Labels

Sunday, March 3, 2013

Rar ဖိုင်များ၏ Passwrod ကို ခြေဖျက်ခြင်း

Rar ဖိုင်များ၏ Passwrod ကို ခြေဖျက်ခြင်း 

အခု ကျွှန်တော် ဘလော့တွေ လိုက်ပြီး ဖတ်နေရင်းက နေ တကယ်လဲ လက်တွေအသုံးဝင်တဲ့ ဆော့(စ်)၀ဲ လေး တခု ကို မင်းစိုးရာဇာ ကနေ တွေ့ လို့ Post ပြန်တင်ပေးထားပါတယ် ။ 

အဲ့ဒါက တော့ http://archive.online-convert.com/convert-to-zip  ကိုသွားပြီး Upload your file you want to compress to ZIP: ဆိုတဲ စာသားအောက်က Browse ကို နှိပ်ပြီး ကိုယ်Password ပေးထားပြီး ဖွင့်မရတဲ့ Rar ဖိုင်ကို Upload လုပ်ပေးလိုက်ပါ။ အချိန် ခဏ လောက် စောင့်ပြီး နောက် တွင် Zip ဖိုင် ပြောင်းသွားပြီး Password မလိုဘဲ ပွင့်သွားပါလိမ့်မယ်။ 

အသေးစိတ် သိရှိလိုပါက  http://www.minsoeyarsar.com/2012/12/rar-file-password.html ကိုသွားရောက် ကြည့်ရူနိုင်ပါသည်။
 

Saturday, January 5, 2013

The Voice Myanmar

http://ghostarea.net/2013/01/05/the-voice-weekly-website-is-under-attack/ မှ ကူးယူဖော်ပြ ပါသည်။
ယခု သတင်းရေးသားနေချိုန် ၆ : ၂၂ မိနစ် The Voice Myanmar အခြေအနေဖြစ်ပါသည် ။



ကချင်စစ်သတင်းအမှားများ ထုတ်လွှင့်မှု. Media ကျင့်ဝတ် ဖောက်ဖျက်မှုတို့ဖြင့် The Voice Weekly Journal ၏ Website အား မြန်မာ Hacker တို့က ၅ ဇန်န၀ါရီ ၂၀၁၃ တွင် DDos ဖြင့်တိုက်ခိုက်ခဲ့ကြသည် ။
ယင်း တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး Operation KIA မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် mgty3y3 င့် ဆက်သွယ် မေးမြန်းခဲ့သည် ။
Ghost Area : ဟုတ်ကဲ့ ဒီနေ့ The Voice Weekly ကို မြန်မာဟက်ကာတွေ DDos တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ် အကြောင်းအရင်းကိုသိလို့ရမလားခင်ဗျာ?
mgty3y3 : သူတို့က သတင်းမှားတွေနဲ့ KIA ကိုဘက်လိုက်တဲ့သတင်းတွေရေးနေလို့ပါ
Ghost Area : ဟုတ်ကဲ့ ဘယ်အချိန်က စတိုက်ပြီး ဘယ်အချိန်မှာကျသွားလဲဆိုတာလည်းသိပါရစေ
mgty3y3 : ညနေ ၂နာရီလောက်က တိုက်ပြီး ၅နာရီလောက်မှာကျသွားတာပါ
Ghost Area : ဟုတ်ကဲ့ အကိုတို့ရဲ့ Operation KIA ရည်ရွယ်ချက်ကိုလည်းသိလို့ရမလားခင်ဗျာ
mgty3y3 : မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ပြီး KIA ဘက်ကို တစ်ဖက်သတ် စောင်းနင်း လိုက်ရေးသားနေတဲ့ မီဒီယာတွေ ကို တိုက်ခိုက်ဖို့ပါ ။
Ghost Area : ဟုတ်ကဲ့ပါ Operation KIA ရဲ့လက်ရှိ အင်အားကိုလည်းသိလို့ရမလားခင်ဗျာ
mgty3y3 : လက်ရှိတော့ မန်ဘာ ၂၁ ယောက်ရှိပါတယ်
Ghost Area : အကိုတို့ရဲ့ Operation KIA ကို ၀င်ရောက်အားဖြည့်ချင်တယ်ဆိုရင်ရော အကိုတို့အနေနဲ့လက်ခံမလား လက်ခံမယ်ဆိုရင် ဆက်သွယ်ရန်လေးသိပါရစေခင်ဗျာ
mgty3y3 : လက်ခံပါတယ် https://www.facebook.com/groups/operationkia/
Ghost Area : ဟုတ်ကဲ့ အကိုတို့ရဲ့ Next Target ကလေးကိုသိလို့ရမလားခင်ဗျာ
mgty3y3 : ကျွန်တော် တို့နောက်မှ ထုတ်ပြန်ပါ့မယ်
Ghost Area : ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် ကျွန်တော်တို့ Ghost Area Editor Team မှ အထူးကျေးဇူးတင်ရှိပါသည် ။

