Labels

Thursday, October 28, 2010

ံHDD ကို partition ပိုင်းကြည့်ရအောင်




EASEUS Partition Master Home Edition

ဝင်းဒိုးတင်ပြီးမှ partition ပြန်ပိုင်းချင်တဲ့သူတွေအတွက်ပါ..။

အကိုတစ်ယောက်က မေးထားတာနဲ့ကျွန်တော်လည်း ရှာကြည့်လိုက်တော့ ဒီ software ကိုသွားတွေ့တာ

Free ပေးတာပါပဲ သုံးရတာလည်း အရမ်းလွယ်တယ် အောက်မှာ ပုံတွေနဲ့ရှင်းပြပေးမယ်..။

ဒီပုံထဲကလို ကိုခွဲယူမည့် drive ကိုကလစ်လိုက်...

ဒီပုံထဲကလို ကလစ်ပြီးရင်တော့ ResizeMove ဆိုတဲ့မှင်ဝိုင်းထားတဲ့နေရာကိုကလစ်...

ဒီ partition size က စုစုပေါင်း 205243.0 MB ပေါ့ဗျာ ကျွန်တော်က 1 GB ရှိတဲ့ partition အသစ်တစ်ခု

ထပ်ပြီးခွဲမှာဆိုတော့ အဲဒီမျှားပြထားတဲ့နေရာက partition size ဆိုတဲ့အကွပ်ထဲမှာ 204243.0 လို့ရိုက်ထည့်

လိုက်မယ်ပြီးရင်တော့ OK ကလစ်ပေါ့ဗျာ..။

ဒီပုံထဲကလို 999.52 MB Unallocated ဆိုပြီးပေါ်လာပါလိမ့်မယ်...။

ဒီပုံထဲကလိုကလစ်လိုက် ပြီးရင်တော့ အပေါ်နားက မှင်ဝိုင်းပြထားတဲ့ create ကိုကလစ်ပေါ့ဗျာ..။

နံပါတ် (၁) မှာလို ပေးချင်တဲ့နာမည်လေးပေးလိုက်ပေါ့ ကျွန်တော်ကတော့ mydata လို့ပေးလိုက်တယ်...။

နံပါတ် (၂)မှာကတော့ logical,primary စသည်ဖြင့်ပေါ့...။

နံပါတ်(၃) မှာကတော့ file systems ပေါ့ NTFS ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ ပြီးရင်တော့ OK ...။

ဒီမှာတော့ စောစောက ကျွန်တော်ပေးထားတဲ့ mydata ဆိုတဲ့နာမည်နဲ့ ရောက်လာရင် အထက်နားက

Apply ကိုကလစ်လိုက်ဗျာ..။Apply ကိုကလစ်ပြီးရင်တော့ ကျလာတဲ့ dialogue Box ထဲက YES ကို နှစ်ကြိမ်လုံး

ကလစ်ပေးလိုက်ဗျာ စောင့်ပေးလိုက် ပြီးရင်တော့ Mycomputer မှာ ကြည့်လိုက် partition အသစ်ကိုတွေ့ရပါလိမ့်မယ်ဗျားးးး....။

EASEUS Partition Master ကိုတော့ ဒီမှာသာ ယူလိုက်ကြဗျာ Free ပဲ...။


via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by crooner on 15/10/10  မှ ကူးယူဖော်ပြပါသည်။

Monday, October 25, 2010

Gmail Back Up

Gmail Back Up (or) Gmail Hacking(Gmail သုံးသူများအထူးသတိရှိရန်)

G mail သုံးသူတိုင်းသတိပြုနိုင်အောင်လိ
ု့ http://sofialay.blogspot.com/2010/01/gmail-back-up.html မှကူးယူဖော်ပြမျှဝေပါသည်။

ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ
လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ
မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း
အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး
ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင်
ဖော်ပြလိုက်ရပါတယ်။

ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့
ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account
ရဲ့ Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊
စစ်သင့်တာ စစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊
ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက အကြောင်းတွေ သူသိသွားပြီး Sign out
လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊ ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး
Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ မစဉ်းစားလိုက်ပါနဲ့။
ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး
အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝ မသုံး
တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။

ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ
အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း
အဆင်ပြေပါတယ်။

Email ကို Back up လုပ်တဲ့ စနစ်လေးပါ။

အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ
နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download
ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။

ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို
ပေးထားတတ်တဲ့ သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။
မိနစ်ပိုင်းအတွင်းမှာ ကိုယ့် ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email
address password ကိုသိနေတဲ့ တစ်ခြားလူတစ်ယောက်က download
ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။
ဥပမာပြောရရင် sample@gmail.com
က ကိုယ့်ရဲ့ mail ထားပါတော့ အခြား မသမာသူ
တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင် အောက်ဖော်ပြပါ
နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification code ပါတဲ့ mail
တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူ တစ်စုံတစ်ယောက်ကပဲ
ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင် မသိလိုက်ရပဲ
အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူး နောက်ထက်
အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို download ချနေမှာပါ။


ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု
တိုးစေဖို့၊ (၂) ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့ (၃)
ကိုယ့်ရဲ့ Email တွေကို back up လုပ်လိုသူများ လုပ်နိုင်ဖို့ အတွက်ပါ။

သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့
မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail
အသစ်တစ်ခု လုပ်ပါ။

ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com
ဆိုတဲ့ Mail
ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။

2. Setting ကို သွားပါ။

3. Account and Import tab ထဲကို ဝင်လိုက်ပါ။


4. Add POP3 email account button ကို click ပါ။


5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ
ခြင်းခံရမည့် account)။

6. Next Step ကို click ပါ။
7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင်
အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။

8. Add Account ကို click ပါ။

9. Next Step ကို ဆက်သွားပါ။
10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။
11. Send Verification botton ကို click ပါ။
12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု
ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။
inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ
နေပါလိမ့်မယ်။
13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။
နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။ အားလုံးပဲ
မှန်ကန်စွာအသုံးချနိုင်ကြပါစေ။

via Everyone's Blog Posts - chocolate by ဝဏ္ဏ on 23/10/10