Labels

Saturday, June 1, 2013

Android Game တွေကို PC ပေါ်မှာ ဆော့ကစားကြမယ်ဗျို့ 

ကဲ စာဖတ်ပရိသတ်များ အားလုံး မင်္ဂလာပါ ခင်ဗျာ အခု ကျွှန်တော် တင်ချင်တဲ့ Post လေး တခု ကတော့
Gamer တွေ အတွက် သတင်းကောင်းတခုလို့ ပြောလို့ လဲ ရတာပေါ့ဗျာ။

Customer တစ်ယောက် ပြောပြလို့ သူ့ဆီက တစ်ဆင့် သိခဲ့ရတဲ့ ပညာလေး တခုပေါ့ သူ့ Software နာမည်ကတော့ BlueStacks-SplitInstaller_native ဆိုတာပါ။

သူ့ရဲ့  ဆိုက်လိပ်စာလေးက တော့ http://www.bluestacks.com/ ဘဲ ဖြစ်ပါတယ် ။ အဲ့ဆိုက်ကို ၀င်ဝင်ချင်းမှာဘဲ ကိုယ့်စက်နဲ့ ကိုက်မယ့် OS ကို ကိုယ်တိုင်ရွှေးချယ်ပြီး Android Mobile ပေါ်က Game တွေကို မိမိတို့ရဲ့  ကိုယ်ပိုင် PC ထဲမှာပါ ဆော့ကစား နိုင်ကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ်ဗျာ။

မှတ်ချက် ။             ။ တစ်ခုတော့ရှိတယ်ဗျ။ ကျွှန်တော် Install လုပ်ပေးတုန်းကတော့ Internet ကို    
                            ဖွင့်ပြီး Install လုပ်ပေးခဲ့ဖူးတာဆိုတော့ Internet ကိုတော့ ဖွင့်ထားဖို့ 
                            လိုပါလိမ့်မယ်ဗျာ ။

 
                                                အားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျှက်

                                                                                   IT ညီငယ် (ခေါ်) အောင်သူအေး

Wednesday, May 15, 2013

ဆိုင်ကလုန်းမုန်တိုင်းအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိ


===========================================


၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန်တိုင်းထွာချက်များအရ မောင်တောမြို့၏ အနောက်တောင်ဘက်မိုင်(၂၇၀)ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်ဘက်မိုင်(၃၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် အနီရောင် အရေးပေါ်အခြေအနေသို့ရောက်ရှိလာပြီးဖြစ်ကြောင်း မိုးလေဝသနင့် ဇလဗေဒ
ညွန့် ကြားမှုဦးစီးဌာန က ယနေည ၇ နာရီတွင် သတင်းထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မြန်မာနိုင်ငံန ယ်စပ်သို့ ဦးတည်ရွေ့လျား လျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့နှင့်မြန်မာနိုင်ငံ၊မောင်တောမြို့အကြားမှကမ်းခြေကိုနောက်(၁၈)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှမိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင်(၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်ကျောက်ဖြူခရိုင် ကမ်းခြေတွင်(၄)ပေမှ(၆)ပေခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင်မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများကြောင့်
လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက်ပင်လယ်သို့ငါးဖမ်းထွက်သည့်
ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

The Voice Weekly

Thursday, April 25, 2013

Program ပိုင်းကို မြန်မာလို လေ့လာချင်သူများအတွက်

                          သူ့ရဲ့ ဆိုက်လင့်က http://www.72coder.com ပေါ့ ။ Youtube မှာ ဆိုရင် https://www.youtube.com/user/72CODER ပါ။ ကျွှန်တော် တော့ တော်တော်လေး ကို လေးစားသွားမိပါတယ် ။ကျွှန်တော်ဆို ဆိုက်တခု ကို ဘလော့ တစ်ပုဒ် ရေးမယ် မရေးဘူး ချိန်ဖြစ်သေးတယ်။ သူက တော့ အဲ့လိုဟုတ်ဘူးဗျ ။ တော်တော်လေး ကောင်းပါတယ် ။ ဗီဒီယိုတွေ လဲ Free  Download လဲ လုပ်လို့ ရတယ် ။
လေ့လာကြည့်ပေါ့ဗျာ ။

Friday, April 12, 2013

Google ၏ ပြောင်းလဲ မူ အသစ်

စာဖတ်သူများ အားလုံးမင်္ဂလာပါ ။

Google Search Engine ၏ နည်းပညာပြောင်းလဲမူ

       ဒါကတော့ လူတိုင်းသိကြတဲ့ www.google.com ဆိုတဲ့ဆိုက်လေး အကြောင်းပါဘဲ ။ Google ကို ခေါ်လိုက်ရင် အပေါ်ဆုံးတန်းက အမဲရောင် အတန်းကြီး ပျောက်နေပါလိမ့်မယ်။ တော်တော်လေးကို သဘောကျပါတယ် ။ အခုပြောင်းလိုက်တဲ့ ဒီဇိုင်းကို အောက်ဖော်ပြပုံတွင်ကြည့်ရူနိုင်ပါသည်။




Google Mail ၏ နည်းပညာပြောင်းလဲမူ

        ကျွှန်တော် အခု ပြောပြချင်တဲ့ အကြောင်းအရာ လေး တခု က ဒီနေ့ မှ ကျွှန်တော်လဲ သိလိုက်တာဗျာ ။ သိသိချင်း ပို့(စ်) တင်တာ တော်သေးတယ်ဗျာ ။ လိုင်းကောင်းလို့ ။ တခြားတော့မဟုတ်ဘူးဗျ။ မေး(လ်)ထဲ ၀င်ကြည့်လိုက်ပြီး Compose ပို့မယ်ပေါ့ ။ နှိပ်လိုက်တာ New Message ဆိုပြီး တပ်လာတယ် ။ နည်းပညာအသစ်ပေါ့ သိအောင်လို့ ထပ်မံ မျှဝေလိုက်တာပါ။ အားလုံးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။
အောက်ဖော်ပြပါပုံကို လေ့လာကြည့်ပေါ့နော်... :P