိုသော ရုပ်ပုံပေါ်မှာ Right Click>>>Open with>>>Microsoft Office Picture Manager ကို Click လုပ်ပြီး ဖွင့်လိုက်ပါမယ်…
![Choose MSPM](http://i51.tinypic.com/2vsfg3k.jpg)
၂။ Edit Pictures… ဆိုတာကို Click ပြုလုပ်ပါမယ်…
![Edit Picture](http://i55.tinypic.com/f2vnf8.jpg)
၃။ Edit Pictures Dialog Box ပေါ်လာတဲ့အခါ Resize ဆိုတာကို Click ပြုလုပ်ပါ…
![Resize](http://i54.tinypic.com/2ihbh8h.jpg)
၎။ အဲဒီအခါ Size setting summary မှာ မိမိပုံရဲ့ Original Size ကို ပြနေပါလိမ့်မယ်…
![Original Size](http://i54.tinypic.com/zlt083.jpg)
၅။ Custom Width မှာ မိမိလိုချင်တဲ့ 1024 လို့ ရိုက်ထည့်ပေးရုံပါပဲ… Size setting summary မှာ New Size ပေါ်လာပါလိမ့်မယ်… OK ကို Click လုပ်လိုက်တာနဲ့  ပုံကို ချဲ့ ပြီး ဖြစ်သွားပါလိမ့်မယ်…
![Change Size](http://i55.tinypic.com/2iiz6s9.jpg)
၆။ File>>>Save as… ကို Click လုပ်ပြီး သီးခြားနာမည်ပေးပြီး သိမ်းနိုင်ပါတယ်…
![Save as](http://i56.tinypic.com/35lhn5t.jpg)
ချဲ့ ပြီးပုံကို ပြန်ကြည့်လျှင် Size 265KB နဲ့  Dimensions 1024x767 Pixels ဖြစ်နေတာကို တွေ့  ပါလိမ့်မယ်… မိမိချဲ့ လိုသော Dimesions ကို
ပြောင်းလို့ ရပါတယ်… တစ်ခု သတိပြုရမှာက အလွန်သေးငယ်တဲ့ Size ကို ချဲ့ဖို့  ကြိုးစားမယ်ဆိုရင်တော့ ၀ါးသွားတတ်ပါတယ်…
PhotoShop ကို အသုံးပြု၍ ချဲ့ ခြင်း
၁။ File>>>Open နဲ့  မိမိချဲ့ လိုသောပုံကို ဖွင့်ပါ… Image>>>Image Size… ကို Click လုပ်ပါ…
![Image Size](http://i51.tinypic.com/2gtav4j.jpg)
၂။ Image Size Dialog Box ပေါ်လာတဲ့အခါ မိမိပုံရဲ့ Image Size ဖြစ်တဲ့ Dimensions 721x540 Pixels ကို တွေ့ ရပါလိမ့်မယ်…
![Image Size Dialog Box](http://i54.tinypic.com/16bgcup.jpg)
၃။ Width နေရာတွင် 1024 လို့ ရိုက်လိုက်တာနဲ့  Automatically Height မှာ 767 ပြောင်းသွားပါလိမ့်မယ်… Constrain Proportions ကို Tick လုပ်ထားရမှာ ဖြစ်ပါတယ်…
Drop Down List မှာလဲ Bicubic Smoother(best for enlargement) ကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်… OK လို့ ပေးလိုက်တာနဲ့  ပုံချဲ့ ပြီးသားဖြစ်သွားမှာပါ…
![Drop Down List](http://i54.tinypic.com/212wmxs.jpg)
၎။ ပုံကို File>>>Save as… ကို Click လုပ်ပါ…
![Change Save](http://i51.tinypic.com/10paib8.jpg)
၅။ File Format ကို JPEG ကိုရွေးပြီး File Name ပေးပြီးသိမ်းပါ…
![Save Choose](http://i53.tinypic.com/1z1bngn.jpg)
၆။ Save ကို Click လုပ်လိုက်တဲ့အခါ JPEG Options ပေါ်လာပါလိမ့်မယ်… Maximum ရွေးပြီး သိမ်းပါ…
![Jpeg Options](http://i55.tinypic.com/2euk0gp.jpg)
ချဲ့ ပြီးပုံကို ပြန်ကြည့်လျှင် Size 304KB နဲ့  Dimensions 1024x767 Pixels ဖြစ်နေတာကို တွေ့  ပါလိမ့်မယ်…
ပုံကို Actual size ကြည့်လျှင် မူလပုံနီးပါး ကြည်လင်နေတာကို တွေ့ ရမှာပါ…
ဒီလောက်ဆိုရင် ပုံတွေကို ကိုယ်လိုချင်တဲ့ Size ကို ချဲ့ တတ်သွားကြလိမ့်မယ်လို့  ယူဆပါတယ်…
ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာများ တိုးတက်ကြပါစေ…
လွမ်း
၀၈-၀၉-၂၀၁၀
ည ၉း၁၆ နာရီ
via Everyone's Blog Posts - chocolate by လွမ်း on 08/09/10