Labels

Saturday, January 29, 2011

Browser မရှိဘဲ Website ကြည့်မယ်

Browser မရှိဘဲ Website ကြည့်မယ်

Posted: 27 Jan 2011 12:25 PM PST

ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။ 

လုပ်နည်း
1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

 2. ပေါ်လာတဲ့ Calc Box လေးရဲ့ Menu Bar လေးမှာပါတဲ့ Help ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာရှိတဲ့ Help Topics လေးကို ဖွင့်လိုက်ပါ။

 3. ကျလာတဲ့ Help Topics ဘောက်လေးရဲ့ Title bar ကို Right Click လေးထောက်ပြီး Right Click လေးမှတစ်ဆင့် Jump to URL ကိုဖွင့်လိုက်ပါ။

 4. ထပ်ပွင့်လာတဲ့ Jump To URL Box လေးထဲကနေ Jump to this URL ဆိုတဲ့ Box လေးထဲမှာ မိမိဖွင့်ချင်တဲ့ website တစ်ခုရဲ့ လိပ်စာကို အရှေ့ကနေ http:// လို့မဖြစ်မနေ ရိုက်ပြီး ဖွင့်ရမှာဖြစ်ပါတယ် (http://google.com)။ ကျတော်အခုက Google page ကိုဥပမာအနေနဲ့ ဖွင့်ပြထားပါတယ်။
 5. Gmail တွေဖွင့်လို့ ရနိုင်သလို Youtube လေးဖွင့်ပြီးတော့လည်း မိမိနှစ်သက်ရာကို ရုပ်မြင်သံကြား ခံစားနိုင်တဲ့အတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

Image and video hosting by TinyPic

http://www.knowledgewar07.com/2011/01/browser-website.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+knowledgewar07%2Fezuc+%28Knowledge%29

Via မိုးထက်မြင့် ( နည်းပညာ ) မှ ကူးယူဖော်ပြပါသည်။

Friday, November 19, 2010

MGY Virus နောက်ဆက်တွဲ



ဒါလေးကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ။ အခုမှပဲ ရေးဖြစ်တော့တယ်။ မကွေးဗိုင်းရပ်စ်လို့ လူသိများနေတဲ့ MGY Virus ကို အလွယ်သတ်နည်းလေးပါ။ ဒါပေမဲ့ လုပ်နည်းအသေးစိတ် မပြောတော့ပါဘူး။ တော်ကြာ
Service သမားတွေက မင်းလုပ်လိုက်တာနဲ့ ငါတို့စားပေါက်ပိတ်သွားတယ်ဆိုပြီး
အဆဲခံနေရရမှာမို့။


ကဲ စရအောင်။အရင်ဆုံး MGY Virus ၀င်ရင် ဘယ်လိုလက္ခဏာဝင်လဲဆိုတာကိုတော့
အသိတော့ အသိသာကြီးပါ။ ထုံးစံအတိုင်း Task Manager, Folder Option
ပိတ်သွားတယ်။ Start Menu က Start နေရာမှာ MagwayFC ဆိုပြီး ပြောင်းသွားတယ်။
Start Menu ထဲက My Computer Link တွေ Control Panel Link တွေရဲ့ icon က
မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ txt, bat, com ဖိုင်တွေရဲ့ icon
တွေလည်း မကွေး FC ရဲ့ Logo တွေ ပြောင်းသွားပါတယ်။ ပြီးတော့ Welcome to
Magway FC ဆိုပြီး အနီရောင်နောက်ခံနဲ့ box လေးက Taskbar ရဲ့ ညာဘက်မှာ
အမြဲတမ်း ပေါ်လာပါတယ်။ Folder တွေ တစ်ခုမှ ဖွင့်မရတော့ဘူး။ ဘယ် Software မှ
တင်လို့ မရတော့ဘူး။ နောက်ပြီး Start>All Programs ထဲက Program တွေလည်း
တစ်ခုမှ မရှိတော့ဘူး။ Program တွေကို ဖျက်လိုက်တာမဟုတ်ပါဘူး။ .lnk တွေကို
hidden လုပ်လိုက်တာပါ။
အဲဒီလိုတွေ အရမ်းများတာမို့ ဗိုင်းရပ်စ်သတ်ပြီးရင် Windows ပြန်တင်လိုက်တာက အမြန်ဆုံးနည်းပါ။ တစ်ခု ရှိတာက မကွေးကို မသတ်ပဲနဲ့ Windows ပြန်တင်လည်း ခဏပါပဲ။ မကွေးက
ပြန်ဝင်မှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူက D: တွေ E: တွေထဲမှာပါ
ဝင်ကုန်တာကိုး။ ဒါကြောင့် သတ်ပြီးမှ တင်ပါ။
ဒါပေမဲ့ လိုင်စင် Windows ကြီးဆိုရင်တော့ အောက်မှာ ရေးထားသလို အသေးစိတ်သတ်ပြီး ပြင်ပေးမှ ရပါမယ်။
မဟုတ်ဘဲနဲ့ လိုင်စင် Windows ကြီး ဖျက်ပြီး ခိုးကူး Windows ကြီး
ပြန်တင်ပေးရင်တော့ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် လိုင်စင် Windows ဆိုရင်တော့
ထစ်ခနဲရှိ Windows ပြန်တင်ရတာမျိုးတော့ လုပ်မရတော့ဘူးပေါ့။ မသကာ Recovery
လုပ်တာက အလွန်ဆုံးပဲ။

