အခုကျွှန်တော် ပြောမယ့် အကြောင်းအရာက တော့ Window XP မှာ Format ပြောင်း တဲ့ ဆော့(စ်)၀ဲ မလိုဘဲ တခါတည်း တန်းပြောင်းလို့ ရမယ့် နည်းတခု ကို တွေ့ ထားပါတယ် ။ သိပြီးသား လူတွေ လဲ ရှိမှာပါ။
(ပုံ-၁)
အရင်ဆုံး ကျွှန်တော်တို့ My Computer ကို ဖွင့်ရပါမယ်။ အဲ့လိုပြီးတာနဲ့ Tool ထဲက Folder Options ကို ၀င်ပါ။ (ပုံ-၁) ကို ကြည့်ပါ။
(ပုံ-၂)
ထို့နောက် View ထဲက Hide extensions for known file types ရဲ့  ရှေ့က Click ကို ဖြုတ်ပါ။ ထိုမှသာ လျှင် Format ကို မြင်ရမှာဖြစ်ပါတယ် ။ (ပုံ-၂) ကို ကြည့်ပါ။
(ပုံ-၃)
ကဲ ဒါကတော့ နောက်ဆုံး အဆင့်ပေါ့နော် ။ ပုံတွေရဲ့ နောက်မှာ ကိုယ်သိနေတဲ့ .jpg တို့ ၊ .gif တို့ ၊ .png တို့ စတဲ့ Format တွေ ကို Rename လုပ်တဲ့အခါ အနောက်မှာ တွဲပါလာပါပြီ ။ အနောက်က Format နေရာမှာ ကိုယ်လိုချင်တဲ့ Format ကို ရိုက်ထည့်လိုက်ပါ။ ဒါဆို အကုန် အဆင်ပြေသွားလိမ့်မယ် လို့ ကျွှန်တော်ထင်ပါတယ် ။ ဒါကတော့ Format ပြောင်းတဲ့ ဆော့(စ်)၀ဲ တွေ မပါဘဲ နဲ့ ၀င်းဒိုးမှာ ရှိတဲ့ Application တွေနဲ့ ပဲ အသုံးပြုသွားတာ ဖြစ်ပါတယ် ။ အထက်ပါ ပုံစံအတိုင်းပဲ Window 7 မှာလည်း ပြောင်းလဲ လို့ ရပါတယ် ။
မှတ်ချက် ။ ။ Window 7 မှာကတော့ Window XP နဲ့ မတူတာကတော့ အပေါ်က File တို့ ၊ Edit တို့ ၊ View တို့ တော့ ပေါ်မှာ မဟုတ်ပါဘူး ။ အဲ့ဒါတွေ ပေါ်အောင် Alt key + T ကို သာ နှိပ်ကြည့်ပါ။ ပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ အခု Window XP အတိုင်းသာ ဆက်ပြီး လုပ်သွားကြည့်ပါ။
ခင်မင်စွာဖြင့်
ညီငယ်