Labels

Saturday, January 5, 2013

The Voice Myanmar

http://ghostarea.net/2013/01/05/the-voice-weekly-website-is-under-attack/ မှ ကူးယူဖော်ပြ ပါသည်။
ယခု သတင်းရေးသားနေချိုန် ၆ : ၂၂ မိနစ် The Voice Myanmar အခြေအနေဖြစ်ပါသည် ။



ကချင်စစ်သတင်းအမှားများ ထုတ်လွှင့်မှု. Media ကျင့်ဝတ် ဖောက်ဖျက်မှုတို့ဖြင့် The Voice Weekly Journal ၏ Website အား မြန်မာ Hacker တို့က ၅ ဇန်န၀ါရီ ၂၀၁၃ တွင် DDos ဖြင့်တိုက်ခိုက်ခဲ့ကြသည် ။
ယင်း တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး Operation KIA မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် mgty3y3 င့် ဆက်သွယ် မေးမြန်းခဲ့သည် ။
Ghost Area : ဟုတ်ကဲ့ ဒီနေ့ The Voice Weekly ကို မြန်မာဟက်ကာတွေ DDos တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ် အကြောင်းအရင်းကိုသိလို့ရမလားခင်ဗျာ?
mgty3y3 : သူတို့က သတင်းမှားတွေနဲ့ KIA ကိုဘက်လိုက်တဲ့သတင်းတွေရေးနေလို့ပါ
Ghost Area : ဟုတ်ကဲ့ ဘယ်အချိန်က စတိုက်ပြီး ဘယ်အချိန်မှာကျသွားလဲဆိုတာလည်းသိပါရစေ
mgty3y3 : ညနေ ၂နာရီလောက်က တိုက်ပြီး ၅နာရီလောက်မှာကျသွားတာပါ
Ghost Area : ဟုတ်ကဲ့ အကိုတို့ရဲ့ Operation KIA ရည်ရွယ်ချက်ကိုလည်းသိလို့ရမလားခင်ဗျာ
mgty3y3 : မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ပြီး KIA ဘက်ကို တစ်ဖက်သတ် စောင်းနင်း လိုက်ရေးသားနေတဲ့ မီဒီယာတွေ ကို တိုက်ခိုက်ဖို့ပါ ။
Ghost Area : ဟုတ်ကဲ့ပါ Operation KIA ရဲ့လက်ရှိ အင်အားကိုလည်းသိလို့ရမလားခင်ဗျာ
mgty3y3 : လက်ရှိတော့ မန်ဘာ ၂၁ ယောက်ရှိပါတယ်
Ghost Area : အကိုတို့ရဲ့ Operation KIA ကို ၀င်ရောက်အားဖြည့်ချင်တယ်ဆိုရင်ရော အကိုတို့အနေနဲ့လက်ခံမလား လက်ခံမယ်ဆိုရင် ဆက်သွယ်ရန်လေးသိပါရစေခင်ဗျာ
mgty3y3 : လက်ခံပါတယ် https://www.facebook.com/groups/operationkia/
Ghost Area : ဟုတ်ကဲ့ အကိုတို့ရဲ့ Next Target ကလေးကိုသိလို့ရမလားခင်ဗျာ
mgty3y3 : ကျွန်တော် တို့နောက်မှ ထုတ်ပြန်ပါ့မယ်
Ghost Area : ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် ကျွန်တော်တို့ Ghost Area Editor Team မှ အထူးကျေးဇူးတင်ရှိပါသည် ။

Saturday, December 22, 2012

Facebook ပေါ်က Video တွေ ကို Download ဆွဲမယ်

စာဖတ်သူများ အားလုံး မင်္ဂလာပါ ။

            ဒီနေ့ ကျွှန်တော် ပြောပြမယ့် အကြောင်းအရာလေး က တော့ Facebook ပေါ်ကနေ ဗီဒီယိုတွေကိုဒေါင်းချင်သူများ အတွက် အဓိက တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အဲ့ဒီ Facebook ပေါ်မှ
Download ဆွဲ တဲ့ လင့်လေးကို Share ပေး ချင်တဲ့ သဘော တစ်ခု ပါဘဲ ။ http://www.downvids.net လင့်ကို ၀င်ပြီး မိမိ Download ဆွဲ ချင်သည့် လင့်ကို ထည့်ပေးပြီး ဒေါင်းလိုက်ပါ။ အဆင်ပြေ ပါလိမ့်မယ်။

အဆင်မပြေသည်များရှိပါက itnyinge.ygn@gmail.com သို့ မေး(လ်)များ ပေးပို့ ပြီး မေးမြန်းနိုင်ပါသည်။ 

Thursday, October 11, 2012

Free Download From Rapidshare, FileFactory , Youtube Video , Google , Metacafe

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါ။
                
                     ကျွှန်တော်ဒီနေ့ အသိပေးချင်တဲ့ အကြောင်းအရာ တခု က တော့ ကျွှန်တော်တို့ ရဲ့    မြန်မာနိုင်ငံတွင်းက နေ Youtube Website မှ ဗီဒီယို များကို အခမဲ့ ဒေါင်းလုတ် ချတဲ့ နည်းပေါ့ဗျာ ။ တခုပြောချင်တာကတော့ အခု Free Download Service ပေးထားတဲ့ SaveFrom.net  က Youtube  တခုတည်းပေးထားတာမဟုတ်ဘူးဗျ။ အခုဖော်ပြထားပေးတဲ့ ဆိုက်ကနေလဲ အခမဲ့ ဒေါင်းလို့ ရပါတယ် ခင်ဗျာ။ Rapidshare, FileFactory , Youtube Video , Google , Metacafe .

