Labels

Sunday, July 11, 2010

Program ဆိုတာ ? Compilation ဆိုတာ ?Interpretation ဆိုတာ? လေ့လာသင့်ပါတယ်


Program ဆိုတာ ?


Program ဆိုသည်မှာ လုပ်ဆောင်ချက်တစ်ခုကို ကွန်ပျူတာအား မည်သို့မည်ပုံ လုပ်ရမည်ကို

ညွှန်ကြားမှုပေးသော လမ်းညွှန်ချက်များကို အစီအစဉ်တကျ စုဝေးထားသောအရာဖြစ်သည်။ ကွန်ပျူတာ

တွေက ကျွန်တော်တို့ လူသားတွေ အချင်းချင်းအပြန်အလှန် ပြောဆိုကြတဲ့ ဘာသာစကားမျိုးကို

နားမလည်ပါဘူး။ တကယ်တော့ ကွန်ပျူတာက နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကားကတော့

machine code (0s,1s) တွေပဲ ဖြစ်ပါတယ်။ machine code တွေဟာ ကျွန်တော်တို့အတွက် နားလည်ဖို့

ရော ရေးသားဖို့ပါ လွန်စွာခက်ခဲပါတယ်။ ဒါကြောင့် program တွေကို ရေးသားတဲ့အခါ နားလည်ရ

လွယ်ကူတဲ့ high level programming language ကို များသောအားဖြင့် အသုံးပြုကြပါတယ်။ ဥပမာ ။

C,C++, Java, VB etc… အဲ့ဒါတွေကို source program တွေလို့ ခေါ်ပါတယ်။ Program များကို Raw

textual form (အကြမ်းပုံစံ)အဆင့်တွင် execute မလုပ်နိုင်ပါ။ ၄င်းတို့ကို computer က နားမလည်

သောကြောင့် အခြားသော program တစ်ခုက processလုပ်ပေးရပါတယ်။ သို့မှသာ အကြမ်းပုံစံထဲရှိ

Statement များကို နားလည်နိုင်မှာ ဖြစ်ပါတယ်။ Program တွေကို နည်းလမ်းနှစ်မျိုးနဲ့ execute
(တွက်ချက်)
နိုင်ပါတယ်။ အဲ့ဒါတွေကတော့ Compilation နဲ့ Interpretation
တို့ဖြစ်ပါတယ်။


Compilation ဆိုတာ ?


Program တစ်ခုကိုcompile လုပ်တယ်ဆိုတာProgram ကိုcomputer ရဲ့processorကနားလည်တဲ့

code အဖြစ်ကို ပြောင်းလဲပေးတာ ပဲဖြစ်ပါတယ်။အဲသည်လိုcompile လုပ်နိုင်ရန်အတွက်compiler

ဆိုတဲ့ program တစ်ခုလိုအပ်ပါတယ်။ ၄င်းကဦးစွာprogram ထဲရှိsyntactic errors
(စာလုံးအသို

အထားအမှားများ) ကိုစစ်ဆေးပေးပါတယ်။ စစ်ဆေးပြီး အမှားကင်းစင်သော programကို object code

အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ တစ်နည်းအားဖြင့်compile လုပ်တယ်ဆိုတာsource program

တွေကို input အဖြစ်ရယူပြီး object code ကို output အဖြစ်ထုတ်ပေးတာပါပဲ။ ကွန်ပျူတာရဲ့ procrssor

က source program ကိုexecute လုပ်နိုင်ခြင်းမရှိပါဘူး။object code ကိုသာexecute

လုပ်နိုင်ပါတယ်။ C & C++ language တွေက ဒီ compilation process ကိုသုံးပါတယ်။


Interpretation ဆိုတာ?


