Labels

Friday, November 19, 2010

MGY Virus နောက်ဆက်တွဲ



ဒါလေးကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ။ အခုမှပဲ ရေးဖြစ်တော့တယ်။ မကွေးဗိုင်းရပ်စ်လို့ လူသိများနေတဲ့ MGY Virus ကို အလွယ်သတ်နည်းလေးပါ။ ဒါပေမဲ့ လုပ်နည်းအသေးစိတ် မပြောတော့ပါဘူး။ တော်ကြာ
Service သမားတွေက မင်းလုပ်လိုက်တာနဲ့ ငါတို့စားပေါက်ပိတ်သွားတယ်ဆိုပြီး
အဆဲခံနေရရမှာမို့။


ကဲ စရအောင်။အရင်ဆုံး MGY Virus ၀င်ရင် ဘယ်လိုလက္ခဏာဝင်လဲဆိုတာကိုတော့
အသိတော့ အသိသာကြီးပါ။ ထုံးစံအတိုင်း Task Manager, Folder Option
ပိတ်သွားတယ်။ Start Menu က Start နေရာမှာ MagwayFC ဆိုပြီး ပြောင်းသွားတယ်။
Start Menu ထဲက My Computer Link တွေ Control Panel Link တွေရဲ့ icon က
မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ txt, bat, com ဖိုင်တွေရဲ့ icon
တွေလည်း မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ ပြီးတော့ Welcome to
Magway FC ဆိုပြီး အနီရောင်နောက်ခံနဲ့ box လေးက Taskbar ရဲ့ ညာဘက်မှာ
အမြဲတမ်း ပေါ်လာပါတယ်။ Folder တွေ တစ်ခုမှ ဖွင့်မရတော့ဘူး။ ဘယ် Software မှ
တင်လို့ မရတော့ဘူး။ နောက်ပြီး Start>All Programs ထဲက Program တွေလည်း
တစ်ခုမှ မရှိတော့ဘူး။ Program တွေကို ဖျက်လိုက်တာမဟုတ်ပါဘူး။ .lnk တွေကို
hidden လုပ်လိုက်တာပါ။
အဲဒီလိုတွေ အရမ်းများတာမို့ ဗိုင်းရပ်စ်သတ်ပြီးရင် Windows ပြန်တင်လိုက်တာက အမြန်ဆုံးနည်းပါ။ တစ်ခု ရှိတာက မကွေးကို မသတ်ပဲနဲ့ Windows ပြန်တင်လည်း ခဏပါပဲ။ မကွေးက
ပြန်ဝင်မှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူက D: တွေ E: တွေထဲမှာပါ
ဝင်ကုန်တာကိုး။ ဒါကြောင့် သတ်ပြီးမှ တင်ပါ။
ဒါပေမဲ့ လိုင်စင် Windows ကြီးဆိုရင်တော့ အောက်မှာ ရေးထားသလို အသေးစိတ်သတ်ပြီး ပြင်ပေးမှ ရပါမယ်။
မဟုတ်ဘဲနဲ့ လိုင်စင် Windows ကြီး ဖျက်ပြီး ခိုးကူး Windows ကြီး
ပြန်တင်ပေးရင်တော့ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် လိုင်စင် Windows ဆိုရင်တော့
ထစ်ခနဲရှိ Windows ပြန်တင်ရတာမျိုးတော့ လုပ်မရတော့ဘူးပေါ့။ မသကာ Recovery
လုပ်တာက အလွန်ဆုံးပဲ။

သတ်နည်းလေး ပြောပါဦးမယ်။ လိုအပ်တာတွေက
(၁) Hiren Boot CD
(၂) CCleaner
(၃) Tuneup Utilites
(၄) RRT, HijackThis
(၅) XYPlorer

