Saturday, March 10, 2012
Wednesday, February 22, 2012
Window Application ဖြင့် Format ပြောင်းခြင်း
အခုကျွှန်တော် ပြောမယ့် အကြောင်းအရာက တော့ Window XP မှာ Format ပြောင်း တဲ့ ဆော့(စ်)၀ဲ မလိုဘဲ တခါတည်း တန်းပြောင်းလို့ ရမယ့် နည်းတခု ကို တွေ့ ထားပါတယ် ။ သိပြီးသား လူတွေ လဲ ရှိမှာပါ။
(ပုံ-၁)
အရင်ဆုံး ကျွှန်တော်တို့ My Computer ကို ဖွင့်ရပါမယ်။ အဲ့လိုပြီးတာနဲ့ Tool ထဲက Folder Options ကို ၀င်ပါ။ (ပုံ-၁) ကို ကြည့်ပါ။
(ပုံ-၂)
ထို့နောက် View ထဲက Hide extensions for known file types ရဲ့  ရှေ့က Click ကို ဖြုတ်ပါ။ ထိုမှသာ လျှင် Format ကို မြင်ရမှာဖြစ်ပါတယ် ။ (ပုံ-၂) ကို ကြည့်ပါ။
(ပုံ-၃)
ကဲ ဒါကတော့ နောက်ဆုံး အဆင့်ပေါ့နော် ။ ပုံတွေရဲ့ နောက်မှာ ကိုယ်သိနေတဲ့ .jpg တို့ ၊ .gif တို့ ၊ .png တို့ စတဲ့ Format တွေ ကို Rename လုပ်တဲ့အခါ အနောက်မှာ တွဲပါလာပါပြီ ။ အနောက်က Format နေရာမှာ ကိုယ်လိုချင်တဲ့ Format ကို ရိုက်ထည့်လိုက်ပါ။ ဒါဆို အကုန် အဆင်ပြေသွားလိမ့်မယ် လို့ ကျွှန်တော်ထင်ပါတယ် ။ ဒါကတော့ Format ပြောင်းတဲ့ ဆော့(စ်)၀ဲ တွေ မပါဘဲ နဲ့ ၀င်းဒိုးမှာ ရှိတဲ့ Application တွေနဲ့ ပဲ အသုံးပြုသွားတာ ဖြစ်ပါတယ် ။ အထက်ပါ ပုံစံအတိုင်းပဲ Window 7 မှာလည်း ပြောင်းလဲ လို့ ရပါတယ် ။
မှတ်ချက် ။ ။ Window 7 မှာကတော့ Window XP နဲ့ မတူတာကတော့ အပေါ်က File တို့ ၊ Edit တို့ ၊ View တို့ တော့ ပေါ်မှာ မဟုတ်ပါဘူး ။ အဲ့ဒါတွေ ပေါ်အောင် Alt key + T ကို သာ နှိပ်ကြည့်ပါ။ ပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ အခု Window XP အတိုင်းသာ ဆက်ပြီး လုပ်သွားကြည့်ပါ။
ခင်မင်စွာဖြင့်
ညီငယ်

Wednesday, February 8, 2012
GSM Connection ချိတ်ဆက်နည်း
စာဖတ်သူ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ။
ကျွှန်တော် အခု ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ 5သိန်း တန် GSM ဖုန်းတွေနဲ့ အင်တာနက်ချိတ်ဆက်နည်းကို ဆွေးနွေးမှာဖြစ်ပါတယ်။
အခု အပြင်မှာ အင်တာနက် ရတဲ့ဖုန်းတွေကတော့ CDMA ထက်တော့ များပါတယ် ။ CDMA ကျတော့ Hauwai နဲ့ပဲ အဆင်ပြေပါတယ် ။ GSM ကျတော့ ဒီလိုမဟုတ်ပါဘူး ။
Connection ရတဲ့ ဖုန်းအမျိုးအစားတွေကတော့ ကျွှန်တော်သိသလောက် Nokia နှင့် Samsung က တော့ ရတယ် ဆိုတာ သေချာပါတယ်။ (ချိတ်ဖူးထားလို့)
အဲ့ဒီ ဖုန်း အမျိုးအစား နှစ်မျိုးစလုံး က သူတို့ နဲ့ သက်ဆိုင်တဲ့ PC Suite ကို ထည့်သွင်းပေးရပါတယ် ။
ထိုသို့ ထည့်သွင်းပြီးပါက အောက်ဖော်ပြပါ လုပ်ဆောင်ချက်များ အတိုင်း ဆက်လက်လုပ်ဆောင်သွားပါရန်။
GSM ဖုန်းများ နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း
၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။
၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။
၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection
ကို နှိပ်ပါ။
၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
Next ကို နှိပ်ပါ။
၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a
dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
နေရာတွင် *99# ကို ရိုက်ထည့်ပါ။
၆။ထို့နောက် Username နေရာတွင် mptnet ဟုရိုက်ထည့်ပါ။
၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
Password ကို ပြန်လည်ရေးသားပါ။
၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။
ထိုကဲ့သို့ လုပ်ကြည့်ပြီး အဆင်မပြေသည်များကို itnyinge.ygn@gmail.com နှင့် djaung.ygn@gmail.com များသို့ မေး(လ်) ဖြင့် ဆက်သွယ်ပြီး မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ရင်းနှီးစွာဖြင့်
IT ညီငယ်

Subscribe to:
Posts (Atom)