Labels

Sunday, August 1, 2010

သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့အချက်တစ်ချို့

သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့အချက်တစ်ချို့

Posted by D' Leh on ဩဂတ်(စ်) 1, 2010 at 11:00am

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ ပြည်တွင်း ပြည်ပ ဆက်သွယ်နေကြတဲ့ ပြည်တွင်းမှ တတ်ကြွလှုပ်ရှားသူများအား ခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့ တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေ ရှိနေပါသည်။

keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ ၎င်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၎င်းမှ မိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သမျှ အားလုံးအား ၎င်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီး ဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့် အစစအရာရာအား အတိအကျပင် ၎င်းက မှတ်သားထားပေးနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပါသည်။)

ထိုကဲ့သို့သော ဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင် သွင်းထားပြီး လာရောက် သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအား အတိအကျ ထောက်လှမ်းထား နိုင်၍ မိမိတို့အနေဖြင့် ဆိုင်ဘာကဖီး သို့မဟုတ် တစ်ပါးသူ၏ ကွန်ပျူတာအား သုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ၎င်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက အကောင်းဆုံးနှင့် လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။

မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား သူတစ်ပါးဆီ ပါမသွားနိုင်အောင် လုပ်ရမည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .. ။

ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။
Task manager ၀င်းဒိုးတက်လာပါက Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီ ဖြစ်ပါသည်။

ထိုသို့ တွေ့ရှိပြီဆိုလျှင် ၎င်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။ ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့် ၎င်းလုပ်ဆောင်နေသည့် လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားပြီး မိမိလုပ်ကိုင်နေ သည်များကိုလဲ မှတ်ထားတော့မည် မဟုတ်တော့ပါ။

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။ အကောင်းဆုံးနည်းလမ်းမှာ task manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရိုးရိုး ယူဆာတွေအနေနှင့် ဘယ်လို ဖိုင်အမျိုးအစားက အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုခြင်းကို မသိနိုင်၍ အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab ထဲတွင် ရှိသမျှ ဖိုင်လ်များအားလုံးအား end process လုပ်ပြီး မိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသော အင်တာနက်ဆိုင်ကိုသာ သွားရောက် အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့်အတန်း ၎င်းဆိုင်တွင် အသင့်အတင့် မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ၎င်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှ ဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင် မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည် ဖြစ်ပါသည်။

ယခုပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းမှာ ပြီးခဲ့တဲ့ တစ်ရက်ကပဲ ကျွန်တော့်ကို ပြည်တွင်းမှ တတ်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ ရန်ကုန်ုမြို့ တာမွေမြို့နယ် ကျောက်မြောင်းအရပ်တွင်ရှိသော အင်တာနက်ဆိုင်တစ်ဆိုင်တွင် နိုင်ငံရေး လှုပ်ရှားသူ တစ်ယောက် ပြည်ပနှင့်အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့်တကွ အဖမ်းခံရတယ်ဟုပြောပြခဲ့၍ အခြားသောပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနှေနှင့် နည်းပညာပိုင်းအရ ရှောင်လွှဲလို့ရနိုင်တဲ့ အချက်လေး တစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက် အကူ ဖြစ်စေချင်လို့ပဲ ဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့ ပြည်တွင်း အဆက်အသွယ်တွေကို ပြောပြရင်းး သူတို့ရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အထောက်အကူ ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။

Tags: သားဥာဏ်


From      http://eainlwanthu.ning.com/profiles/blogs/2792795:BlogPost:260352