မကွေးဝင်တာနဲ့ တပြိုင်နက် ကွန်ပျူတာကို မသုံးပါနဲ့တော့။ ချက်ချင်းပိတ်လိုက်ပါ။ ပြီးရင်
Hiren နဲ့ Boot တက်ပါ။ အဲဒီထဲက Mini Windows XP နဲ့ boot တက်ပါ။ Mini
Windows XP တက်လာရင် C: ထဲက mgy.exe, autorun.inf တွေကို ဖျက်ပစ်လိုက်ပါ။
ပြီးတော့ ရှိပြီးသား Folder တွေနဲ့ နာမည်တူ .exe ဖိုင်တွေ၊ .lnk.exe
ဖိုင်တွေ အကုန်ဖျက်ပါ။ C:Windows ထဲက mgy.exe ကိုလည်း ဖျက်ပါ။ System32 ထဲက
27 နဲ့ စတဲ့ Folder နဲ့ mgy.exe ကိုလည်း ဖျက်ပစ်ပါ။ C: ထဲက System Volume
Information နဲ့ Recycler, Recycled တွေကိုလည်း ဖျက်ပါ။ တခြား D: တွေ E:
တွေထဲက mgy.exe ကို ရှာဖျက်ပါ။ မကွေးက ပွားလိုက်တဲ့ .exe ဖိုင်တွေဟာ 15.6
MB တွေ ချည်းပဲ ဖြစ်ပါတယ်။

မကွေးနဲ့ သူ့အပေါင်းအပါတွေကို ရက်ရက်စက်စက် သတ်ပြီးသွားရင် HDD ထဲက Windows ပြန်တက်လိုက်ပါ။ RRT နဲ့
ပိတ်ထားတာတွေကို ပြန်ဖွင့်မယ်။ HijactThis နဲ့ Autorun တွေ ဖြုတ်မယ်။
Software တွေ တင်မရ အောင် လုပ်ထားတာကို Registry ထဲမှာ DisableMSI key
ရှာပြီး Value ကို 0 ပေးလိုက်ပါ့မယ်။

Icon တွေကို Windows Default အတိုင်း ပြန်ဖြစ်စေဖို့အတွက် Tune up သုံးရင် ရပါတယ်။ မကွေးက shell32.dll
အစား sxell32.dll အစားထိုးလိုက်တာမို့ အဲဒီလို ဖြစ်သွားတာပါ။

နောက်ပြီး မကွေးဖျောက်ထားတဲ့ ဖိုင်တွေက Super Hidden တွေဖို့ Folder Options က Show
Hidden နဲ့ဆို မြင်ရမှာမဟုတ်ပါဘူး။ XYplorer နဲ့တော့ မြင်ရမယ်။ ပြီးရင် XY
နဲ့ attribute တွေဖြုတ်လိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်။ Start Menu ထဲက
ပျောက်နေတာတွေကိုလည်း XY နဲ့ပဲ ပြန်ဖော်လို့ရပါတယ်။

Start Menu မှာ MagwayFC ဖြစ်နေတာကိုတော့ Resource hacker ကို အသုံးပြုပြီး
http://www.theeldergeek.com/change_text_on_xp_start_button.htm မှာ
ရေးထားတဲ့အတိုင်း Start ဆိုပြီး ပြန်ပြောင်းလိုက်ပါ။

ဒါဆိုရင် မကွေးလည်း သေသွားပါပြီ။ Windows လည်း ပြန်ကောင်းသွားပါပြီ။ Windows ကို
ပိုသန့်သွားအောင် Command Prompt ကိုဖွင့်ပြီး sfc /scannow ပေးလိုက်ပါ။

မကွေး virus က .exe တင်မဟုတ်ဘဲ .jpeg , .xlsx ,etc.....အမျိုးမျိုးဖြစ် နိုင်ပါတယ်။သူ့ရဲ့extension ဟာ(something.jpeg.exe , sonething.xlsx.exe) အဲဒီလို.exeနဲဆုံးတာမဟုတ်ပဲ real extension (.jpeg,.xlsx)တွေနဲဆုံးတာဗျ/ virus cleaning လုပ်ပီး ပေမဲ. virus တွယ်ကတ်နေတဲ. .jpeg , .xlsx ,etc....တခုခု ကို run မီတာနဲ virus ကပြန်ပီး active ပြန်ဖြစ် မှာပါ။
ကျွန်တော်ကြုံဘူးတာက
သူ့ရဲ..jpeg , .xlsx ,etc..အားလုံးရဲ့file size က 16033 KB
တွေချည်းပါဘဲ/အဲဒီfile size 16033 KB အားလုံးကို delete လုပ်မှသာ mgy
တကယ်သေပါတယ်။