Interpreter ကcompiler ကဲ့သို့ပင်processor ကexecute လုပ်နိုင်ဖို့အတွက်source program

ကိုobject code အဖြစ် ပြောင်းပေးပါတယ်။ Interpreter ကsource program တွေကို စစ်ဆေးခြင်း ၊

machine နားလည်သောoperation အဖြစ်သို့ ပြောင်းပေးခြင်း ၊error ကင်းစင်တဲ့အခါexecute

လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပါတယ်။ Interpreter program ကိုသုံးတဲ့programming language

တွေမှာ PERL လို့ခေါ်တဲ့ PatternExetraction and Reporting Language နှင့် Basic တို့ပါဝင်ပါတယ်။

PERLတစ်ခုကိုinterpret လုပ်တဲ့အခါinterpreterကsyntactic errors တွေကိုဦးစွာ စစ်ပေးပါတယ်။

error တစ်ခုမှမရှိတော့မှ object code ကိုမထုတ်ဘဲprogram ကို တိုက်ရိုက်execute လုပ်ပေးပါတယ်။

Compiler နဲ့ မတူတဲ့အချက်ကတော့interpreter ကကြားခံobject code ကို မထုတ်ဘဲ တိုက်ရိုက်

executeလုပ်ပေးခြင်းပဲဖြစ်ပါတယ်။Execution process ကprogram ထဲမှာရှိတဲ့statement တွေ

အားလုံးကို မပြီးမချင်း လုပ်ဆောင်ပါတယ်။statement အားလုံးပြီးသွား ပြီဆိုရင်တော့ program ကို

terminate အဆုံးသတ် တယ် လို့ခေါ်ပါတယ်။ program မှာ input & output ဆိုပြီးနှစ်မျိုး ရှိပါတယ်။

input ဆိုတာ အသုံးပြုသူuser ထံက ရရှိတဲ့အချက် အလက်ဖြစ်ပါတယ်။ ရရှိတဲ့ အချက်အလက်တွေကို

computer ကexecuteလုပ်ပြီးထုတ်ပေးတဲ့အရာကိုoutput လို့ ခေါ်ပါတယ်။ Statement တစ်ခုရဲ့

outputဟာ တစ်ခြားstatementတစ်ခုရဲ့ input လဲ ဖြစ်နိုင်ပါတယ်။


Introduction to Java ( ဂျာဗားနှင့်တွေ့ဆုံခြင်း)

Java programming language ကSun Microsystems က၁၉၉၀ ပြည့်နှစ်လောက်က မိတ်ဆက်

ပေးပြီး ၊ ယခုအချိန်မှာတော့အလွန်ကိုအသုံးများတဲ့ language တစ်ခုဖြစ်နေပါပြီ။Java ရဲ့

သမိုင်းကြောင်းကို ပြည့်စုံစွာလေ့လာလို သည်ဆိုပါက ဤနေရာ တွင်ကြွက်ကိုနှိပ်ပါ။ Java program ၏

တည်ဆောက်ပုံဟာ object နှင့် class အပေါ်တွင် မူတည်နေသောကြောင့်Java သည် object oriented

programming language တစ်ခုဖြစ်ပါတယ်။ တစ်ခြား language တွေထက်java ရဲ့Aားသာချက်

ကတော့မည်သည့် OS မှာ မဆို execute လုပ်နိုင်ခြင်း ပင်ဖြစ်ပါတယ်။


Compiling Java program

Java ကိုcompile လုပ်ရာတွင်အခြားသောlanguage များနှင့် ကွဲပြားခြားနားပါတယ်။objectcode

ထုတ်မည့်အစား java သည် byte code ဟုခေါ်သော ကြားခံ code တစ်ခုကို ထုတ်ပေး ပါတယ်။ ၄င်း

byte code ကိုprocessor က နားလည်မည် မဟုတ်ပါ။Bytecode များကိုmachine က

နားလည်စေနိုင်ရန်အတွက်JVM (java virtual machine) ခေါ်သော softwareတစ်ခုလိုအပ်ပါသည်။

Java byte code များကJVM software ကexecute လုပ်ပြီးoutput
အဖြစ်machinecode

နားလည်သော code အဖြစ်ပြောင်းပေးပါတယ်။JVM ရှိမည်ဆိုပါက မည်သည့်OS တွင် မဆိုjavaကို

execute လုပ်နိုင်ပါသည်။ ထို့ကြောင့် java သည် (Write once,run any where) တစ်ကြိမ်သာရေးပါ။