ပထမ အနေနဲ့  ကိုယ်ဒေါင်းချင်တဲ့ ဆိုက်ကို  ဥပမာ www.youtube.com/watch?v=Mifcpb5zjcQ ဆိုပါစို့ ။
အဲ့ဆိုက်မှာ ရှိတဲ့ဗီဒီယိုကို ကိုယ်က ဒေါင်းချင်တယ်။ ဒီ့အခါကျရင် အခုပြထားတဲ့အတိုင်း www.ကို ဖြုတ်ပြီး ss ကို ထည့်လိုက်တော့ ssyoutube.com/watch?v=Mifcpb5zjcQ ကို ပြောင်းရိုက်လိုက်ပါ။ ထိုအခါ Download Page ကျလာပါလိမ့်မယ်။ မိမိကြိုက်နှစ်သက်ရာ Format အမျိုးမျိုးကို Youtube Downloader မပါဘဲ မိမိစိတ်ကြိုက်ဒေါင်းယူလို့ရပြီဖြစ်ပါတယ်။

                     ကျွှန်တော် အသိပေးတဲ့ နည်းကို သိပြီးသားသူများရှိကြပါလိမ့်မယ်ဗျာ ။ ကျွှန်တော်ကတော့ မသိသေးတဲ့သူတွေ အတွက် ပြန်လည်မျှဝေထားခြင်းဘဲ ဖြစ်ပါတယ်။

                                                                                          
                                                                          စာဖတ်သူများကို အစဉ်လေးစားလျှက်
                                                                                                                    IT ညီငယ်

                      

Sunday, August 5, 2012

မြန်မာနိုင်ငံတွင် အွန်လိုင်းငွေပေးချေနိုင်သော Website

စမ်းသပ်ကာလ လွှင့်တင်ထားသော Online ငွေပေးချေမှုစနစ် MyanPay အား သြဂုတ်လ (၂၀) ရက်နေ့တွင် စတင်မည် ဖြစ်သောကြောင့် လိုအပ်သော အဆင့်မြင့်တင်မှုများအား ပြုလုပ်ရန် ရှိပါသဖြင့် ယခုလက်ရှိ Beta version ဝန်ဆောင်မှုများအား ခေတ္တဆိုင်းငံထားပါသည်။
၁။ ပထမအဆင့်အနေဖြင့် ယခုလက်ရှိ စမ်းသပ်သုံးစွဲနေကြသော MyanPay အသုံးပြုသူများ နှင့် Developer များအတွက် Virtual Money များဖြင့် ဆက်လက် လေ့လာစမ်းသပ်သုံးစွဲနိုင်စေရန် သြဂုတ်လ (၁) ရက်နေ့မှ စတင်၍ https://www.myanpay-virtualbox.com အား လွှင့်တင်ထားပါသည်။
၂။ ဒုတိယအဆင့်အနေဖြင့် MyanPay VirtualBox လွှင့်တင်အပြီး သြဂုတ်လ (၁) ရက်နေ့မှ စတင်၍ https://www.myanpay.com.mm ကို ခေတ္တရပ်ဆိုင်းထားပါမည်။ ထိုရက်ပိုင်းအတွင် MyanPay Server အား လိုအပ်သော အဆင့်မြင့်တင်မှုများ ပြုလုပ်ရန် ရှိပါသဖြင့် စမ်းသပ်အသုံးပြုလိုသူများအနေဖြင့့် https://www.myanpay-virtualbox.com တွင် သွားရောက်အသုံးပြုနိုင်ပါသည်။
၃။ တတိယအဆင့်အနေဖြင့် သြဂုတ်လ (၂၀) ရက်နေ့မှ စတင်၍ MyanPay Online Payment System အား စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ သြဂုတ်လ (၂၀) ရက်နေ့ နောက်ပိုင်းမှစ၍ MyanPay အား အသုံးပြုသူများသည် MyanPay မှ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း Online မှ တဆင့် ငွေဖြည့်သွင်းခြင်း (Add Funds)၊ ငွေပေးပို့ခြင်း (Send Money)၊ ငွေလက်ခံခြင်း (Receive Money)၊ ငွေတောင်းခံခြင်း (Request Money)၊ ငွေထုတ်ယူခြင်း (Cash Withdraw) စသည့် ငွေပေးချေမှု လုပ်ငန်းစဉ်များအား ပြုလုပ်ရမည် ဖြစ်ပါသည်။ Online Shopping Website များ၊ Online Business များ စသည့် Online Payment ပြုလုပ်လိုသော Website များအနေဖြင့် MyanPay စနစ်၏ 'Buy Now' button, 'Pay Now' button, 'Donate' button, 'Add to Carts' button, 'Express Checkout' button များအား လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။
MyanPay ဝန်ဆောင်မှုအနေဖြင့် လူကြီးမင်းတို့အတွက် လိုအပ်သော နည်းပညာနှင့် အခြား အကူအညီများအား ဆောင်ရွက်ပေးရန် အသင့် ရှိနေပါသည်။
You may still contact our support team at support@myanpay.com.mm, Phone : 01-510554


https://www.myanpay.com.mm/ မှတဆင့်ပြန်လည်ကူးယူဖော်ပြသည်။