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 14/11/10

အင်တာနက်စုစည်းမှု သီချင်းခွေတွင်ထည့်သွင်းထားသော ဗိုင်းရပ်စ်အကြောင်း




ခိုးကူးသူခွေက ဖြန့်ချိတဲ့ ခိုးကူးလက်ရွေးစင်ခွေတစ်ခွေဖြစ်တဲ့
အင်တာနက်စုစည်းမှု ဆိုတဲ့ ဒီဗွီဒီသီချင်းခွေမှာ ဗိုင်းရပ်စ်တစ်ကောင်
ပါရှိလာပါတယ်။ အဲဒီ ခိုးကူးသူတွေကနေ သက်သက်မဲ့ထည့်ထားခြင်း ဖြစ်ပါတယ်။
တကယ်တမ်းတော့ ဗိုင်းရပ်စ်မဟုတ်ပါဘူး။ Windows XP တက်လာဖို့အတွက်
လိုအပ်တဲ့ဖိုင်တွေကို ဖျက်ဆီးပစ်တဲ့ Batch ဖိုင်လေးတစ်ဖိုင်
ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဖိုင်ရဲ့နာမည်က pro.bat ပါ။




အဲဒီ Batch file ကို ခွေထည့်လိုက်ရင် Autorun အောင်မို့ Autorun.inf ဖိုင်ပါ ထည့်ထားပါတယ်။ ဒါကြောင့်မို့ Windows XP ကို အသုံးပြုနေပြီး Autorun ကို Disable လုပ်မထားတဲ့ ကွန်ပျူတာများ ခံရမှာပါ။ ခွေကို My
Computer ကနေ DoubleClick နှိပ်ပြီး ဖွင့်ရင်လည်း ခံရမှာပါ။ အဲဒီလို
ကွန်ပျူတာတွေမှာ အဲဒီခွေကို ထည့်လိုက်ရင် ကွန်ပျူတာဟာ Shutdown
ကျသွားပါလိမ့်မယ်။ ပြန်ဖွင့်ရင် Windows တက်လာမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့်မို့ အဲဒီ အင်တာနက်စုစည်းမှုခွေကို ရှောင်နိုင်အောင်မို့
ဒီဆောင်းပါလေးနဲ့ ချစ်လှစွာသောစာဖတ်သူတွေကို အသိပေးလိုက်ရခြင်းဖြစ်ျပါတယ်။

တကယ်လို့ ခံလိုက်ရပြီးပြီဆိုရင် ကိုယ့်ကွန်ပျူတာလေး ပြန်ကောင်းသွားအောင် ပြင်နည်းလေးပါ ဆက်ပြောလိုက်ပါဦးမယ်။

အဲဒီခွေထဲမှာပါတဲ့ Batch file ဟာ C: partition အောက်မှာရှိတဲ့ အောက်ပါဖိုင်တွေကို ဖျက်ပစ်ပါတယ်။
ntdetect.com
boot.ini
msdos.sys
io.sys

နောက် Windows folder ထဲက အောက်ပါဖိုင်တွေကို ဖျက်ပစ်ပါတယ်။
win.ini
win.com
system.ini

ဒါကြောင့် ပြန်ကောင်းဖို့အတွက် အပေါ်ကဖိုင်တွေကို ကိုယ့်ကွန်ပျူတာထဲ
ပြန်ထည့်ပေးရပါမယ်။ ပြန်ထည့်နည်းက နှစ်မျိုးရှိပါတယ်။ တခြား Windows XP
တင်ထားတဲ့ ကွန်ပျူတာတစ်လုံးမှာ ကိုယ့် hard disk ကို ချိတ်ပြီး
ပြန်ထည့်တာရယ်၊ Windows ခွေကနေ ပြန်ထည့်တာရယ်ပါ။