ကြိုက်သည့် OS ပေါ်တွင် run နိုင်သည်ဟူသော ဂုဏ်ပုဒ်ကိုရရှိခဲ့ပါသည်။ နည်းပညာအားဖြင့် ပြောရမည်

ဆိုလျှင် byte code ထက် object code က ပို ၍လျှင်မြန်စွာexecuteလုပ်နိုင်ပါသည် ။ ထို့ကြောင့် byte

code သုံးခြင်းသည်translation layer များကို လိုအပ်စေပါသည်။ ဒါပေမယ့် ယခုခေတ်မှာတော့

hardware များ၏ လုပ်ဆောင်မှုများက အမြန်နှုန်း ကွာခြားချက်များကိုမမှုတော့ပါဘူး။


Java program တစ်ခုကိုစတင်ခြင်း

ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ simple progarm တစ်ခု လောက်နဲ့ စတင်ရေးကြည့်ရအောင်။

ဒီ code line တွေကို notepad မှာရိုက်သွင်းရမှာနော် ။note pad မှမဟုတ်ပါဘူး windows

နဲ့အတူပါလာတဲ့ wordpad မှာလည်းရေးလို့ရပါတယ်။ Microsoft office မှာပါတဲ့ Microsoft word

ဒါမှမဟုတ် word perfect စတဲ့ word processing software တွေမှာ လည်းရေးသားလို့ ရပါတယ်။

1. class Firststep

2. {

3. public static void main (String args[])

4. {

5. System.out.println("Hello");

6. System.out.print("Programmer");

7. }

8. }

ကဲ program ကတော့ရေးပြီးသွားပြီ။save လုပ်ကြရအောင်။ဒီလို save လုပ်တဲ့အခါ သာမန်

program application တွေကို save လုပ်သလိုမျိုး မိမိနှစ်သက်ရာနေရာမှာ save လုပ်လို့မရပါဘူး။

ကိုယ် JDK ကို install လုပ်ထားတဲ့
path လမ်းကြောင်းအတိုင်းသွားပြီး ၄င်း JDK
folder ထဲမှ bin

ဆိုသော folder ထဲမှာ .javaဆိုသော extension နဲ့ save လုပ်ရမှာ ဖြစ်ပါတယ်။program ကို ဘယ်လို

runလုပ်ရမယ်ဆိုတာ မပြောခင် အဲဒီ program က ဘယ်လိုအလုပ်လုပ်ပေးမှာလဲ? ဆိုတာကို

အရင်ရှင်းပြပါ့မယ်။ အလုပ်လုပ်ပုံကို line number တွေနဲ့ တစ်ဆင့်ချင်း ရှင်းပြထားပေးတယ်။

ဆက်လေ့လာကြည့်ပါ။ line number 1 က class တစ်ခုကိုတည်ဆောက်တဲ့အဆင့်ပဲဖြစ်ပါတယ်။ class

name ကတော့ Firststep ပဲ ဖြစ်ပါတယ်။ Line no 1 ကတော့class တစ်ခုတည်ဆောက်တဲ့

အဆင့်ပဲဖြစ်ပါတယ်။ class ရဲ့name ကတော့
Firststep ပဲ ဖြစ်ပါတယ်။
Line no 2 ကတော့ class

ရဲ့အဖွင့်ပဲ ဖြစ်ပါတယ်။ Line no 3 ကတော့ main method ကိုကြေညာတဲ့အပိုင်းပဲ
ဖြစ်ပါတယ်။

ဒီအပိုင်းကတော့ java program များအတွက် မပါမဖြစ်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။ Line no 4 ကတော့

main method ရဲ့အဖွင့် ပဲဖြစ်ပါတယ်။Line no 5 ကတော့ monitor မှာ Hello ဆိုတဲ့ စာသားကို