သတ်နည်းလေး ပြောပါဦးမယ်။ လိုအပ်တာတွေက
(၁) Hiren Boot CD
(၂) CCleaner
(၃) Tuneup Utilites
(၄) RRT, HijackThis
(၅) XYPlorer

မကွေးဝင်တာနဲ့ တပြိုင်နက် ကွန်ပျူတာကို မသုံးပါနဲ့တော့။ ချက်ချင်းပိတ်လိုက်ပါ။ ပြီးရင်
Hiren နဲ့ Boot တက်ပါ။ အဲဒီထဲက Mini Windows XP နဲ့ boot တက်ပါ။ Mini
Windows XP တက်လာရင် C: ထဲက mgy.exe, autorun.inf တွေကို ဖျက်ပစ်လိုက်ပါ။
ပြီးတော့ ရှိပြီးသား Folder တွေနဲ့ နာမည်တူ .exe ဖိုင်တွေ၊ .lnk.exe
ဖိုင်တွေ အကုန်ဖျက်ပါ။ C:Windows ထဲက mgy.exe ကိုလည်း ဖျက်ပါ။ System32 ထဲက
27 နဲ့ စတဲ့ Folder နဲ့ mgy.exe ကိုလည်း ဖျက်ပစ်ပါ။ C: ထဲက System Volume
Information နဲ့ Recycler, Recycled တွေကိုလည်း ဖျက်ပါ။ တခြား D: တွေ E:
တွေထဲက mgy.exe ကို ရှာဖျက်ပါ။ မကွေးက ပွားလိုက်တဲ့ .exe ဖိုင်တွေဟာ 15.6
MB တွေ ချည်းပဲ ဖြစ်ပါတယ်။

မကွေးနဲ့ သူ့အပေါင်းအပါတွေကို ရက်ရက်စက်စက် သတ်ပြီးသွားရင် HDD ထဲက Windows ပြန်တက်လိုက်ပါ။ RRT နဲ့
ပိတ်ထားတာတွေကို ပြန်ဖွင့်မယ်။ HijactThis နဲ့ Autorun တွေ ဖြုတ်မယ်။
Software တွေ တင်မရ အောင် လုပ်ထားတာကို Registry ထဲမှာ DisableMSI key
ရှာပြီး Value ကို 0 ပေးလိုက်ပါ့မယ်။

Icon တွေကို Windows Default အတိုင်း ပြန်ဖြစ်စေဖို့အတွက် Tune up သုံးရင် ရပါတယ်။ မကွေးက shell32.dll
အစား sxell32.dll အစားထိုးလိုက်တာမို့ အဲဒီလို ဖြစ်သွားတာပါ။

နောက်ပြီး မကွေးဖျောက်ထားတဲ့ ဖိုင်တွေက Super Hidden တွေဖို့ Folder Options က Show
Hidden နဲ့ဆို မြင်ရမှာမဟုတ်ပါဘူး။ XYplorer နဲ့တော့ မြင်ရမယ်။ ပြီးရင် XY
နဲ့ attribute တွေဖြုတ်လိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်။ Start Menu ထဲက
ပျောက်နေတာတွေကိုလည်း XY နဲ့ပဲ ပြန်ဖော်လို့ရပါတယ်။

Start Menu မှာ MagwayFC ဖြစ်နေတာကိုတော့ Resource hacker ကို အသုံးပြုပြီး
http://www.theeldergeek.com/change_text_on_xp_start_button.htm မှာ
ရေးထားတဲ့အတိုင်း Start ဆိုပြီး ပြန်ပြောင်းလိုက်ပါ။

ဒါဆိုရင် မကွေးလည်း သေသွားပါပြီ။ Windows လည်း ပြန်ကောင်းသွားပါပြီ။ Windows ကို
ပိုသန့်သွားအောင် Command Prompt ကိုဖွင့်ပြီး sfc /scannow ပေးလိုက်ပါ။

မကွေး virus က .exe တင်မဟုတ်ဘဲ .jpeg , .xlsx ,etc.....အမျိုးမျိုးဖြစ် နိုင်ပါတယ်။သူ့ရဲ့extension ဟာ(something.jpeg.exe , sonething.xlsx.exe) အဲဒီလို.exeနဲဆုံးတာမဟုတ်ပဲ real extension (.jpeg,.xlsx)တွေနဲဆုံးတာဗျ/ virus cleaning လုပ်ပီး ပေမဲ. virus တွယ်ကတ်နေတဲ. .jpeg , .xlsx ,etc....တခုခု ကို run မီတာနဲ virus ကပြန်ပီး active ပြန်ဖြစ် မှာပါ။
ကျွန်တော်ကြုံဘူးတာက
သူ့ရဲ..jpeg , .xlsx ,etc..အားလုံးရဲ့file size က 16033 KB
တွေချည်းပါဘဲ/အဲဒီfile size 16033 KB အားလုံးကို delete လုပ်မှသာ mgy
တကယ်သေပါတယ်။

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Zay Yar Htun on 14/11/10