တခြားကွန်ပျူတာမှာ ကိုယ့် Hard Disk လေး ချိတ်ဖို့အဆင်ပြေတဲ့သူတွေအဖို့တော့ အပေါ်က ဖိုင်တွေကို
Copy Paste လုပ်ပြီး ပြန်ထည့်ရင် ရသွားပါလိမ့်မယ်။
ခွေကနေ ပြန်ထည့်လိုသူများအဖို့တော့ အောက်ပါအချက်များကို အရင်သိထားသင့်ပါတယ်။
(၁) boot.ini ဟာ Windows ခွေထဲမှာ မပါပါဘူး။ အသစ်ရေးပေးရပါမယ်။
(၂) io.sys နဲ့ msdos.sys ဟာလည်း ခွေထဲမှာမပါပါဘူး။ ဒါပေမဲ့ အဲဒီဖိုင်နှစ်ဖိုင်မရှိလည်း Windows တက်ပါတယ်။

ကဲ ပထမဆုံး Windows ခွေထဲမှာပါတဲ့ ntdetect.com ကို C: ထဲ ထည့်နည်း ကြည့်ရအောင်။
Windows ခွေကို ကိုယ့် CD Drive ထဲထည့်ပါ။ ခွေကနေ Boot လုပ်ပါ။ Press any key to
boot from CD လို့ပေါ်လာတဲ့အခါ Keyboard ကနေ Key တစ်ခုခုကို နှိပ်လိုက်ပါ။
Loading လုပ်နေတာကို ခဏစောင့်ပါ။ ပြီးသွားရင် Screen တစ်ခု
ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Windows တင်မယ်ဆိုရင် Enter ခေါက်ပါ။ Windows ကို
ပြင်မယ်ဆိုရင် R နှိပ်ပါလို့ ရေးထားပါလိမ့်မယ်။ ပြင်မှာမို့လို့ R ကို
နှိပ်ပါ။

အဲဒီအခါ Recovery Console ပွင့်လာပါလိမ့်မယ်။ Recovery Console မှာ Admin password တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင် အောက်မှာရေးထားတဲ့ Command ကို ရိုက်ထည့်ပါ။
Copy X:386ntdetect.com C:
Enter ခေါက်ပါ။ X: ဆိုတဲ့နေရာမှာ ကိုယ့် CD Drive ရဲ့ Drive Letter ကို အစားထိုးပေးရပါမယ်။

နောက်ထပ် win.ini, win.com နဲ့ system.ini ကို ခွေထဲကနေ C:Windows ထဲ ထည့်ရပါမယ်။

Copy X:386win.in_ C:Windowswin.in
copy X:386win.co_ C:Windowswin.com
copy X:386ystem.in_ C:Windowsystem.ini

နောက်ဆုံးတစ်ဆင့်အနေနဲ့ C: ထဲမှာ boot.ini ရေးပေးဖို့ပဲ ကျန်ပါတယ်။ ဒါမျိုးလုပ်ပါ။
bootcfg /list
အဲဒီလိုရိုက်လိုက်တဲ့အခါမှာ Windows ရှိနေတဲ့ လမ်းကြောင်းကို ရှာပြီး ပြပေးပါလိမ့်မယ်။
bootcfg /add
အစောက ရှာတွေ့ခဲ့တဲ့ လမ်းကြောင်းကို ထည့်တာပါ။

အားလုံးပြီးသွားရင် Restart လုပ်လိုက်ပါ။ သင့် Windows လေး ပြန်တက်လာပါလိမ့်မယ်။
လူအများကို ဒုက္ခပေးသောသူများနဲ့ ကင်းဝေးနိုင်ကြပါစေ။


via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 15/11/10  မှ

ကောင်းလိုက်တဲ့ Firefox Addon တွေ



ဒီ add-on တွေ တွေ့တော့ တခြား browser တွေတောင် ပြောင်းသုံးချင်စိတ် မရှိတော့ဖူး… :D
Locationbar2: https://addons.mozilla.org/en-US/firefox/addon/4014/

Google Chrome မှာလို Domain Name ကို highlight လုပ်ပေးတာပါ။ Address ကို ကြည့်ရတာ အဆင်ပြေတာပေါ့။