ပေါ်လာစေရန် ရေးသားထားတဲ့ statement ပဲဖြစ်ပါတယ်။ Line no 6 ကတော့ monitor
မှာ

Programmer ဆိုတဲ့ စာသားကိုပေါ်လာစေချင်တဲ့အတွက် ရေးသားထားတဲ့ statement ပဲ

ဖြစ်ပါတယ်။Line no 7 ကတော့ main method ရဲ့ အပိတ်ပဲ ဖြစ်ပါတယ်။ Line no 8 ကတော့ class ရဲ့

အပိတ်ပဲဖြစ်ပါတယ်။ အဲ့ဒီမှာသတိပြုမိလားတော့မသိဘူး ။ Line no 5 & 6 မှာ အနည်းငယ်ကွဲပြား

နေတာကို ။ System.out.println & System.out.print ဆိုတာလေးပါ။ System.out.print ဆိုရင်တော့

output ကိုဒီအတိုင်းပြပေးမှာပဲဖြစ်ပါတယ်။ System.out.println ဆိုရင်တော့ output ကို ပြပြီးတာနဲ့

အလိုလျောက် cursor ကိုနောက် တစ်လိုင်းသို့ဆင်းပေးမှာဖြစ်ပါတယ်။ အဲ program ကိုတော့ရှင်းပြီးသွားပြီ ။အခုဘယ်လို run လုပ်ရ
မယ်ဆိုတာကိုပြောပါမယ်။မိမိရဲ့ စက်မှာ SDK မရှိသေးရင် J2SESDK(software
development kit)ကို download ယူပါ။ JVM က J2SEdevelopmentkit ရဲ့အစိတ်အပိုင်းအနေနဲ့
ပါပြီးသားပါပဲ။

J2SE package ထဲမှာJVM ကို JRE(Java
Runtime environment) လို့လည်း ခေါ်ပါတယ်။
download ယူထားတဲ့SDK
ကို သင့်ရဲ့
စက်ထဲမှာinstall လုပ်ပါ။အခုရေးထားတဲ့ program ကိုFirststep.java ဆိုတဲ့name
နဲ့ bin ဆိုတဲ့ folder အောက်မှာsave
ပါ။ အဲ့save
လုပ်ပြီးပြီဆိုရင်
ကျွန်တော်တို့ ဒီprogram လေးကိုrun
ကြရအောင်။ ကဲ သင့်ရဲ့ windows start
menu ကနေ cmd(command prompt)ကို အရင်ဆုံး ဖွင့်လိုက်ပါ။

၎င်းမှတဆင့် သင် save လုပ်ထားတဲ့program file ရှိရာpath လမ်းကြောင်းအတိုင်း ရောက်အောင်

သွားပါ။ ပြီးရင်တော့ သင့်ရဲ့ program ကို compile လုပ်ရန်အတွက် အောက်ပါ command များအတိုင်း

အဆင့်ဆင့်လုပ်ဆောင်ပါ။ javac Firststep.java ဒါဆိုရင်သင့်ရဲ့ program ကို java compiler က compile လုပ်ပေးမှာဖြစ်ပါတယ်။ error တစ်စုံတစ်ခု ရှိခဲ့မယ်ဆိုရင်တော့
သင့်ကို ဘယ် နေရာမှာမှားယွင်းနေကြောင်းကို compiler ကပြောပါလိမ့်မယ်။
error ကင်းစင်ပြီဆိုရင်တော့ ဘာမှပြောမှာ
မဟုတ်ပါဘူး။ ဒါဆိုရင် ဒီprogram ကိုrun
ဖို့ရန်အတွက် အောက်ပါ
command ကိုဆက်လက် ရိုက်သွင်းပါ။ java Firststep ဒါဆိုရင်အောက်ပါ စာသားကို output အဖြစ်သင့်မြင်ရမှာဖြစ်ပါတယ်။ (သတိပြုရန်မှာ)-java compiler
ကိုခေါ်ယူတဲ့အချိန်မှာပဲ .java
ဆိုတဲ့extension ပါဝင်ရမှာဖြစ်ပါတယ်။ compile
process မှာ error ကင်းစင်သွား ပြီဆိုတာနဲ့ compiler
ကသင့်ကို .class ဆိုတဲ့ extension နဲ့ class file တစ်ခုကိုထုတ်ပေးမှာဖြစ်ပါတယ်။၎င်းကို byte code or class file လို့ခေါ်ကြပါတယ်။ java