Saturday, December 22, 2012

Facebook ပေါ်က Video တွေ ကို Download ဆွဲမယ်

စာဖတ်သူများ အားလုံး မင်္ဂလာပါ ။

            ဒီနေ့ ကျွှန်တော် ပြောပြမယ့် အကြောင်းအရာလေး က တော့ Facebook ပေါ်ကနေ ဗီဒီယိုတွေကိုဒေါင်းချင်သူများ အတွက် အဓိက တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အဲ့ဒီ Facebook ပေါ်မှ
Download ဆွဲ တဲ့ လင့်လေးကို Share ပေး ချင်တဲ့ သဘော တစ်ခု ပါဘဲ ။ http://www.downvids.net လင့်ကို ၀င်ပြီး မိမိ Download ဆွဲ ချင်သည့် လင့်ကို ထည့်ပေးပြီး ဒေါင်းလိုက်ပါ။ အဆင်ပြေ ပါလိမ့်မယ်။

အဆင်မပြေသည်များရှိပါက itnyinge.ygn@gmail.com သို့ မေး(လ်)များ ပေးပို့ ပြီး မေးမြန်းနိုင်ပါသည်။ 

Thursday, October 11, 2012

Free Download From Rapidshare, FileFactory , Youtube Video , Google , Metacafe

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါ။
                
                     ကျွှန်တော်ဒီနေ့ အသိပေးချင်တဲ့ အကြောင်းအရာ တခု က တော့ ကျွှန်တော်တို့ ရဲ့    မြန်မာနိုင်ငံတွင်းက နေ Youtube Website မှ ဗီဒီယို များကို အခမဲ့ ဒေါင်းလုတ် ချတဲ့ နည်းပေါ့ဗျာ ။ တခုပြောချင်တာကတော့ အခု Free Download Service ပေးထားတဲ့ SaveFrom.net  က Youtube  တခုတည်းပေးထားတာမဟုတ်ဘူးဗျ။ အခုဖော်ပြထားပေးတဲ့ ဆိုက်ကနေလဲ အခမဲ့ ဒေါင်းလို့ ရပါတယ် ခင်ဗျာ။ Rapidshare, FileFactory , Youtube Video , Google , Metacafe .

ပထမ အနေနဲ့  ကိုယ်ဒေါင်းချင်တဲ့ ဆိုက်ကို  ဥပမာ www.youtube.com/watch?v=Mifcpb5zjcQ ဆိုပါစို့ ။
အဲ့ဆိုက်မှာ ရှိတဲ့ဗီဒီယိုကို ကိုယ်က ဒေါင်းချင်တယ်။ ဒီ့အခါကျရင် အခုပြထားတဲ့အတိုင်း www.ကို ဖြုတ်ပြီး ss ကို ထည့်လိုက်တော့ ssyoutube.com/watch?v=Mifcpb5zjcQ ကို ပြောင်းရိုက်လိုက်ပါ။ ထိုအခါ Download Page ကျလာပါလိမ့်မယ်။ မိမိကြိုက်နှစ်သက်ရာ Format အမျိုးမျိုးကို Youtube Downloader မပါဘဲ မိမိစိတ်ကြိုက်ဒေါင်းယူလို့ရပြီဖြစ်ပါတယ်။

                     ကျွှန်တော် အသိပေးတဲ့ နည်းကို သိပြီးသားသူများရှိကြပါလိမ့်မယ်ဗျာ ။ ကျွှန်တော်ကတော့ မသိသေးတဲ့သူတွေ အတွက် ပြန်လည်မျှဝေထားခြင်းဘဲ ဖြစ်ပါတယ်။

                                                                                          
                                                                          စာဖတ်သူများကို အစဉ်လေးစားလျှက်
                                                                                                                    IT ညီငယ်