Chromifox Extreme: https://addons.mozilla.org/en-US/firefox/addon/10674/

FireFox ကို Chrome ရဲ့ Design မျိုးပြောင်းပေးတဲ့ Theme ပါ။ Chrome လို ကျယ်ကျယ်လွင့်လွင့် ကြည့်လို့ရတာပေါ့။

Ctrl-Tab 0.21.1: https://addons.mozilla.org/en-US/firefox/addon/5244/



ဒါကတော့ Firefox new version မှာ default အနေနဲ့ ပါလာပါလိမ့်မယ်။ အခု version 3.5 မှာ သုံးချင်ရင်တော့ ဒီ add-on ကို သွင်းပေးရမှာပေါ့။ Windows
မှာ Alt + Tab နှိပ်ပီး ဖွင့်ထားတဲ့ window တွေကို ပြောင်းသလိုမျိုးပေါ့။

Tab Progress Bar: https://addons.mozilla.org/en-US/firefox/addon/14644/

ဒါလဲ version အသစ်မှာ ပါမယ့်ဟာပါ။ Progress ကို Tab မှာ ပြပေးတဲ့ဟာပေါ့။


Strata40:

https://addons.mozilla.org/en-US/firefox/addon/14284/

and

Stratabuddy:

https://addons.mozilla.org/en-US/firefox/addon/14762/

ဒါလဲ အသစ်မှာပါမယ့်ဟာပဲ။ Active ဖြစ်နေတဲ့ Tab မှာပဲ Title ကိုပြပေးတော့ Tab တွေ အများကြီး ကြည့်လို့ရတာပေါ့။ screen နဲ့ မဆန့်မှာ သိပ်မပူရတော့ဖူး။


Tab Preview: https://addons.mozilla.org/en-US/firefox/addon/6132/

ဒါက Opera မှာ ပါတဲ့ feature ပါ။ Tab တွေ ပေါ်မှာ pointer တင်လိုက်ရင် အဲဒီ Tab ရဲ့ preview ကို ပြပေးမှာပါ။ Windows 7 က Taskbar မှာလိုပေါ့။


Fission: https://addons.mozilla.org/en-US/firefox/addon/1951/

Safari ရဲ့ feature ပါ။ progress လုပ်နေတာကို address bar ထဲမှာ ပြပေးမှာပါ။ ကိုယ်ကြိုက်တဲ့ အရောင်၊ ပုံ ပြောင်းလို့ရပါတယ်။


FoxTab: https://addons.mozilla.org/en-US/firefox/addon/8879/


ဒါလဲ Safari က ဟာပဲ။ ဖွင့်ထားတဲ့ Tab တွေကို 3D နဲ့ လည်ပီး ရွေးလို့ရပါတယ်။ Vista, 7 မှာ Win + Tab နှိပ်သလိုပေါ့။

အပေါ်ကဟာတွေက ကျနော် ကြိုက်တဲ့ ဟာလေးတွေလောက်တင်ပါ။ အသေးစိတ်ကိုတော့

http://www.makeuseof.com/tag/addons-to-get-the-best-features-of-the-top-browsers-in-firefox/

ဖတ်လို့ရပါတယ်။

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 15/11/10 မှ



 

Wednesday, November 17, 2010

ကိုယ့်ဓာတ်ပုံတွေ သူများမကြည့်စေချင်ရင်




ကွန်ပျူတာဖိုင်များတွင် Header code တွေပါတယ်။ အဲဒီ Header code တွေက Hex number တွေဖြစ်ပါတယ်။ Hex number ဆိုတာက 0 to F (0.1.2...9,A,B....F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို
ပြောင်းလိုက်ရင် အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။
အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ဘူးလေ။ သူများမမြင်စေချင်တဲ့
ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး ဘာ software မှမလိုပဲ
ဖျောက်လို့ရပါတယ်။





1. Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
2. အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
3. debug "Your Picture File Location" လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D: ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
4. e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
5. ။ ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,....,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
6. w လို့ရိုက်ပြီး Enter ခေါက်ပါ။
7. Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
8. q လို့ရိုက်ပြီး Enter ခေါက်ပါ။
9. ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။

ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။

ဖြည်နည်း

1. အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
2. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။


Written by Ko Thurein

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 15/11/10 မှ