program ကို run လုပ်တဲ့အချိန်မှာတော့JVM က၄င်းbyte code ကို object code အဖြစ်ပြောင်းလဲပြီး

execute လုပ်ပေးမှာဖြစ်ပါတယ်။ဒီလို run တဲ့အချိန်မှာတော့ "." နဲ့သူ့နောက်က မည်သည့် extension

ကိုမျှ ထည့်ပေးဖို့မလိုပါဘူး ။ဒါကိုတော့ အထူး
သတိပြုမှတ်သား စေချင်ပါတယ်။java
programming

language ကcase sensitive ဖြစ်ပါတယ်။ ဒါကြောင့် စာလုံးအကြီးအသေးကအစမှားယွင်းလို့

မရပါဘူး။ Uပမာ ။System.out.print ဆိုတာကိုsystem.out.print လို့ရေးလို့မရပါဘူး။ ဒါဆိုerror

ဖြစ်ပါလိမ့်မယ်။ ဒါလေးတွေက အမှုမဲ့အမှတ်မဲ့ မှားယွင်းတတ်တာမို့သတိပြုစေချင်ပါတယ်။


မောင်စေတနာ မှ ရှာဖွေကူးယူဖေါ်ပြပါသည် ။ www.mgsaytanar.blogspot.com

(ရိုးသားစွာဝန်ခံချက်)
ဒီနည်းပညာစာတွေကို ချစ်ကို ရေးသားချင်း မဟုတ်ပါ

ချစ်ကို၏ အတန်းပညာ (2)တန်းနှင့်ဤကဲ့သို့မရေးနိုင်ပါ ခင်ဗျာ

အင်္ဂလိပ်စာမတတ်တဲ့အတွက် ကွန်ပျူတာနှင့်ပက်သက်သည့်

နည်းပညာများကို မြန်မာဘာသာပြန်ဆိုထားသည့် ဆိုက်များတွင်

ဝင်ရောက်ဖတ်ရှု့ပြီး ရေးသားထားတဲ့အတိုင်းပြန်လည်စမ်းသပ်

ကြည့်ပါတယ် အားလုံးအဆင်ပြေပါတယ် ချစ်ကို အဆင်ပြေသလို

အားလုံးကိုလဲ အဆင်ပြေစေခြင်ပါတယ် ဆိုင်တွင် ခေတ္တခဏလာပြီး

လေ့လာတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အဆင်သင့်နည်းပညာရစေချင်တဲ့

စေတနာနဲ့ပါ နည်းပညာတွေတကယ်လေ့လာခြင်တယ်ဆိုရင် အောက်မှာ

တင်ပြထားတဲ့ လင့်နာမည်လေးတွေနှိပ်ပြီးဝင်လေ့လာလို့ရပါတယ်

ကွန်ပျူတာ နှင့် ဆော့ဝဲလ် ပညာကျွမ်းကျင်သည့် အကို အမ

ညီ..ညီမ..များမှရေးသားထားသည်ကို ချစ်ကိုလေ့လာရင်း copy ကူး၍

ပြန်လည်ဖေါ်ပြပေးခြင်းဖြစ်ပါသည်


ဒီမှာဝင်ပြီးလေ့လာကြပါ ခင်ဗျာ

http://www.komyatmm7.co.cc/

http://www.mgkyawswarnyein.net/

www.nyinaymin.com

http://kozaw357.multiply.com/

ထာဝရသူငယ်ချင်းများနှင့်….ထာဝရသူငယ်ချင်းမှတာဝန်ရှိသူများအားလုံးကို

ထာဝရလေးစားလျှက်……..ချစ်ကို…

...........................................